Shwe News

ေ႐ႊထူးရဲ႕ …Surprise ေတြေၾကာင့္… ေပ်ာ္ေနတဲ့ ေ႐ႊမႈံရတီ..

[Zawgyi Version]

ေရႊ မႈံ ရ တီ တစ္ေယာက္ ခင္ပြန္းျဖစ္သူ ေရႊထူးေပးတဲ့ ေမြးေန႔လက္ေဆာင္ေတြၾကားမွာ ေပ်ာ္ရႊင္ေနတာ ေတြ႔ရပါတယ္။ သူမကေတာ့ ေမလ ၁၆ ရက္ေန႔က အသက္ ၂၁ ႏွစ္ျပည့္ခဲ့တာပါ။

Photo: Htoo Khant

ေရႊ ထူး ဟာ ၂၀၁၉ ခုႏွစ္ ေမလ ၁၆ ရက္ေန႔မွာ အသက္ ၂၁ ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ ဇနီးေခ်ာေလး ေရႊမႈံရတီကုိေတာ့ ခ်စ္စရာေကာင္းတဲ့ Birthday Surprise တစ္ခုလုပ္ခဲ့ပါတယ္။ Birthday Dinner ေလးကုိေတာ့ ဇနီးေမာင္ႏွံ ႏွစ္ေယာက္တည္း ျဖတ္သန္းခဲ့တာျဖစ္ၿပီး လွပတဲ့ မီးေရာင္ေလးနဲ႔ ႏွင္းဆီပန္းေတြၾကားမွာ ေပ်ာ္ရႊင္ေနတဲ့ ဇနီးေခ်ာေလးအတြက္ ေမြးေန႔ဆုေတာင္းစကားကုိလည္း အခုလုိ ေျပာျပခဲ့ပါတယ္။

‘’ခ်စ္ ရ တဲ့ ဇနီးငယ္ေလးေရ Happy Birthday … ေပ်ာ္စရာေမြးေန႔ေလးျဖစ္ပါေစဗ်ာ။ ယေန႔မွစၿပီး စိတ္ခ်မ္းသာ ကိုယ္က်န္းမာနဲ႔ လူသားအားလံုးအေပာ္ အလုပ္အေကၽြးျပဳႏိုင္တဲ့ မိန္းမတစ္ေယာက္ျဖစ္ပါေစ။ ရွည္ရွည္ေဝးေဝေတြအမ်ားႀကီးမေျပာေတာ့ပါဘူး။ မိန္းမကိုအရမ္းခ်စ္တယ္။ ပါပါးအခ်စ္ေတြနဲ႔ပက္သက္လို႔ လူတိုင္းေရွ႕မွာ ငါ့မိန္းမရင္ေကာ့ ေခါင္းေမာ့ လက္မေထာင္ႏိုင္ေအာင္ တစ္သက္လံုးခ်စ္ပါရေစေနာ္။ ဘာေတြပဲၾကံဳလာၾကံဳလာ လက္ကိုမလႊတ္ပဲ ေဘးနားမွာအၿမဲတမ္းရွိၿပီး အတူတူရဲရင့္ေပးခဲ့လို႔လည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္’’လုိ႔ ဆုိပါတယ္။

Photo: Htoo Khant

အဲ ဒီေနာက္ က်န္းမာေရး ခ်ဳခ်ာတတ္တဲ့ ေရႊမႈံရတီကုိ က်န္းမာေရးေကာင္းေအာင္ေနေစခ်င္တယ္လုိ႔ ေရႊထူးက ရင္ဖြင့္ေျပာျပခဲ့ပါေသးတယ္။

‘’တစ္ ခု ပဲေ တာင္းဆို ပါရေစ က်န္းမာေရးေလးပဲေကာင္းေအာင္ေနေပးပါ။ အဲ့ဒါမိန္းမဆီက ျပန္အလိုခ်င္ဆံုးအရာမို႔ပါ။

မိန္း မ ကို အ ရမ္းခ်စ္တယ္။ မိန္းမရဲ႕ ေရႊႀကီး’’ ဆုိၿပီးေတာ့ ေမလ ၁၆ ရက္ေန႔ ည ၈ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။အဲဒီေနာက္ သူ႔ရဲ႕ Surprise ေတြနဲ႔ ေပ်ာ္ရႊင္ေနတဲ့ ဇနီးေခ်ာေလးရဲ႕ ဓာတ္ပုံကုိလည္း တင္ခဲ့တာကုိ ေတြ႔ရပါတယ္။

