Shwe News

အရပ္ျမင့္လို႔သူငယ္ခ်င္းေတြ …စေနာက္တာကို ..ခံခဲ့ရတယ္ဆိုတဲ့ ..သက္မြန္ျမင့္

[Zawgyi Version]

သက္ မြ န္ျမင့္ က သူမရဲ႕ အရပ္ေၾကာင့္ ေက်ာင္းသားဘဝမွာ အရွက္ရခဲ့တာေတြရွိတယ္လုိ႔ဆုိပါတယ္။ ဒီအရပ္ေၾကာင့္ပဲ အႏုပညာအလုပ္ေတြ လုပ္ရတဲ့အခါမွာ အခက္အခဲတခ်ဳိ႕ရွိခဲ့တယ္လုိ႔ ေျပာပါတယ္။

သ ရုပ္ေ ဆာင္ သက္မြန္ျမင့္ဟာ ျမန္မာႏုိင္ငံအတြင္းက အႏုပညာရွင္ မင္းသမီးေတြထဲမွာ သာမန္ထက္ အရပ္ပုိရွည္တဲ့ မင္းသမီးတစ္ေယာက္ျဖစ္ပါတယ္။ ဒီအရပ္ေၾကာင့္လည္း ေက်ာင္းတက္တုန္းက သူငယ္ခ်င္းေတြရဲ႕ စေနာက္တာကုိ ခံရတယ္လုိ႔ မီဒီယာအင္တာဗ်ဴးေတြကေနတဆင့္ ေျပာျပခဲ့ပါတယ္။

‘’ ေက်ာင္းသ ား ဘဝတုန္းကေတာ့ စိတ္ညစ္တယ္။ ဘာေၾကာင့္လဲဆုိေတာ့ ကုိယ္က သူမ်ားထက္ ေခါင္းတစ္လုံးပုိထြက္ေနတယ္။ သူတုိ႔က တအားစတယ္၊ ငယ္တုန္းကေတာ့ စိတ္မထားတတ္ဘူးေလေနာ္။ တစ္ေက်ာင္းလုံးက ကုိယ့္ကုိစတာ၊ သူတုိ႔ နာမည္ေျပာင္ေပးထားတာ ခ်င္းလုိေခၚၾကတာေပါ့ေနာ္။ ျမန္မာလုိက်ေတာ့ ဘယ္လုိျပန္ေျပာရမွန္းမသိဘူး။ အဲဒီေတာ့ ခါးကုိ ကုိင္းၿပီးသြားျဖစ္တယ္၊ ရွက္တာေပါ့ေနာ္’’ လို႔ သူကဆုိပါတယ္။

Photo: Amazing Grace

အ ခု ခ်ိန္ မွာေတာ့ သူမရဲ႕ အရပ္က အျမဲတမ္း ထင္ေပၚေနတယ္ဆုိတာကုိ သတိထားမိလုိက္ပါၿပီတဲ့။ ဒါေၾကာင့္ အရပ္ရွည္တာကုိ အားမငယ္ဘူး၊ မရွက္ေတာ့ဘူးဆုိတာကုိ ေမလ ၁၆ ရက္ေန႔က Star Finess Gym ဖြင့္ပြဲကို တက္ေရာက္ရင္း ေျဖဆုိခဲ့ပါတယ္။

‘’ ဒ ါေပ မယ့္ ဒီလုိ အရပ္ဆိုတာ လိုခ်င္တုိင္းရတာမွ မဟုတ္တာ။ တခ်ဳိ႕ဆုိ ကုိယ့္အနားေတာင္ မလာခ်င္ဘူး။ ၿပီးရင္ ကုိယ္က သူမ်ားၾကားသြားရင္ ထင္းေနတာ။ ထင္းဖုိ႔အတြက္ သိပ္ၿပီးေတာ့ အားစုိက္စရာမလုိဘူး။ ကုိယ္သြားလုိက္တာနဲ႔ ထင္းခနဲျဖစ္တယ္ဆုိေတာ့ ဒါကုိ ကုိယ့္ကုိယ္ကုိယ္ အေကာင္းဘက္ကေန လက္ခံလိုက္တယ္ေပါ့။ အခုေတာ့ အဆင္ေျပသြားၿပီ’’ လုိ႔ ဆုိပါတယ္။

