Shwe News

ျမန္မာနုိင္ငံဟာ… အေရွ ့ေတာင္ အာရွမွာ …မီတာခ… ေစ်းအသက္သာဆုံးျဖစ္ေန

ဂ်ာေအး သူ႕အေမ ရုိက္ေနေသာ လ်ပ္စစ္ ဓါတ္အား ထုတ္လုပ္ ျဖန္႕ျဖဴးမႈ
=============================

အင္ အယ္ ဒီ အ စုိး ရ မွ တုိင္းျပည္၏ တုိးတက္ ျမင့္မား လာေနေသာ လ်ပ္စစ္စြမ္းအင္ လုိအပ္မႈ ကုိ ေထမိေစရန္ ေနာက္ လာမည့္ ႏွစ္ႏွစ္ အတြင္း မီဂါ၀ပ္ တေထာင္ ကုိ တရုတ္ႏူိင္ငံ မွ ၀ယ္ယူ ျဖည့္တင္းသြားမည္ဟု မေန႕က ျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပဲြတြင္ လ်ပ္စစ္ ႏွင့္ စြမ္းအင္ ၀န္ၾကီးဌာန အျမဲတမ္း အတြင္း၀န္ ဦးတင္ေမာင္ဦးက ေျပာသြားခဲ့ပါတယ္။ အဆုိပါ အစီအစဥ္ကုိ ၂၀၁၇ ႏွစ္လယ္ပိုင္းေလာက္က စတင္ ေဆြးေႏြးခဲ့ျပီး သုေတသန ျပဳလုပ္ခဲ့ၾကတာလည္း ျဖစ္ပါတယ္။

သုိ ႕ေသာ္ မည္ေရြ႕မည္မွ် ကုန္က်မယ္ဆုိတာေတာ့ ထည့္သြင္း ေျပာၾကားသြားခဲ့ျခင္း မရွိေသးပါဖူး။

တ ရုတ္ ျပည္ေ တာင္ပုိင္း Guangzhou ျပည္နယ္ရွိ အစုိးရပုိင္ China Southern Power Grid (CSPG) မွ ၀ယ္ယူတင္သြင္း သြားမွာ ျဖစ္ျပီး ယူနန္ ရွိ Dhong Dai မွ ဗုိ႕အားျမင့္ လ်ပ္စစ္ဓါတ္ၾကဳိး လုိင္းမ်ား သြယ္တန္းျပီး မိတၳီလာမွတဆင့္ မူဆယ္၊ မုိင္ရယ္၊ ဟုိပုန္း၊ လြိဳင္ေကာ္ နဲ႕ ပဲခူးတုိင္း ရွိ ဘုရားၾကီး ေဒသမ်ားသုိ႕ ျဖန္႕ျဖဴးသြားမယ္လုိ႕ သိရပါတယ္။ CSPG သည္ ဗီယက္နမ္၊ လာအုိ၊ ေဟာင္ေကာင္၊ မကာအုိ တုိ႕သုိ႕လည္း လ်ပ္စစ္ဓါတ္အား ျဖန္႕ျဖဴးေပးလ်က္ ရွိေနပါတယ္။

ျပီး ခဲ့ သည့္ ေႏြ ရာ သီ အတြင္း ျပင္းထန္တဲ့ အပူလႈိင္း ေၾကာင့္ ဆည္ေရမ်ား ခမ္းေျခာက္ခဲ့သျဖင့္ ႏူိင္ငံတ၀ွမ္း လ်ပ္စစ္ဓါတ္အား ေတြ ျပတ္ေတာက္သြားခဲ့ရပါတယ္။ လ်ပ္စစ္ ႏွင့္ စြမ္းအင္ ၀န္ၾကီးဌာန ၏ ခန္႕မွန္းခ်က္အရ ဧျပီလ အတြင္း မီဂါ၀တ္ ၄၀၀ ခန္႕ လုိအပ္ခဲ့တယ္လုိ႕ သိရပါတယ္။ ထုိ႕အျပင္ တုိင္းျပည္ လူဦးေရ၏ ၄၄% သာ လ်ပ္စစ္ဓါတ္အား သြယ္တန္းေပးႏူိင္ဆဲ ျဖစ္တယ္လုိ႕လည္း လ်ပ္စစ္ ဒု၀န္ၾကီး ဦးထြန္းႏူိင္ရဲ႕ လႊတ္ေတာ္ အေမးအေျဖက တဆင့္ သိခဲ့ရပါတယ္။

