Shwe News

“ေအာင္သိႏၵိေစတီေတာ္ …တည္ထားကိုးကြယ္ဖို႔ ….သိန္း ၅၀ မတည္ေငြလႉခဲ့တဲ့ ျမင့္ျမတ္”

ဧရာဝတီ တုိင္း၊ သာေပါင္းၿမိဳ႕နယ္၊ သစ္ျဖဴေက်းရြာအုပ္စုက ေလွေတာ္ရြာ ေက်ာက္ေတာင္ႀကီးေပၚမွာ တည္ထားကုိးကြယ္မယ့္ ေအာင္သိႏၵိေစတီေတာ္ တည္ဖုိ႔အတြက္ မတည္ေငြ သိန္း ၅၀ လွဴခဲ့ပါတယ္တဲ့။

သရုပ္ေဆာင္ျမင့္ျမတ္ က ဧရာဝတီတိုင္း၊ သာေပါင္းၿမိဳ႕နယ္အတြင္းမွာ တည္ထားကုိးကြယ္မယ့္ ေအာင္သိႏၵီ ေစတီေတာ္ တည္ထားကုိးကြယ္ဖုိ႔အတြက္ သိန္း ၅၀ မတည္ေငြ လွဴဒါန္းခဲ့တယ္လုိ႔ ထူးအယ္လင္းက ေျပာျပခဲ့ပါတယ္။

‘’ဧရာဝတီတိုင္းေဒသႀကီး သာေပါင္းၿမိဳ႕နယ္ သစ္ျဖဴေက်းရြာအုပ္စု ေလွေတာ္ရြာ ေက်ာက္ေတာင္ႀကီးေပၚတြင္တည္ထားကိုးကြယ္မည့္ ၃၁ ဘုံသားမ်ားအတြက္ရည္စူးၿပီး ၃၁ ေတာင္ျပည့္ ေအာင္သိႏၵိေစတီ တည္ဖို႔ရာအတြက္ ႐ုပ္ရွင္ႏွင့္ဗီဒီယိုသ႐ုပ္ေဆာင္ အကယ္ဒမီျမင့္ျမတ္မွ မတည္ေငြ သိန္းငါးဆယ္(၅,၀၀၀,၀၀၀) ၊ ကၽြန္ေတာ္ႏွင့္ဆိုင္ကယ္ခ်စ္သူညီအကိုမ်ားမွ သိန္းသုံးဆယ္(၃,၀၀၀,၀၀၀) ၊ စုစုေပါင္းသိန္းရွစ္ဆယ္(၈,၀၀၀,၀၀၀)ျဖင့္ ေစတီတည္ေဆာက္ဖို႔ မတည္လႉဒါန္းပါတယ္ဗ်’’ဆုိၿပီးေတာ့ ထူးအယ္လင္းရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ေမလ ၁၅ ရက္ေန႔ ေန႔လည္ ၁ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာေရးသားခဲ့ပါတယ္။

ျမင့္ျမတ္ ရဲ႕ အလွဴေၾကာင့္လည္း ေလွေတာ္ရြာသူ၊ ရြာသားေတြနဲ႔ ဘုန္းေတာ္ႀကီးေတြက ဝမ္းေျမာက္ဝမ္းသာ ျဖစ္ေနၾကတယ္လုိ႔ ဆုိပါတယ္။

‘’ေလွေတာ္ရြာသူ ရြာသားေတြ သာသနာေရးက ဘုန္းေတာ္ႀကီးေတြ တအားကို ဝမ္းသာပီတိျဖစ္ေနၾကတယ္။

ကၽြန္ေတာ္တို႔လည္း ဇာတ္လိုက္(ျမင့္ျမတ္)ကို ေက်းဇူးတင္ ဝမ္းသာမိတယ္။ ယခု ကုသိုလ္အမွ်ကို နတ္ လူ ဘီလူး မုဒိတာပြားမ်ား၍ ပီတိဝမ္းသာျဖင့္ သာဓုေခၚဆို ကုသိုလ္အမွ်ရၾကပါေစ။ သာဓု သာဓု သာဓု။ ေလးစားပါတယ္ျမင့္ျမတ္ရာ ’’ ဆုိၿပီးေတာ့လည္း ဆက္လက္ေရးသားထားတာ ေတြ႔ရပါတယ္။

ျမင့္ျမတ္က လက္ရွိအႏုပညာေလာကမွာ ေအာင္ျမင္မႈမ်ားစြာ ရရွိေနတဲ့ ထိပ္တန္းမင္းသားတစ္ဦးျဖစ္ပါတယ္။ လက္ရွိမွာလည္း ရုပ္ရွင္ဇာတ္ကားႀကီးေတြ ဆက္တုိက္ရုိက္ကူးေနရတာျဖစ္ပါတယ္။ ေမလ ၁၆ ရက္ေန႔မွာလည္း သူပါဝင္သရုပ္ေဆာင္ထားတဲ့ ‘’ေက်ာမွာ ဂဠဳန္ ရင္မွာ နဂါး’’ရုပ္ရွင္ကားႀကီးကလည္း ျမန္မာတစ္ႏိုင္ငံလုံးမွာရွိတဲ့ အဆင့္ျမင့္ရုပ္ရွင္ရုံေတြမွာ ရုံတင္ျပသသြားမွာျဖစ္ပါတယ္။

