Shwe News
ဒီလိုမျိုး လူငယ်တွေ …များများ ပေါ်ထွက်လာမှ… မြန်မာနိုင်ငံကြီးက တိုးတက်လာမှာ။…. ချီးကျူးပါတယ် သမီးလေးရေ
ထူး ထူြး ခားခြား အောင်မြင်မှုနဲ့ မြန်မာ့ဂုဏ်ဆောင်လိုက်ပြန်တဲ့ မြန်မာသမီးငယ်လေး
Credit- Nanmalgyi
  • Unicode Version
ထူး ထူးြ ခာ းခြား အောင်မြင်မှုနဲ့ မြန်မာ့ဂုဏ်ဆောင်လိုက်ပြန်တဲ့ မြန်မာသမီးငယ်လေး
အီ တ လီ နိုင်ငံတွင် ပြုလုပ်ခဲ့သော Hippo 7th International English Olympiad ပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သော မဆုစန္ဒီဆွေက ယခုလိုဆုရရှိအောင် ကြိုးစားခဲ့ပုံနဲ့ ခုလို ဝေမျှသွားခဲ့ပါတယ်။English စာဆိုရင်တော့အကုန်လုံးပြိုင်ချင်တယ်။ ပြီးတော့ အီတလီလည်း သွားရမယ်ဆိုတော့ ကောင်းသားပဲ ဆိုပြီး ဝင်ပြိုင်ဖြစ်ခဲ့တာပါ။
စြ ပီ းတော့ ပြိုင်မယ်လို့ ဆုံးဖြတ်လိုက်ထဲက ဆရာမနဲ့ Test တွေ Example တွေ။ အရင်က မေးခွန်းပုံစံအဟောင်းတွေကိုပြန်ပြီးတော့ ဖြေပြီးတော့ လုပ်ပါတယ်။ ပြိုင်ပွဲရောက်တော့လည်း Listening ကကျယ်တော့အဆင်ပြေပါတယ်။ ဆရာမကလည်း သေချာလေးပြန်စစ်ပေးတယ်။ Speaking ကတော့ နဲနဲအသံတိုးသွားတယ်ထင်တယ်။ ဒါပေမယ့် အမူအရာတွေတော့ လုပ်ပြခဲ့ပါတယ်။ စိတ်တော့ လှုပ်ရှုားခဲ့ပါတယ်။ တခြားစာမေးပွဲတွေ ဖြေနေသလို ဖြေတယ်ဆိုပြီးပဲ ဖြေခဲ့လိုက်တာ။ အခု Second Place ရတယ်ဆိုတော့ အရမ်းပျော်ပါတယ်။ နှလုံးအရမ်းခုန်ပြီးတော့ကို ပျော်ပါတယ်။ First နဲ့က ၁မှတ်ပဲ ကွာတာဆိုတော့ နဲနဲတော့ နှမြောမိတယ်။
နောက် ထပ် လည်း ထပ်ပြီးတော့ ပြိုင်ပွဲတွေ ပြိုင်သွားပါဦးမယ်။ ရည်မှန်ချက်တွေရောက်အောင် သွားပါဦးမယ်။ တစ်နေ့စာတစ်နေ့ ပုံမှန်လုပ်တယ်။ မလုပ်ဖြစ်ရင်တောင် နောက်နေ့ပြန်လုပ်တော့ အရမ်းကြီး အားမစိုက်ရင်တောင် စာကတော့ ရနေတာပဲ။ ရည်မှန်ချက်ကတော့ English စာ စာရေးဆရာမဖြစ်ချင်တာပါ။ English စာအုပ်ကတော့ ၁၀၀ ကျော်လောက်ဖတ်ပြီးပါပြီ။ Diary နဲ့ပတ်သတ်တဲ့စာအုပ်တွေ၊ သူများတွေ ဘယ်လို ခံစားပြီးရေးထားတယ်ဆိုတာတွေကို အများဆုံး ဖတ်ဖြစ်ပါတယ်။ စာရေးဖြစ်ရင် မကောင်းတဲ့သူတွေက အမြဲတမ်း ကောင်းတဲ့ဘက်ကြည့်ခံရပြီး၊ ကောင်းတဲ့ သူတွေက မကောင်းတဲ့ဘက်က ကြည့်ခံရတယ် အဲ့လိုမျိုးအကြောင်းကို ရေးချင်ပါတယ်။