လက္ ရွိ အေ ကာင္ အ ထည္ ေဖၚေနတဲ့ ႏူိင္ငံတ၀ွမ္း လ်ပ္စစ္ဓါတ္အား ရရွိေရး စီမံခ်က္ National Electrification Plan (NEP) ၏ တစိတ္တပုိင္း အျဖစ္ ဧျပီလ ၃၀ ရက္ေန႕က ကုမၸဏီ ၆ ခု နဲ႕ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ျပီး ရန္ကုန္၊ စစ္ကုိင္း၊ မႏၱေလး၊ ရခုိင္၊ ရွမ္းျပည္ ေျမာက္ပုိင္း၊ ကရင္ ႏွင့္ မြန္ျပည္နယ္မ်ားရွိ ေက်းရြာေပါင္း ၅၉၀ အတြက္ ဓါတ္အားေပးလုိင္းမ်ား နဲ႕ မီးအား ျမွင့္စက္မ်ား တပ္ဆင္ေပးသြားဖုိ႕ ရွိေနပါတယ္။

ျမန္ မာႏို င္ငံ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္ရဲ႕ ငါးဆယ္ရာခိုင္ႏႈန္းကို ယခုႏွစ္မကုန္ခင္မွာ ျဖည့္ဆည္းေပးႏိုင္ဖို႕ ေမွ်ာ္မွန္းထားတဲ့အေၾကာင္း ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က မေကြးတိုင္း ၿမိဳ႕ေတာ္ခန္းမမွာ ျပဳလုပ္တဲ့ လူထုေတြ႕ဆံုပြဲအတြင္း အဖြင့္မိန္႕ခြန္းမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ျမန္ မာႏူိင္ ငံ လ်ပ္စစ္ပမာဏ ရဲ႕ ၇၄.၇% သည္ ေရအားလ်ပ္စစ္မွ ရရွိျပီး ၂၀.၅% အား သဘာ၀ဓါတ္ေငြ႕မွ ထုတ္လုပ္ျပီး က်န္ ရာခုိင္ႏႈန္းကုိေတာ့ ေက်ာက္မီးေသြး နဲ႕ ေရနံတုိ႕မွ ထုတ္လုပ္ေနတာ ျဖစ္ပါတယ္။

လက္ရွိတြင္ ျမန္မာ မွ လ်ပ္စစ္ဓါတ္ပမာဏ အားျဖင့္ ၃,၀၀၀ မီဂါ၀တ္သာ ထုတ္လုပ္ႏူိင္ပါေသးတယ္။ ျပည္တြင္း ထုတ္လုပ္မႈရဲ႕ ၁၈% သည္လည္း ျဖန္႕ျဖဴးေရး ပုိင္းတြင္ ေခတ္မွီ ျခင္း မရွိ အုိမင္း ေဟာင္းႏြမ္းေနေသာ ဓါတ္ၾကဳိးလုိင္းမ်ားေၾကာင့္ ဆုံးရႈံးသြားခဲ့ရပါတယ္။

သူ ငယ္ခ်င္းတေယာက္ တေန႕က တြက္ခ်က္ တင္ျပခ်က္အရ လ်ပ္စစ္မီး မွန္းေျခ တယူနစ္ တြင္
အင္ဒို..၁၄၄ က်ပ္
ထိုင္း..၁၆၅ က်ပ္
ဗီယက္နမ္..၁၆၆ က်ပ္
ဖိလစ္ပိုင္..၁၈၀ က်ပ္
စကၤာပူ..၂၁၀ က်ပ္
ကေမၻာဒီယား – ၂၃၀ က်ပ္
လာအု္ိ – ၇၃ က်ပ္ (၁၅၀ ယူနစ္အထက္ – ၁၈၃ က်ပ္)
ျမန္မာ အိမ္သံုး..၃၅က်ပ္ ၄၀က်ပ္ ၂၀၀ယူနစ္အထက္ ၅၀က်ပ္..စက္ရံုသံုး..၁၅၀က်ပ္..လုိ႕ ဆုိပါတယ္။