Photo: Thet Mon Myint

အ ႏု ပ ညာ အလုပ္ေတြ စလုပ္တဲ့အခ်ိန္မွာလည္း ဒီအရပ္ေၾကာင့္ မင္းသားတခ်ဳိ႕နဲ႔ တြဲရုိက္ရတာ အခက္အခဲရွိခဲ့တယ္လုိ႔ ဆုိပါတယ္။ ဒါေၾကာင့္ ဇာတ္ကားရုိက္မယ္ဆုိ တြဲဖက္သရုပ္ေဆာင္ရမယ့္ မင္းသားကုိပါ စဥ္းစားရတယ္လုိ႔ သက္မြန္ျမင့္က ေျပာပါတယ္။

‘’ နည္း နည္းေ တာ့ခက္တာေပါ့ေနာ္။ သူတုိ႔ကလည္းေျပာပါတယ္ နင့္ဖက္ရတာ ေယာက်္ားႀကီး ဖက္ေနရသလုိပဲတဲ့။ လူေကာင္ေသးတဲ့သူမ်ားတာေပါ့ေနာ္။ အရပ္ရွည္တဲ့မင္းသားနဲ႔ဆုိရင္ ေဒါက္ဖိနပ္နဲ႔ စမတ္က်က် ကုိယ္လည္းဝတ္ရတာေပါ့။ တခ်ဳိ႔ဆုိ ကုိယ္ရႈတင္သြားတာနဲ႔ ကုိယ့္ဖိနပ္ကုိ အရင္ၾကည့္ၾကတာ။ ဇာတ္ကားရုိက္မယ္ဆုိရင္ ဖက္ရွင္တစ္ခုတည္းခ်ိန္ရတာမဟုတ္ဘူး၊ ဘယ္သူနဲ႔ရုိက္မွာလဲ၊ ဖိနပ္အပါးစီးရမယ္ဆုိရင္ အပါးနဲ႔လုိက္တဲ့ဖက္ရွင္စဥ္းစားရတယ္’’ လုိ႔ ဆက္လက္ေျပာျပထားပါတယ္။

Photo: RVB

သက္ မြန္ျမင့္ဟာ လက္ရွိမွာ မိသားစုကို အခ်ိန္ေပးရင္း သူမ ခ်စ္တဲ့ အႏုပညာအလုပ္ေတြကို လုပ္ကိုင္လ်က္ရွိပါတယ္။ ၂၀၁၀ ျပည့္ႏွစ္မွာ “အာဒံရယ္၊ ဧဝရယ္၊ ဒႆရယ္” ၊ ၂၀၁၆ ခုႏွစ္မွာ “ခ်စ္လွစြာေသာ အမုန္း”႐ုပ္ရွင္ကားေတြနဲ႔ အေကာင္းဆံုုး အမ်ဳိးသမီးဇာတ္ေဆ ာင္ဆုကို ဆြတ္ခူးခဲ့သူ ျဖစ္ပါတယ္။ ၂၀၁၄ခုႏွစ္ ေဖေဖာ္ဝါရီ(၁၄) ရက္ေန႕က ခင္ပြန္းျဖစ္သူ ကိုစစ္ႏိုင္နဲ႕ လက္ထပ္ခဲ့ၿပီး အခုဆုိရင္ သားေလးအားခ်စ္နဲ႕ သမီးေလး လဝန္းေမတို႕နဲဲ႕အတူ ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုဘဝကို ပိုင္ဆိုင္ထားပါတယ္။

Credit- Duwun

  • [Unicode Version]

သက် မွန်မြင့်က သူမရဲ့ အရပ်ကြောင့် ကျောင်းသားဘဝမှာ အရှက်ရခဲ့တာတွေရှိတယ်လို့ဆိုပါတယ်။ ဒီအရပ်ကြောင့်ပဲ အနုပညာအလုပ်တွေ လုပ်ရတဲ့အခါမှာ အခက်အခဲတချို့ရှိခဲ့တယ်လို့ ပြောပါတယ်။

