Shwe News

“ဖခင္အတြက္ ရည္စူးၿပီး …အလႉအတန္းေတြ ျပဳလုပ္ေနတဲ့ …ဖိုးေသာၾကာ”

ႏွစ္တိုင္ းႏွစ္တိုင္း ဖခင္အတြက္ ရည္စူးၿပီး အလွဴအတန္းေတြ ျပဳလုပ္ေပးေနသူပါ။ ဒီေန႕လည္း ဖခင္ကြယ္လြန္တာ (၉)ႏွစ္ျပည့္ အထိမ္းအမွတ္အေနနဲ႕ အလွဴအတန္းေတြ ျပဳလုပ္ေပးေနတာ ေတြ႕ရပါတယ္။

Photo : ဖိုိးေသာၾကာ

အဆိုေတာ္ ဖိုးေသာၾကာဟာ ဖခင္ျဖစ္သူ သုေမာင္အတြက္ ရည္စူးၿပီး အလွဴအတန္းေတြ ျပဳလုပ္ေပးေနတာ ေတြ႕ရပါတယ္။

“ေဖေဖ့၉ႏွစ္ျပည့္ အလႉအျဖစ္ ေမွာ္ဘီၿမိဳ႕ မဟာဝိဟာရ ေက်ာင္းမွာ သံဃာေတာ္အပါး ၁၀၀၀ ေက်ာ္အတြက္ လႉဒါန္းကုသုိလ္ ျပဳခဲ့ပါတယ္” ဆိုၿပီး ဖိုးေသာၾကာရဲ႕ ေဖ့စ္ဘြတ္မွာ ေမလ(၁၆) ရက္ေန႕က ေရးသားထားပါတယ္။

Photo : ဖိုိးေသာၾကာ

ျမန္မာသံစဥ္ အဆိုေတာ္ႀကီး ဦးသုေမာင္ ဆံုးသြားခဲ့တာ ဒီေန႕(ေမလ၁၆ရက္)နဲ႕ဆိုရင္ (၉)ႏွစ္တိတိျပည့္လို႕ သြားလို႕ခဲ့ပါတယ္။ သုေမာင္ဟာ တစ္ေခတ္တခါက ေအာင္ျမင္ခဲ့တဲ့ အႏုပညာရွင္ႀကီးတစ္ဦးလည္း ျဖစ္ပါတယ္။ ျမန္မာသံစဥ္ သီခ်င္းမ်ားကို ပိုင္ႏိုင္စြာ သီဆိုႏိုင္သူ ၊ သရုပ္ေဆာင္ ေလာကမွာသာမက စာေပေလာကမွာလည္း ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာရရွိခဲ့သူ တစ္ဦးလည္း ျဖစ္ပါတယ္။

Photo : ဖိုိးေသာၾကာ

ဖိုးေသာၾကာဟာ ဖခင္အတြက္ ရည္စူးၿပီး အၿမဲလိုလို အလွဴအတန္းေတြ ျပဳလုပ္ေပးတတ္သူပါ။ ဖုိးေသာၾကာဟာ ျမန္မာသံ ေတးသီခ်င္းေပါင္းမ်ားစြာကုိ ပုိင္ပုိင္ႏုိင္ႏုိင္ သီဆုိႏုိင္တဲ့ အဆုိေတာ္ တစ္ဦးျဖစ္ပါတယ္။ ျမန္မာသံ ေတးစီးရီးေတြလည္း အမ်ားႀကီး ထြက္ရွိထားသူပါ။

၂၀၁၉ခုႏွစ္ ဇန္နီဝါရီ(၁၂) ရက္ေန႕က ျပဳလုပ္ခဲ့တဲ့ City FM Radio Station ရဲ႕ 17 ႏွစ္ျပည့္ Annual Music Award Show ႀကီးမွာလည္း ၂၀၁၈ခုႏွစ္အတြင္း ေရာင္းအားအေကာင္းဆံုး ျမန္မာသံစဥ္း ေတးစီးရီးသီဆိုသူ ဆုကို ထုိက္ထုိက္တန္တန္ဆြတ္ခူးရရွိခဲ့သူ ျဖစ္ပါတယ္။ ဒါ့အျပင္ ၂၀၁၈ခုႏွစ္အတြင္း ေရာင္းအားအေကာင္းဆံုး ျမန္မာသံစဥ္ေတးစီးရီး ထုတ္လုပ္သူဆုကို ရရွိခဲ့သူ ျဖစ္ပါတယ္။

Credit: Duwun

Unicode Version

နှစ်တိုင် းနှစ်တိုင်း ဖခင်အတွက် ရည်စူးပြီး အလှူအတန်းတွေ ပြုလုပ်ပေးနေသူပါ။ ဒီနေ့လည်း ဖခင်ကွယ်လွန်တာ (၉)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ အလှူအတန်းတွေ ပြုလုပ်ပေးနေတာ တွေ့ရပါတယ်။

Photo : ဖိုးသောကြာ

အဆိုတော် ဖိုးသောကြာဟာ ဖခင်ဖြစ်သူ သုမောင်အတွက် ရည်စူးပြီး အလှူအတန်းတွေ ပြုလုပ်ပေးနေတာ တွေ့ရပါတယ်။

“ဖေဖေ့၉နှစ်ပြည့် အလှူအဖြစ် မှော်ဘီမြို့ မဟာဝိဟာရ ကျောင်းမှာ သံဃာတော်အပါး ၁၀၀၀ ကျော်အတွက် လှူဒါန်းကုသိုလ် ပြုခဲ့ပါတယ်” ဆိုပြီး ဖိုးသောကြာရဲ့ ဖေ့စ်ဘွတ်မှာ မေလ(၁၆) ရက်နေ့က ရေးသားထားပါတယ်။

Photo : ဖိုးသောကြာ

မြန်မာသံစဉ် အဆိုတော်ကြီး ဦးသုမောင် ဆုံးသွားခဲ့တာ ဒီနေ့(မေလ၁၆ရက်)နဲ့ဆိုရင် (၉)နှစ်တိတိပြည့်လို့ သွားလို့ခဲ့ပါတယ်။ သုမောင်ဟာ တစ်ခေတ်တခါက အောင်မြင်ခဲ့တဲ့ အနုပညာရှင်ကြီးတစ်ဦးလည်း ဖြစ်ပါတယ်။ မြန်မာသံစဉ် သီချင်းများကို ပိုင်နိုင်စွာ သီဆိုနိုင်သူ ၊ သရုပ်ဆောင် လောကမှာသာမက စာပေလောကမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : ဖိုးသောကြာ

ဖိုးသောကြာဟာ ဖခင်အတွက် ရည်စူးပြီး အမြဲလိုလို အလှူအတန်းတွေ ပြုလုပ်ပေးတတ်သူပါ။ ဖိုးသောကြာဟာ မြန်မာသံ တေးသီချင်းပေါင်းများစွာကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ မြန်မာသံ တေးစီးရီးတွေလည်း အများကြီး ထွက်ရှိထားသူပါ။

၂၀၁၉ခုနှစ် ဇန်နီဝါရီ(၁၂) ရက်နေ့က ပြုလုပ်ခဲ့တဲ့ City FM Radio Station ရဲ့ 17 နှစ်ပြည့် Annual Music Award Show ကြီးမှာလည်း ၂၀၁၈ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံး မြန်မာသံစဉ်း တေးစီးရီးသီဆိုသူ ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၈ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံး မြန်မာသံစဉ်တေးစီးရီး ထုတ်လုပ်သူဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။

Credit: Duwun

About the author

ilove

Leave a Comment