ဒါကုိ ၾကည့္ရင္ ျမန္မာ အေနနဲ႕ လြန္စြာ ေစ်းခ်ဳိခ်ဳိ နဲ႕ သုံးေနရပါတယ္။ အက်ဳိးဆက္ကေတာ့ အစုိးရ အဖုိ႕ ႏွစ္စဥ္ ျမန္မာ က်ပ္ေငြ ၂၈၄ ဘီလီယံ ခန္႕ (ေဒၚလာ ၂၈၉ သန္း) အရႈံးခံ စုိက္ထုတ္ သုံးစဲြေနရျခင္းပဲ ျဖစ္ပါတယ္။ ျပဳျပင္ထိမ္းသိမ္းစရိတ္ေတြ အတြက္ ဟုိတေလာကပဲ ေရအားလ်ပ္စစ္စက္ရုံ ငါး ရုံ အတြက္ ျပင္သစ္ ဆီက ေငြေခ်း ခဲ့ရပါတယ္။ ၀န္ၾကီးဌာန၏ ႏွစ္စဥ္ ၀င္ေငြသည့္ ေဒၚလာ ၁.၈၈ ဘီလီယံပဲ ရွိတယ္လုိ႕ ဆုိပါတယ္။

အစုိးရ အေနနဲ႕ကလည္း လူထု ရဲ႕ ၀င္ေငြ အေနအထားေၾကာင့္ တုိးေကာက္လုိ႕ မရပဲ လ်ပ္စစ္ဓါတ္အား ျဖန္႕ျဖဴးေရး ကုိ လက္ရွိ အေနအထား နဲ႕ တင္းခံေနရပါတယ္၊ ဒီေငြေတြနဲ႕သာ လ်ပ္စစ္ဓါတ္အားေပးစက္ရုံမ်ား တည္ေဆာက္၊ လည္ပါတ္၊ မြမ္းမံ ျခင္းအျပင္း ဓါတ္အားေပးလုိင္းမ်ား တုိးခ်ဲ႕ သြယ္တန္းသြားေရး ေတြ လုပ္ႏူိင္မွာ ျဖစ္ပါတယ္။ စိတ္ခ် ယုံၾကည္ရတဲ့ လ်ပ္စစ္ဓါတ္အား ရရွိေနမွသာ ျပည္ပ ရင္းႏွီျမဳပ္ႏွံမႈေတြ ဒလေဟာ ၀င္လာမွာလည္း ျဖစ္ပါတယ္။ လက္ရွိကေတာ့ ရတဲ့ ၀င္ေငြ နဲ႕ပဲ မနည္းလည္ ပါတ္ေအာင္ လုပ္ေနရပါတယ္။ ရန္ကုန္တုိ္င္း ၀န္ၾကီးခ်ဳပ္ကေတာ့ တယူနစ္ကုိ က်ပ္ ၁၁၀ ေပးႏူိင္မယ္ဆုိရင္ မီးမျပတ္ေအာင္ လုပ္ေပးႏူိင္တဲ့ ၀န္ေဆာင္မႈ ကုမၸဏီ ေတြ ရွိေနျပီလုိ႕ ေျပာသံလည္း ၾကားလုိက္ရပါတယ္။

ကမၻာဘဏ္ရဲ႕ ခန္႕မွန္းခ်က္အရ ျမန္မာျပည္တြင္ အေကာင္အထည္ ေဖၚေနတဲ့ NEP အတြက္ ေနာက္ ၁၅ ႏွစ္အတြင္း လ်ပ္စစ္ဓါတ္အား လုံေလာက္ေရး အေမရိကန္ေဒၚလာ ၁၀ ဘီလီယံ ကုန္က်သြားရဖုိ႕ ရွိေနပါတယ္။ ဒီေလာက္မ်ားတဲ့ ေငြေတြ ရဖုိ႕ လ်ပ္စစ္ ၀န္ၾကီးဌာနအတြက္ အၾကီးမားဆုံး စိမ္ေခၚမႈ ျဖစ္လာေနပါတယ္။

