Shwe News

နန္းဆုရဲ႕ …သီခ်င္းအတြက္ …အားသြန္ခြန္စိုက္… ႀကိဳးစားေပးခဲ့တဲ့ G Fatt

[Zawgyi Version]

G Fatt က ခ်စ္သူေလးအတြက္ သီခ်င္းေရးေပးရံုသာမက ရိုက္ကူးေရးကိုလည္း ေသခ်ာ လုပ္ေပးခဲ့တာပါ။ နန္းဆုတင္ထားတဲ့ Behind the Scenes ကို ၾကည့္ၿပီး G Fatt ရဲ႕ ႀကိဳးစားမႈေလးကို ေတြ႕ျမင္ႏိုင္ပါတယ္။

Photo ; နန္းဆုရတီစိုး

နန္း ဆု ဆို ထား တဲ့ “ကမ္းမဲ့ေလွ” သီခ်င္းဟာ G Fatt ကိုယ္တုိင္ေရးေပးထားတဲ့ သီခ်င္းေလး ျဖစ္ၿပီး MTV ရိုက္ကူးေရးမွာလည္း G Fatt ရဲ႕ ႀကိဳးစားအားထုတ္ထားမႈေတြကို ေတြ႕ရပါတယ္။ G Fatt ဟာ ခ်စ္သူအတြက္ သီခ်င္းေရးေပးရံုသာမက MTV အတြက္ကိုပါ အင္တိုက္အားတိုက္နဲ႕ ပါဝင္ကူညီေပးခဲ့တာပါ။

  • ရုပ္သံဖိုင္ၾကည့္ရန္ နွိပ္ပါ

“ကမ္း မဲ့ေ လွ” သီခ်င္းရိုက္ကူးေရး အစအဆံုးကို G Fatt ကုိယ္တိုင္ ဒါရိုက္တာလုပ္ၿပီး ရိုက္ေပးေနသလိုပါပဲ။ နန္းဆုရဲ႕ မ်က္ႏွာအမူအရာ၊ ရိုက္ကြင္းအေနအထား အားလံုးကို G Fatt က အေသးစိတ္ ၾကည့္ၿပီး ရိုက္ေပးခဲ့တာပါ။ နန္းဆုရဲ႕ “ကမ္းမဲ့ေလွ” MTV ရဲ႕ Behind the Scenes ဗီဒီယိုေလးကို သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေမလ(၁၄) ရက္ေန႕က တင္ထားတာေတြ႕ရပါတယ္။

Photo ; နန္းဆုရတီစိုး

ေမ လ (၁၂) ရက္ေန႕ ထြက္ရွိလာတဲ့ နန္းဆုရတီစိုးရဲ႕ “ကမ္းမဲ့ေလွ” သီခ်င္းက ပရိသတ္ေတြၾကား ေအာင္ျမင္ခဲ့တဲ့ သီခ်င္းတစ္ပုဒ္ျဖစ္ခဲ့ပါတယ္။ အဲဒီ ဗီဒီယိုေလးကို နန္းဆုရဲ႕ ေဖ့စ္ဘြတ္မွာ တင္ၿပီး (၂၄) နာရီအတြင္းမွာ ၾကည့္ရႈသူဦးေရ တစ္သန္းေက်ာ္သြားခဲ့ပါၿပီ။

နား လည္ မႈေတြနဲ႕ တည္ေဆာက္ထားတဲ့ သူတုိ႕ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးကုိ ပရိသတ္ေတြက စိတ္ဝင္စားၾကပါတယ္။ အရမ္းကုိ လုိက္ဖက္လြန္းလွတဲ့ သူတုိ႔ စုံတြဲေလးကုိလည္း အားမက်တဲ့ ပရိသတ္မရွိသေလာက္ပါပဲ။ သူတို႕ႏွစ္ေယာက္ဟာ ရိႈးပြဲေတြ ေတာ္ေတာ္မ်ားမ်ားမွာလည္း နွစ္ေယာက္တြဲ ေဖ်ာ္ေျဖခဲ့ၾကဖူးသလို သူတို႕ႏွစ္ေယာက္တြဲၿပီး သီခ်င္းသစ္ေတြလည္း ဖန္တီးေနတယ္လို႕ သိရပါတယ္ ။

