Shwe News

“ကိုယ္တိုင္လည္း Game ေဆာ့သလို မႀကီးစိုးကိုလည္း သင္ေပးလိုက္တဲ့ ျမင့္ျမတ္”

ျမင့္ျမတ္တစ္ေယာက္ ရုိက္ကြင္းမရွိတဲ့ေန႔ေတြမွာ Game လည္းေဆာ့ရင္း၊ သားေလးနဲ႔လည္းေဆာ့ျဖစ္တယ္လုိ႔ဆုိပါတယ္။ တစ္ေယာက္တည္း Game ေဆာ့ရတာ အားမရပဲ မႀကီးစုိး(ခ) စုိးျမတ္သူဇာကုိပါ Game ေဆာ့နည္းသင္ေပးလုိက္တယ္တဲ့။

လတ္တေလာမွာ မႀကီးစုိး(ခ) သရုပ္ေဆာင္ စုိးျမတ္သူဇာက Mobile Lengends Game ေဆာ့ေနတာကုိ ပရိသတ္ေတြ ေတြ႔မွာပါ။ ဒါကေတာ့ ျမင့္ျမတ္က သူသင္ေပးထားတာျဖစ္တယ္လုိ႔ မီဒီယာအင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

‘’ မႀကီးက နဂုိကတည္းက Gamer ပါပဲ။ သူက တျခားဂိမ္းတစ္ခုဆုိလည္း ေတာ္ေတာ္ႀကီးကုိ စိတ္ဝင္တစား ေဆာ့တယ္။ ရႈတင္မွာ ဆုံၿပီးေတာ့ စကားေျပာၾကရင္း ဂိမ္းအေၾကာင္းေတြေျပာရင္းနဲ႔ သင္ေပးလုိက္တာ မႀကီးလည္း အဲဒီဂိမ္းကုိ ေတာ္ေတာ္ ညိွေနပုံရတယ္။ Mobile Lengends ပါ။ ကၽြန္ေတာ္က အခု PUBG ေျပာင္းေဆာ့ေနတယ္’’ လုိ႔ပါတယ္။

သူကုိယ္တုိင္ကလည္း ရုိက္ကြင္းမရွိတဲ့အခ်ိန္ေတြဆုိရင္ မိသားစုနဲ႔လည္း ေပ်ာ္ေပ်ာ္ပါးပါး အနားယူေလ့ရွိပါတယ္တဲ့။ ဒါေပမယ့္ Game အေဆာ့ကေတာ့ မပ်က္ဘူးလုိ႔ ျမင့္ျမတ္က ေျပာပါတယ္။

‘’ အသက္ႀကီးလာလုိ႔လား မသိဘူး၊ အျပင္ေတြသိပ္မသြားျဖစ္ေတာ့ဘူး။ ကၽြန္ေတာ္က ဂိမ္းလည္းေတာ္ေတာ္ေဆာ့တယ္ေလ။ ရႈတင္ မရွိတဲ့အခ်ိန္ဆုိ ဂိမ္းေဆာ့တယ္၊ ၿပီးရင္ ကေလးန႔ဲေဆာ့တယ္။ ဒီလိုပဲ ေနျဖစ္တယ္’’ လုိ႔ ‘’ေက်ာမွာ ဂဠဳန္ ရင္မွာနဂါး’’ရုပ္ရွင္အထူးျပပြဲမွာ ေျဖဆုိခဲ့တာပါ။

Game ကုိ ေက်ာင္းသားဘဝကတည္းက စြဲစြဲျမဲျမဲ ေဆာ့လာတာ လုိ႔လည္း ျမင့္ျမတ္က ေျပာပါတယ္။ ဖုန္းထဲမွာ ဂိမ္းေဆာ့လုိ႔ရတာကလည္း အရမ္းကုိ အဆင္ေျပတယ္တဲ့။

‘’ ေပ်ာ္လုိ႔ ေဆာ့တာေပါ့ေနာ္။ ကၽြန္ေတာ္ ေက်ာင္းသားဘဝတုန္းကတည္းက ဂိမ္းတအားေဆာ့တယ္။ ကၽြန္ေတာ္ေက်ာင္းသားဘဝက တည္းက ကြန္ပ်ဴတာထဲမွာရွိတဲ့ Game ေတြ အခု ဖုန္းထဲေရာက္လာတာ။ အဲဒါေၾကာင့္မုိ႔လုိ႔ ပုိလည္း အဆင္ေျပၿပီးေတာ့ တအားေဆာ့ျဖစ္ေနတာပါ’’ လုိ႔ သူကဆုိပါတယ္။