ဒီအတြက္ လူထုဆီမွ ေကာက္ခံရရွိမႈ နဲ႔ မလုံေလာက္ပဲ ပုဂၢလိက ပုိင္း က ရင္းႏွီးျမဳပ္ႏွံမႈေတြ ရေအာင္ ဆဲြေဆာင္ရေတာ့မွာ ျဖစ္ပါတယ္။ ပုဂၢလိက ပုိင္း ရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈ ရဖုိ႕ လြယ္ကူ ေပမယ့္ လက္ရွိ ေစ်းႏႈန္း နဲ႕ အရႈံးခံ ေရာင္းရမယ္ဆုိရင္ေတာ့ ဘယ္သူမွ လုပ္ရဲမယ္ မထင္ပါဖူး။

ဒီအတြက္ ၀င္ေငြ နဲ႕ ထြက္ေငြ မမွ်တ ပဲ ဂ်ာေအး သူ႕အေမရုိက္ေနတဲ့ Catch 22 အေနအထား ကုိ လ်ပ္စစ္ က႑ က ရင္ဆုိင္ေနရပါတယ္။

Credit- Hla Soewai

  • Unicode Version

ဂျာအေး သူ့အမေ ရိုက်နေသော လျပ်စစ် ဓါတ်အား ထုတ်လုပ် ဖြန့်ဖြူးမှု
=============================

အင် အယ် ဒီ အ စိုး ရ မှ တိုင်းပြည်၏ တိုးတက် မြင့်မား လာနေသော လျပ်စစ်စွမ်းအင် လိုအပ်မှု ကို ထေမိစေရန် နောက် လာမည့် နှစ်နှစ် အတွင်း မီဂါဝပ် တထောင် ကို တရုတ်နိူင်ငံ မှ ဝယ်ယူ ဖြည့်တင်းသွားမည်ဟု မနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲတွင် လျပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မောင်ဦးက ပြောသွားခဲ့ပါတယ်။ အဆိုပါ အစီအစဉ်ကို ၂၀၁၇ နှစ်လယ်ပိုင်းလောက်က စတင် ဆွေးနွေးခဲ့ပြီး သုတေသန ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

သို့သော် မည်ရွေ့မည်မျှ ကုန်ကျမယ်ဆိုတာတော့ ထည့်သွင်း ပြောကြားသွားခဲ့ခြင်း မရှိသေးပါဖူး။

တ ရုတ် ပြည်ေ တာင်ပိုင်း Guangzhou ပြည်နယ်ရှိ အစိုးရပိုင် China Southern Power Grid (CSPG) မှ ဝယ်ယူတင်သွင်း သွားမှာ ဖြစ်ပြီး ယူနန် ရှိ Dhong Dai မှ ဗို့အားမြင့် လျပ်စစ်ဓါတ်ကြိုး လိုင်းများ သွယ်တန်းပြီး မိတ္ထီလာမှတဆင့် မူဆယ်၊ မိုင်ရယ်၊ ဟိုပုန်း၊ လွိုင်ကော် နဲ့ ပဲခူးတိုင်း ရှိ ဘုရားကြီး ဒေသများသို့ ဖြန့်ဖြူးသွားမယ်လို့ သိရပါတယ်။ CSPG သည် ဗီယက်နမ်၊ လာအို၊ ဟောင်ကောင်၊ မကာအို တို့သို့လည်း လျပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးလျက် ရှိနေပါတယ်။

ပြီး ခဲ့ သည့် နွေ ရာ သီ အတွင်း ပြင်းထန်တဲ့ အပူလှိုင်း ကြောင့် ဆည်ရေများ ခမ်းခြောက်ခဲ့သဖြင့် နိူင်ငံတဝှမ်း လျပ်စစ်ဓါတ်အား တွေ ပြတ်တောက်သွားခဲ့ရပါတယ်။ လျပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ၏ ခန့်မှန်းချက်အရ ဧပြီလ အတွင်း မီဂါဝတ် ၄၀၀ ခန့် လိုအပ်ခဲ့တယ်လို့ သိရပါတယ်။ ထို့အပြင် တိုင်းပြည် လူဦးရေ၏ ၄၄% သာ လျပ်စစ်ဓါတ်အား သွယ်တန်းပေးနိူင်ဆဲ ဖြစ်တယ်လို့လည်း လျပ်စစ် ဒုဝန်ကြီး ဦးထွန်းနိူင်ရဲ့ လွှတ်တော် အမေးအဖြေက တဆင့် သိခဲ့ရပါတယ်။

