Shwe News
“နေတိုးကိုလက်ဆွဲပြီး ချွဲနွဲ့ဂျီကျနေတဲ့ နေခြည်ဦး”
Nay Toe and Nay Chi Oo
Credit: Can’t Wait To Say
Unicode Version
နေခြည်ဦး နဲ့နေတိုးနဲ့ဟာဆိုရင် လောလောဆယ်အရမ်းကိုရိုမယ့် အခမ်းနားဆုံးမေတ္တာဇာတ်ကားကြီးကိုအတူလက်တွဲရိုက်ကူးနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားဖြစ်ပြီး မိန်းကလေးတွေရဲ့အိပ်မက်ထဲက မင်းသားကြီးနေတိုးဟာ နေခြည်ဦးရဲ့ Idol ဖြစ်ကြောင်းလည်းသိရပါတယ်။ နေခြည်ဦးက နေတိုးကို ရှိန်တယ်လို့အင်တာဗျူးတွေမှာဖြေလေ့ရှိပြီး နေတိုးက ငယ်ငယ်ကတည်းက သူအားပေးရတဲ့မင်းသားတစ်လက်ပါလို့ပြောပြထားခဲ့ဖူးပါတယ်။ အခုတော့ နေခြည်ဦးက နေတိုးနဲ့ရုပ်ရှင်အတူတူရိုက်နေရပြီဖြစ်တဲ့အတွက် ရင်တွေလည်းခုန်ပြီးပျော်ရွှင်နေတယ်လို့သိရပါတယ်။
Nay Toe and Nay Chi Oo
မကြာသေး မီက နေခြည်ဦးက နေတိုးနဲ့သူနဲ့နှစ်ယောက်ရဲ့ video clip လေးကို သူမရဲ့လူမှုကွန်ယက်မှာ တင်ထားတာတွေ့ရပါတယ်။ video လေးကိုကြည့်လိုက်ရတဲ့ပရိသတ်တွေကတော့ နေခြည်ဦးကိုအသည်းယားပြီး အရင်ကထက်ကပိုတိုးလို့ချစ်နေကြတော့တာပါပဲ။ နေခြည်ဦးက အဲဒီ video လေးထဲမှာ ကလေးလေးလိုချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့ နေတိုးကိုလက်ဆွဲပြီးချွဲနွဲ့နေတာမြင်ရပါတယ်။ Video Clip လေးက အခမ်းနားဆုံးမေတ္တာရုပ်ရှင်ဇာတ်ကားကြီးရိုက်ကွင်းက video လေးဖြစ်ပြီး Supermarket တစ်ခုမှာသွားရောက်ရိုက်ကူးထားတာဖြစ်ကြောင်းသိရပါတယ်။
အဲဒီ video လေးကို နေခြည်ဦးက သူမရဲ့ Myday မှာ “ကိုယ့်အိုင်ဒေါကိုတွေ့တဲ့အခါ”လို့ အဓိပ္ပါယ်ရတဲ့ When you meet your idol ဆိုတဲ့ စာသားလေးနဲ့တင်ထားခဲ့တာပါ။ နေခြည်ဦးကလက်ရှိမှာ ရုပ်ရှင်တွေလည်းဆက်တိုက်ရိုက်နေတဲ့အပြင် ကြော်ငြာတွေလည်းရိုက်ပြီး အနုပညာအလုပ်တွေဆက်တိုက်လုပ်နေတယ်လို့သိရပါတယ်။ ပရိသတ်တွေကတော့ လာမယ့်နှစ်တွေအတွင်းမှာ နေခြည်ဦးရဲ့အနုပညာပုံရိပ်တွေများစွာမြင်တွေ့ရဦးမှာပါ။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက်နေတိုးနဲ့နေခြည်ဦးရဲ့ video clip လေးကိုဖော်ပြပေးလိုက်ပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော နေခြည်ဦးကိုချစ်ကြလား။ နေတိုးနဲ့နေခြည်ဦးအတူလက်တွဲရိုက်ကူးထားတဲ့ အခမ်းနားဆုံးမေတ္တာဇာတ်ကားကြီးထွက်လာရင်ရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။
Credit: Can’t Wait To Say
About the author
ilove
Leave a Comment