သ မီ းရဲ့ဖေဖေနဲ့မေမေက ဒီလိုဖြစ်အောင် ပိုက်ဆံတွေအများကြီးကုန်ခံပြီး လုပ်ပေးခဲ့တာဆိုတော့ အရမ်းပဲ ကျေးဇူးတင်ပါတယ်။ အခက်အခဲတွေကြားထဲက တွန်းထုတ်ပြီး သမီးကို အီတလီရောက်အောင် ပို့ပေးလို့ လည်း ကျေးဇူးတင်ပါတယ်။အရမ်းချစ်ပါတယ်။ နောက်ထပ်ပြိုင်မယ့်လူတွေအနေနဲ့ စိတ်မလျော့နဲ့ ရဲရဲတင်းတင်းနေ။ စိတ်ထဲမှာအရမ်းကြီး Serious မထားနဲ့။ ကိုယ်ပျော်သလိုသာနေပြီး ပြိုင်ဖို့ကို အားပေးစကားပြောခဲ့ပါတယ်။
သ မီးေ လးက Pre School ထဲက ဒီကျောင်းမှာ စတက်ခဲ့တဲ့ကလေးဖြစ်တယ်။ ဘယ်လို ပြုစုပျိုးထောင်ခဲ့လည်းဆိုတော့ ကလေးတစ်ယောက် ဒီလို ထူးချွန်ထက်မြတ်ဖို့က ကျွန်မတို့ကျောင်းတစ်ကျောင်းထဲနဲ့ မလုံလောက်ပါဘူး။ကျောင်းမှာလည်း နည်းလမ်းမှန်ကန်စွာနဲ့ သင်ကြားပို့ချပေးခဲ့တယ်။ မိဘတွေကလည်း ကောင်းမွန်တဲ့ထောက်ပံ့မှုကိုရထားတယ်။ ကလေးကိုယ်တိုင်ကလည်း တကယ်ကို ထူးချွန်ထက်မြတ်လို့ရခဲ့တာပါလို့ ဆရာမဖြစ်သူ ဒေါက်တာ ဝတ်ရည်မိုးက ပြောခဲ့ပါတယ်ဆက်လက်ပြီး ဒေါက်တာ စိုးစန္ဒာက ဆုရတယ်လို့ ကြော်ငြာလိုက်တဲ့အချိန်မှာ ထခုန်ပြီးတော့ ပျော်မိတယ်။ သမီးလေးက ဥရောပက လူတွေနဲ့ပြိုင်ခဲ့ရတာလေ။ ပြီးတော့ ဒီပြိုင်ပွဲက First, Second, Third ပဲပေးတာဆိုတော့ ဒီဆုရခဲ့တာအရမ်းကို အတိုင်းမသိ ဂုဏ်ယူပါတယ်။ First နဲ့ကလည်း အမှတ်ကသိမ့်မကွာဘူး။
မြန် မာ နိုင်ငံက ပထမဆုံးသွားပြိုင်ပြီး winnerဖြစ် ခဲ့တာဆိုတော့ အတိုင်းမသိပျော်တာပေါ့။ Hippo ပြိုင်ပွဲက အရမ်းခက်ပါတယ်။ ပြိုင်ပွဲဝင် ၂၁နိုင်ငံထဲမှာမှ အရှေ့တောင်အာရှနိုင်ငံဆိုလို့ မြန်မာ၊အင်ဒို၊ ဖိလစ်ပိုင်ပဲပါတာ။ ကျန်တာက ဥရောပတွေနဲ့ပဲ အဲ့ထဲမှာမှ winner ဖြစ်လာတော့ မြန်မာပြည်ကို Victory နဲ့ပြန်လာခဲ့ရပါတယ်။
Credit- Nanmalgyi
About the author
Crypoetess
Leave a Comment