လက် ရှိ အေ ကာင် အ ထည် ဖေါ်နေတဲ့ နိူင်ငံတဝှမ်း လျပ်စစ်ဓါတ်အား ရရှိရေး စီမံချက် National Electrification Plan (NEP) ၏ တစိတ်တပိုင်း အဖြစ် ဧပြီလ ၃၀ ရက်နေ့က ကုမ္ပဏီ ၆ ခု နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေး၊ ရခိုင်၊ ရှမ်းပြည် မြောက်ပိုင်း၊ ကရင် နှင့် မွန်ပြည်နယ်များရှိ ကျေးရွာပေါင်း ၅၉၀ အတွက် ဓါတ်အားပေးလိုင်းများ နဲ့ မီးအား မြှင့်စက်များ တပ်ဆင်ပေးသွားဖို့ ရှိနေပါတယ်။

မြန် မာနို င်ငံ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရဲ့ ငါးဆယ်ရာခိုင်နှုန်းကို ယခုနှစ်မကုန်ခင်မှာ ဖြည့်ဆည်းပေးနိုင်ဖို့ မျှော်မှန်းထားတဲ့အကြောင်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မကွေးတိုင်း မြို့တော်ခန်းမမှာ ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲအတွင်း အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

မြန် မာနိူင် ငံ လျပ်စစ်ပမာဏ ရဲ့ ၇၄.၇% သည် ရေအားလျပ်စစ်မှ ရရှိပြီး ၂၀.၅% အား သဘာဝဓါတ်ငွေ့မှ ထုတ်လုပ်ပြီး ကျန် ရာခိုင်နှုန်းကိုတော့ ကျောက်မီးသွေး နဲ့ ရေနံတို့မှ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

လက်ရှိတွင် မြန်မာ မှ လျပ်စစ်ဓါတ်ပမာဏ အားဖြင့် ၃,၀၀၀ မီဂါဝတ်သာ ထုတ်လုပ်နိူင်ပါသေးတယ်။ ပြည်တွင်း ထုတ်လုပ်မှုရဲ့ ၁၈% သည်လည်း ဖြန့်ဖြူးရေး ပိုင်းတွင် ခေတ်မှီ ခြင်း မရှိ အိုမင်း ဟောင်းနွမ်းနေသော ဓါတ်ကြိုးလိုင်းများကြောင့် ဆုံးရှုံးသွားခဲ့ရပါတယ်။

သူ ငယ်ချင်းတယောက် တနေ့က တွက်ချက် တင်ပြချက်အရ လျပ်စစ်မီး မှန်းခြေ တယူနစ် တွင်
အင်ဒို..၁၄၄ ကျပ်
ထိုင်း..၁၆၅ ကျပ်
ဗီယက်နမ်..၁၆၆ ကျပ်
ဖိလစ်ပိုင်..၁၈၀ ကျပ်
စင်္ကာပူ..၂၁၀ ကျပ်
ကမ္ဘောဒီယား – ၂၃၀ ကျပ်
လာအို – ၇၃ ကျပ် (၁၅၀ ယူနစ်အထက် – ၁၈၃ ကျပ်)
မြန်မာ အိမ်သုံး..၃၅ကျပ် ၄၀ကျပ် ၂၀၀ယူနစ်အထက် ၅၀ကျပ်..စက်ရုံသုံး..၁၅၀ကျပ်..လို့ ဆိုပါတယ်။