ထူးအယ္လင္း(Htoo El Lin)ဟာ လက္႐ွိမွာ ဂီတအလုပ္ေတြထက္ ပရဟိတအလုပ္ေတြကုိ စြမ္းစြမ္းတမံ လုပ္ေနသူျဖစ္ပါတယ္။ သူ႔အေနနဲ႔ မီးေဘးသင့္ေဒ သေတြသာမက ေရေဘးသင့္ေဒသေတြ၊ မီးသၿဂိဳဟ္စက္ လုိအပ္တဲ့ေနရာေတြ၊ လူနာတင္ယာဥ္ လုိအပ္တဲ့ေနရာေတြမွာလည္း လွဴဒါန္းမႈေတြ ျပဳလုပ္ခဲ့ပါေသးတယ္။ ေနာက္ထပ္လည္း ျပဳျပင္ဖုိ႔လုိအပ္ေနတဲ့ စာသင္ေက်ာင္း၊ ဘုန္းႀကီးေက်ာင္းနဲ႔ ဘုရားေစတီပုထုိးေတြ မွာလည္း ပါဝင္ကုသုိလ္ယူေနတာကုိ ေတြ႔ရပါတယ္။

Credit: Duwun

Unicode Version

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သစ်ဖြူကျေးရွာအုပ်စုက လှေတော်ရွာ ကျောက်တောင်ကြီးပေါ်မှာ တည်ထားကိုးကွယ်မယ့် အောင်သိန္ဒိစေတီတော် တည်ဖို့အတွက် မတည်ငွေ သိန်း ၅၀ လှူခဲ့ပါတယ်တဲ့။

သရုပ်ဆောင်မြင့်မြတ်က ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းမှာ တည်ထားကိုးကွယ်မယ့် အောင်သိန္ဒီ စေတီတော် တည်ထားကိုးကွယ်ဖို့အတွက် သိန်း ၅၀ မတည်ငွေ လှူဒါန်းခဲ့တယ်လို့ ထူးအယ်လင်းက ပြောပြခဲ့ပါတယ်။

‘’ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် သစ်ဖြူကျေးရွာအုပ်စု လှေတော်ရွာ ကျောက်တောင်ကြီးပေါ်တွင်တည်ထားကိုးကွယ်မည့် ၃၁ ဘုံသားများအတွက်ရည်စူးပြီး ၃၁ တောင်ပြည့် အောင်သိန္ဒိစေတီ တည်ဖို့ရာအတွက် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီမြင့်မြတ်မှ မတည်ငွေ သိန်းငါးဆယ်(၅,၀၀၀,၀၀၀) ၊ ကျွန်တော်နှင့်ဆိုင်ကယ်ချစ်သူညီအကိုများမှ သိန်းသုံးဆယ်(၃,၀၀၀,၀၀၀) ၊ စုစုပေါင်းသိန်းရှစ်ဆယ်(၈,၀၀၀,၀၀၀)ဖြင့် စေတီတည်ဆောက်ဖို့ မတည်လှူဒါန်းပါတယ်ဗျ’’ဆိုပြီးတော့ ထူးအယ်လင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ မေလ ၁၅ ရက်နေ့ နေ့လည် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။

မြင့်မြတ် ရဲ့ အလှူကြောင့်လည်း လှေတော်ရွာသူ၊ ရွာသားတွေနဲ့ ဘုန်းတော်ကြီးတွေက ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

‘’လှေတော်ရွာသူ ရွာသားတွေ သာသနာရေးက ဘုန်းတော်ကြီးတွေ တအားကို ဝမ်းသာပီတိဖြစ်နေကြတယ်။

ကျွန်တော်တို့လည်း ဇာတ်လိုက်(မြင့်မြတ်)ကို ကျေးဇူးတင် ဝမ်းသာမိတယ်။ ယခု ကုသိုလ်အမျှကို နတ် လူ ဘီလူး မုဒိတာပွားများ၍ ပီတိဝမ်းသာဖြင့် သာဓုခေါ်ဆို ကုသိုလ်အမျှရကြပါစေ။ သာဓု သာဓု သာဓု။ လေးစားပါတယ်မြင့်မြတ်ရာ ’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားတာ တွေ့ရပါတယ်။

မြင့်မြတ်က လက်ရှိအနုပညာလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ ထိပ်တန်းမင်းသားတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာဖြစ်ပါတယ်။ မေလ ၁၆ ရက်နေ့မှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ကျောမှာ ဂဠုန် ရင်မှာ နဂါး’’ရုပ်ရှင်ကားကြီးကလည်း မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

ထူးအယ်လင်း(Htoo El Lin)ဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ မီးဘေးသင့်ဒေ သတွေသာမက ရေဘေးသင့်ဒေသတွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ နောက်ထပ်လည်း ပြုပြင်ဖို့လိုအပ်နေတဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီပုထိုးတွေ မှာလည်း ပါဝင်ကုသိုလ်ယူနေတာကို တွေ့ရပါတယ်။

Credit: Duwun

About the author

ilove

Leave a Comment