Photo: Amazing Grace

ေရႊ ထူ းရဲ႕ Surprise ေတြနဲ႔ ေပ်ာ္ရႊင္ခဲ့ရတဲ့ ေရႊမႈံရတီကလည္း ေက်းဇူးတင္စကားေျပာလာပါေသးတယ္။ သူမကုိယ္တုိင္လည္း အရမ္းေပ်ာ္ေနပါတယ္တဲ့။

‘’ပါးပါး ကေလးကိုခ်စ္ေပး တ့ဲအတြက္ေၾကာင့္ေက်းဇူးတင္ပါတယ္။ surprise အတြက္လည္း အရမ္းေက်နပ္မိတယ္။လိုခ်င္တာေတြကိုပဲေပးလို႔’’ ဆုိၿပီးေတာ့လည္း Comment ျပန္လည္ေရးသားထားတာ ေတြ႔ရပါတယ္။

Photo: Htoo Khant

ေရႊ ထူး(Htoo Khant)နဲ႕ ေရႊမႈန္ရတီ(Shwe Mhone Yati)တို႕ ဟာ ေအာက္တိုဘာ(၃၀) ရက္ေန႕ေနျပည္ေတာ္ Park Royal hotel မွာ ႏွစ္ဦးသေဘာတူ လက္မွတ္ေရးထိုးခဲ့ၾကတာ ျဖစ္ၿပီး ႏိုဝင္ဘာ(၉) ရက္ေန႕မွာ ေမွာ္ဘီၿမိဳ႕နယ္မွာ ရွိတဲ့ ေအာင္ဇဗၺဴေတာရေက်ာင္းမွာ မဂၤလာဦးဆြမ္းေကၽြး အလွဴျပဳလုပ္ခဲ့ပါတယ္။ အဲဒီေနာက္ မဂၤလာညစာစားပြဲကိုေတာ့ ႏုိဝင္ဘာလ ၁၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အင္းယားလိတ္ဟုိတယ္ မွာ က်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

သူ တုိ ႔ႏွစ္ေယာက္ပါဝင္သရုပ္ေဆာင္ထားတဲ့ ဧည့္သည္ ရုပ္ရွင္ဇာတ္ကားကုိေတာ့ ၂၀၁၉ ခုႏွစ္ ေမလ ၃၀ ရက္ေန႔ကစၿပီး ျမန္မာတစ္ႏုိင္ငံလုံးမွာရွိတဲ့ အဆင့္ျမင့္ရုပ္ရွင္ရုံေတြမွာ ရုံတင္ျပသသြားမွာျဖစ္ပါတယ္။ ဒီဇာတ္ကားကေတာ့ သူတုိ႔ ခ်စ္သူႏွစ္ေယာက္ရဲ႕ ပထမဆုံးအႀကိမ္ စတင္ေတြ႔ဆုံခဲ့တဲ့ ဇာတ္ကား တစ္ကားျဖစ္လည္းျဖစ္ပါတယ္။ ေရႊထူးနဲ႔ ေရႊမႈံရတီတုိ႔ ဇနီးေမာင္ႏွံ ႏွစ္ေယာက္ရဲ႕ ပထမဆုံး အတူတူသီဆုိထားတဲ့ ‘’အမွား’’ သီခ်င္းကလည္း ပရိသတ္ေတြၾကားမွာ ေအာင္ျမင္မႈရရွိခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ေရႊထူးက ဇနီးေခ်ာေလးအတြက္ သီခ်င္းအသစ္ေတြ ဖန္တီးေပးဦးမွာ ျဖစ္သလုိ သူ႔ရဲ႕ တတိယေျမာက္ တစ္ကုိယ္ေတာ္အေခြလည္း ထြက္ႏုိင္ဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။

Credit- Duwun

  • [Unicode Version]

ရွှေ မှုံ ရ တီ တစ်ယောက် ခင်ပွန်းဖြစ်သူ ရွှေထူးပေးတဲ့ မွေးနေ့လက်ဆောင်တွေကြားမှာ ပျော်ရွှင်နေတာ တွေ့ရပါတယ်။ သူမကတော့ မေလ ၁၆ ရက်နေ့က အသက် ၂၁ နှစ်ပြည့်ခဲ့တာပါ။