ဒါကို ကြည့်ရင် မြန်မာ အနေနဲ့ လွန်စွာ ဈေးချိုချို နဲ့ သုံးနေရပါတယ်။ အကျိုးဆက်ကတော့ အစိုးရ အဖို့ နှစ်စဉ် မြန်မာ ကျပ်ငွေ ၂၈၄ ဘီလီယံ ခန့် (ဒေါ်လာ ၂၈၉ သန်း) အရှုံးခံ စိုက်ထုတ် သုံးစွဲနေရခြင်းပဲ ဖြစ်ပါတယ်။ ပြုပြင်ထိမ်းသိမ်းစရိတ်တွေ အတွက် ဟိုတလောကပဲ ရေအားလျပ်စစ်စက်ရုံ ငါး ရုံ အတွက် ပြင်သစ် ဆီက ငွေချေး ခဲ့ရပါတယ်။ ဝန်ကြီးဌာန၏ နှစ်စဉ် ဝင်ငွေသည့် ဒေါ်လာ ၁.၈၈ ဘီလီယံပဲ ရှိတယ်လို့ ဆိုပါတယ်။

အစိုးရ အနေနဲ့ကလည်း လူထု ရဲ့ ဝင်ငွေ အနေအထားကြောင့် တိုးကောက်လို့ မရပဲ လျပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး ကို လက်ရှိ အနေအထား နဲ့ တင်းခံနေရပါတယ်၊ ဒီငွေတွေနဲ့သာ လျပ်စစ်ဓါတ်အားပေးစက်ရုံများ တည်ဆောက်၊ လည်ပါတ်၊ မွမ်းမံ ခြင်းအပြင်း ဓါတ်အားပေးလိုင်းများ တိုးချဲ့ သွယ်တန်းသွားရေး တွေ လုပ်နိူင်မှာ ဖြစ်ပါတယ်။ စိတ်ချ ယုံကြည်ရတဲ့ လျပ်စစ်ဓါတ်အား ရရှိနေမှသာ ပြည်ပ ရင်းနှီမြုပ်နှံမှုတွေ ဒလဟော ဝင်လာမှာလည်း ဖြစ်ပါတယ်။ လက်ရှိကတော့ ရတဲ့ ဝင်ငွေ နဲ့ပဲ မနည်းလည် ပါတ်အောင် လုပ်နေရပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကတော့ တယူနစ်ကို ကျပ် ၁၁၀ ပေးနိူင်မယ်ဆိုရင် မီးမပြတ်အောင် လုပ်ပေးနိူင်တဲ့ ဝန်ဆောင်မှု ကုမ္ပဏီ တွေ ရှိနေပြီလို့ ပြောသံလည်း ကြားလိုက်ရပါတယ်။

ကမ္ဘာဘဏ်ရဲ့ ခန့်မှန်းချက်အရ မြန်မာပြည်တွင် အကောင်အထည် ဖေါ်နေတဲ့ NEP အတွက် နောက် ၁၅ နှစ်အတွင်း လျပ်စစ်ဓါတ်အား လုံလောက်ရေး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ကုန်ကျသွားရဖို့ ရှိနေပါတယ်။ ဒီလောက်များတဲ့ ငွေတွေ ရဖို့ လျပ်စစ် ဝန်ကြီးဌာနအတွက် အကြီးမားဆုံး စိမ်ခေါ်မှု ဖြစ်လာနေပါတယ်။

ဒီအတွက် လူထုဆီမှ ကောက်ခံရရှိမှု နဲ့ မလုံလောက်ပဲ ပုဂ္ဂလိက ပိုင်း က ရင်းနှီးမြုပ်နှံမှုတွေ ရအောင် ဆွဲဆောင်ရတော့မှာ ဖြစ်ပါတယ်။ ပုဂ္ဂလိက ပိုင်း ရဲ့ ရင်းနှီးမြုပ်နှံမှု ရဖို့ လွယ်ကူ ပေမယ့် လက်ရှိ ဈေးနှုန်း နဲ့ အရှုံးခံ ရောင်းရမယ်ဆိုရင်တော့ ဘယ်သူမှ လုပ်ရဲမယ် မထင်ပါဖူး။

ဒီအတွက် ဝင်ငွေ နဲ့ ထွက်ငွေ မမျှတ ပဲ ဂျာအေး သူ့အမေရိုက်နေတဲ့ Catch 22 အနေအထား ကို လျပ်စစ် ကဏ္ဍ က ရင်ဆိုင်နေရပါတယ်။

Credit-

About the author

Crypoetess

Leave a Comment