သရုပ် ဆောင် သက်မွန်မြင့်ဟာ မြန်မာနိုင်ငံအတွင်းက အနုပညာရှင် မင်းသမီးတွေထဲမှာ သာမန်ထက် အရပ်ပိုရှည်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ဒီအရပ်ကြောင့်လည်း ကျောင်းတက်တုန်းက သူငယ်ချင်းတွေရဲ့ စနောက်တာကို ခံရတယ်လို့ မီဒီယာအင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’ ကျေ ာင်းသားဘဝတုန်းကတော့ စိတ်ညစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က သူများထက် ခေါင်းတစ်လုံးပိုထွက်နေတယ်။ သူတို့က တအားစတယ်၊ ငယ်တုန်းကတော့ စိတ်မထားတတ်ဘူးလေနော်။ တစ်ကျောင်းလုံးက ကိုယ့်ကိုစတာ၊ သူတို့ နာမည်ပြောင်ပေးထားတာ ချင်းလိုခေါ်ကြတာပေါ့နော်။ မြန်မာလိုကျတော့ ဘယ်လိုပြန်ပြောရမှန်းမသိဘူး။ အဲဒီတော့ ခါးကို ကိုင်းပြီးသွားဖြစ်တယ်၊ ရှက်တာပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: Amazing Grace

အခုချိန်မှာတော့ သူမရဲ့ အရပ်က အမြဲတမ်း ထင်ပေါ်နေတယ်ဆိုတာကို သတိထားမိလိုက်ပါပြီတဲ့။ ဒါကြောင့် အရပ်ရှည်တာကို အားမငယ်ဘူး၊ မရှက်တော့ဘူးဆိုတာကို မေလ ၁၆ ရက်နေ့က Star Finess Gym ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

‘’ ဒါပေမယ့် ဒီလို အရပ်ဆိုတာ လိုချင်တိုင်းရတာမှ မဟုတ်တာ။ တချို့ဆို ကိုယ့်အနားတောင် မလာချင်ဘူး။ ပြီးရင် ကိုယ်က သူများကြားသွားရင် ထင်းနေတာ။ ထင်းဖို့အတွက် သိပ်ပြီးတော့ အားစိုက်စရာမလိုဘူး။ ကိုယ်သွားလိုက်တာနဲ့ ထင်းခနဲဖြစ်တယ်ဆိုတော့ ဒါကို ကိုယ့်ကိုယ်ကိုယ် အကောင်းဘက်ကနေ လက်ခံလိုက်တယ်ပေါ့။ အခုတော့ အဆင်ပြေသွားပြီ’’ လို့ ဆိုပါတယ်။

Photo: Thet Mon Myint

အနုပညာအလုပ်တွေ စလုပ်တဲ့အချိန်မှာလည်း ဒီအရပ်ကြောင့် မင်းသားတချို့နဲ့ တွဲရိုက်ရတာ အခက်အခဲရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဇာတ်ကားရိုက်မယ်ဆို တွဲဖက်သရုပ်ဆောင်ရမယ့် မင်းသားကိုပါ စဉ်းစားရတယ်လို့ သက်မွန်မြင့်က ပြောပါတယ်။

‘’ နည်းနည်းတော့ခက်တာပေါ့နော်။ သူတို့ကလည်းပြောပါတယ် နင့်ဖက်ရတာ ယောကျ်ားကြီး ဖက်နေရသလိုပဲတဲ့။ လူကောင်သေးတဲ့သူများတာပေါ့နော်။ အရပ်ရှည်တဲ့မင်းသားနဲ့ဆိုရင် ဒေါက်ဖိနပ်နဲ့ စမတ်ကျကျ ကိုယ်လည်းဝတ်ရတာပေါ့။ တချို့ဆို ကိုယ်ရှုတင်သွားတာနဲ့ ကိုယ့်ဖိနပ်ကို အရင်ကြည့်ကြတာ။ ဇာတ်ကားရိုက်မယ်ဆိုရင် ဖက်ရှင်တစ်ခုတည်းချိန်ရတာမဟုတ်ဘူး၊ ဘယ်သူနဲ့ရိုက်မှာလဲ၊ ဖိနပ်အပါးစီးရမယ်ဆိုရင် အပါးနဲ့လိုက်တဲ့ဖက်ရှင်စဉ်းစားရတယ်’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: RVB

သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမ ချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၆ ခုနှစ်မှာ “ချစ်လှစွာသော အမုန်း”ရုပ်ရှင်ကားတွေနဲ့ အကောင်းဆုံုး အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။

Credit- Duwun

About the author

Crypoetess

Leave a Comment