Photo: Htoo Khant

ရွှေထူးဟာ ၂၀၁၉ ခုနှစ် မေလ ၁၆ ရက်နေ့မှာ အသက် ၂၁ နှစ်ပြည့်သွားပြီဖြစ်တဲ့ ဇနီးချောလေး ရွှေမှုံရတီကိုတော့ ချစ်စရာကောင်းတဲ့ Birthday Surprise တစ်ခုလုပ်ခဲ့ပါတယ်။ Birthday Dinner လေးကိုတော့ ဇနီးမောင်နှံ နှစ်ယောက်တည်း ဖြတ်သန်းခဲ့တာဖြစ်ပြီး လှပတဲ့ မီးရောင်လေးနဲ့ နှင်းဆီပန်းတွေကြားမှာ ပျော်ရွှင်နေတဲ့ ဇနီးချောလေးအတွက် မွေးနေ့ဆုတောင်းစကားကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

‘’ချစ်ရတဲ့ ဇနီးငယ်လေးရေ Happy Birthday … ပျော်စရာမွေးနေ့လေးဖြစ်ပါစေဗျာ။ ယနေ့မှစပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လူသားအားလုံးအပော် အလုပ်အကျွေးပြုနိုင်တဲ့ မိန်းမတစ်ယောက်ဖြစ်ပါစေ။ ရှည်ရှည်ဝေးဝေတွေအများကြီးမပြောတော့ပါဘူး။ မိန်းမကိုအရမ်းချစ်တယ်။ ပါပါးအချစ်တွေနဲ့ပက်သက်လို့ လူတိုင်းရှေ့မှာ ငါ့မိန်းမရင်ကော့ ခေါင်းမော့ လက်မထောင်နိုင်အောင် တစ်သက်လုံးချစ်ပါရစေနော်။ ဘာတွေပဲကြုံလာကြုံလာ လက်ကိုမလွှတ်ပဲ ဘေးနားမှာအမြဲတမ်းရှိပြီး အတူတူရဲရင့်ပေးခဲ့လို့လည်း ကျေးဇူးအများကြီးတင်ပါတယ်’’လို့ ဆိုပါတယ်။

Photo: Htoo Khant

အဲဒီနောက် ကျန်းမာရေး ချုချာတတ်တဲ့ ရွှေမှုံရတီကို ကျန်းမာရေးကောင်းအောင်နေစေချင်တယ်လို့ ရွှေထူးက ရင်ဖွင့်ပြောပြခဲ့ပါသေးတယ်။

‘’တစ်ခုပဲတောင်းဆို ပါရစေ ကျန်းမာရေးလေးပဲကောင်းအောင်နေပေးပါ။ အဲ့ဒါမိန်းမဆီက ပြန်အလိုချင်ဆုံးအရာမို့ပါ။

မိန်းမကိုအရမ်းချစ်တယ်။ မိန်းမရဲ့ ရွှေကြီး’’ ဆိုပြီးတော့ မေလ ၁၆ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။အဲဒီနောက် သူ့ရဲ့ Surprise တွေနဲ့ ပျော်ရွှင်နေတဲ့ ဇနီးချောလေးရဲ့ ဓာတ်ပုံကိုလည်း တင်ခဲ့တာကို တွေ့ရပါတယ်။

Photo: Amazing Grace

ရွှေထူးရဲ့ Surprise တွေနဲ့ ပျော်ရွှင်ခဲ့ရတဲ့ ရွှေမှုံရတီကလည်း ကျေးဇူးတင်စကားပြောလာပါသေးတယ်။ သူမကိုယ်တိုင်လည်း အရမ်းပျော်နေပါတယ်တဲ့။

‘’ပါးပါး ကလေးကိုချစ်ပေး တဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်။ surprise အတွက်လည်း အရမ်းကျေနပ်မိတယ်။လိုချင်တာတွေကိုပဲပေးလို့’’ ဆိုပြီးတော့လည်း Comment ပြန်လည်ရေးသားထားတာ တွေ့ရပါတယ်။

Photo: Htoo Khant

ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ပါဝင်သရုပ်ဆောင်ထားတဲ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကားကိုတော့ ၂၀၁၉ ခုနှစ် မေလ ၃၀ ရက်နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ သူတို့ ချစ်သူနှစ်ယောက်ရဲ့ ပထမဆုံးအကြိမ် စတင်တွေ့ဆုံခဲ့တဲ့ ဇာတ်ကား တစ်ကားဖြစ်လည်းဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ ပထမဆုံး အတူတူသီဆိုထားတဲ့ ‘’အမှား’’ သီချင်းကလည်း ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရွှေထူးက ဇနီးချောလေးအတွက် သီချင်းအသစ်တွေ ဖန်တီးပေးဦးမှာ ဖြစ်သလို သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Credit- Duwun

About the author

Crypoetess

Leave a Comment