Photo ; နန္းဆုရတီစိုး

G-Fatt နဲ႔ နန္းဆုရတီစိုးတို႔ရဲ႕ အခ်စ္ေရးကုိ ရူးေအာင္ခ်စ္ရသူ သီခ်င္းနဲ႕ဆက္စပ္ၿပီး ပရိသတ္ေတြ စိတ္ဝင္စားခဲ့တာျဖစ္ပါတယ္။ နန္းဆုရတီစိုးက လက္ရွိမွာ သီခ်င္းမ်ား ဖန္တီးေနၿပီး သီခ်င္းေခြအသစ္ထြက္ဖို႕လည္း စီစဥ္ေနတယ္လို႕ ဆုိပါတယ္။ G Fatt ကလည္း ဂီတေလာကထဲမွာ လူငယ္ေကာင္မေလးေတြရဲ႕ အားေပးမႈ အခိုင္အမာရရွိထားသူတစ္ဦး ျဖစ္ပါတယ္။

Credit- Duwun

  • [Unicode Version]

G Fatt က ချစ်သူလေးအတွက် သီချင်းရေးပေးရုံသာမက ရိုက်ကူးရေးကိုလည်း သေချာ လုပ်ပေးခဲ့တာပါ။ နန်းဆုတင်ထားတဲ့ Behind the Scenes ကို ကြည့်ပြီး G Fatt ရဲ့ ကြိုးစားမှုလေးကို တွေ့မြင်နိုင်ပါတယ်။

Photo ; နန်းဆုရတီစိုး

နန်းဆုဆိုထားတဲ့ “ကမ်းမဲ့လှေ” သီချင်းဟာ G Fatt ကိုယ်တိုင်ရေးပေးထားတဲ့ သီချင်းလေး ဖြစ်ပြီး MTV ရိုက်ကူးရေးမှာလည်း G Fatt ရဲ့ ကြိုးစားအားထုတ်ထားမှုတွေကို တွေ့ရပါတယ်။ G Fatt ဟာ ချစ်သူအတွက် သီချင်းရေးပေးရုံသာမက MTV အတွက်ကိုပါ အင်တိုက်အားတိုက်နဲ့ ပါဝင်ကူညီပေးခဲ့တာပါ။

“ကမ်းမဲ့လှေ” သီချင်းရိုက်ကူးရေး အစအဆုံးကို G Fatt ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ပေးနေသလိုပါပဲ။ နန်းဆုရဲ့ မျက်နှာအမူအရာ၊ ရိုက်ကွင်းအနေအထား အားလုံးကို G Fatt က အသေးစိတ် ကြည့်ပြီး ရိုက်ပေးခဲ့တာပါ။ နန်းဆုရဲ့ “ကမ်းမဲ့လှေ” MTV ရဲ့ Behind the Scenes ဗီဒီယိုလေးကို သူမရဲ့ ဖေ့စ်ဘွတ်မှာ မေလ(၁၄) ရက်နေ့က တင်ထားတာတွေ့ရပါတယ်။

Photo ; နန်းဆုရတီစိုး

မေလ(၁၂) ရက်နေ့ ထွက်ရှိလာတဲ့ နန်းဆုရတီစိုးရဲ့ “ကမ်းမဲ့လှေ” သီချင်းက ပရိသတ်တွေကြား အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ အဲဒီ ဗီဒီယိုလေးကို နန်းဆုရဲ့ ဖေ့စ်ဘွတ်မှာ တင်ပြီး (၂၄) နာရီအတွင်းမှာ ကြည့်ရှုသူဦးရေ တစ်သန်းကျော်သွားခဲ့ပါပြီ။

နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို ပရိသတ်တွေက စိတ်ဝင်စားကြပါတယ်။ အရမ်းကို လိုက်ဖက်လွန်းလှတဲ့ သူတို့ စုံတွဲလေးကိုလည်း အားမကျတဲ့ ပရိသတ်မရှိသလောက်ပါပဲ။ သူတို့နှစ်ယောက်ဟာ ရှိုးပွဲတွေ တော်တော်များများမှာလည်း နှစ်ယောက်တွဲ ဖျော်ဖြေခဲ့ကြဖူးသလို သူတို့နှစ်ယောက်တွဲပြီး သီချင်းသစ်တွေလည်း ဖန်တီးနေတယ်လို့ သိရပါတယ် ။

Photo ; နန်းဆုရတီစိုး

G-Fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့ အချစ်ရေးကို ရူးအောင်ချစ်ရသူ သီချင်းနဲ့ဆက်စပ်ပြီး ပရိသတ်တွေ စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီစိုးက လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။ G Fatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူတစ်ဦး ဖြစ်ပါတယ်။

Credit- Duwun

About the author

Crypoetess

Leave a Comment