ျမင့္ျမတ္က လက္ရွိအႏုပညာေလာကမွာ ေအာင္ျမင္မႈမ်ားစြာ ရရွိေနတဲ့ ထိပ္တန္းမင္းသားတစ္ဦးျဖစ္ပါတယ္။ လက္ရွိမွာလည္း ရုပ္ရွင္ဇာတ္ကားႀကီးေတြ ဆက္တုိက္ရုိက္ကူးေနရတာျဖစ္ပါတယ္။ ေမလ ၁၆ ရက္ေန႔မွာလည္း သူပါဝင္သရုပ္ေဆာင္ထားတဲ့ ‘’ေက်ာမွာ ဂဠဳန္ ရင္မွာ နဂါး’’ရုပ္ရွင္ကားႀကီးကလည္း ျမန္မာတစ္ႏိုင္ငံလုံးမွာရွိတဲ့ အဆင့္ျမင့္ရုပ္ရွင္ရုံေတြမွာ ရုံတင္ျပသသြားမွာျဖစ္ပါတယ္။

Credit: Duwun

Unicode Version

မြင့်မြတ်တစ်ယောက် ရိုက်ကွင်းမရှိတဲ့နေ့တွေမှာ Game လည်းဆော့ရင်း၊ သားလေးနဲ့လည်းဆော့ဖြစ်တယ်လို့ဆိုပါတယ်။ တစ်ယောက်တည်း Game ဆော့ရတာ အားမရပဲ မကြီးစိုး(ခ) စိုးမြတ်သူဇာကိုပါ Game ဆော့နည်းသင်ပေးလိုက်တယ်တဲ့။

လတ်တလောမှာ မကြီးစိုး(ခ) သရုပ်ဆောင် စိုးမြတ်သူဇာက Mobile Lengends Game ဆော့နေတာကို ပရိသတ်တွေ တွေ့မှာပါ။ ဒါကတော့ မြင့်မြတ်က သူသင်ပေးထားတာဖြစ်တယ်လို့ မီဒီယာအင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ မကြီးက နဂိုကတည်းက Gamer ပါပဲ။ သူက တခြားဂိမ်းတစ်ခုဆိုလည်း တော်တော်ကြီးကို စိတ်ဝင်တစား ဆော့တယ်။ ရှုတင်မှာ ဆုံပြီးတော့ စကားပြောကြရင်း ဂိမ်းအကြောင်းတွေပြောရင်းနဲ့ သင်ပေးလိုက်တာ မကြီးလည်း အဲဒီဂိမ်းကို တော်တော် ညှိနေပုံရတယ်။ Mobile Lengends ပါ။ ကျွန်တော်က အခု PUBG ပြောင်းဆော့နေတယ်’’ လို့ပါတယ်။

သူကိုယ်တိုင်ကလည်း ရိုက်ကွင်းမရှိတဲ့အချိန်တွေဆိုရင် မိသားစုနဲ့လည်း ပျော်ပျော်ပါးပါး အနားယူလေ့ရှိပါတယ်တဲ့။ ဒါပေမယ့် Game အဆော့ကတော့ မပျက်ဘူးလို့ မြင့်မြတ်က ပြောပါတယ်။

‘’ အသက်ကြီးလာလို့လား မသိဘူး၊ အပြင်တွေသိပ်မသွားဖြစ်တော့ဘူး။ ကျွန်တော်က ဂိမ်းလည်းတော်တော်ဆော့တယ်လေ။ ရှုတင် မရှိတဲ့အချိန်ဆို ဂိမ်းဆော့တယ်၊ ပြီးရင် ကလေးနဲ့ဆော့တယ်။ ဒီလိုပဲ နေဖြစ်တယ်’’ လို့ ‘’ကျောမှာ ဂဠုန် ရင်မှာနဂါး’’ရုပ်ရှင်အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။

Game ကို ကျောင်းသားဘဝကတည်းက စွဲစွဲမြဲမြဲ ဆော့လာတာ လို့လည်း မြင့်မြတ်က ပြောပါတယ်။ ဖုန်းထဲမှာ ဂိမ်းဆော့လို့ရတာကလည်း အရမ်းကို အဆင်ပြေတယ်တဲ့။

‘’ ပျော်လို့ ဆော့တာပေါ့နော်။ ကျွန်တော် ကျောင်းသားဘဝတုန်းကတည်းက ဂိမ်းတအားဆော့တယ်။ ကျွန်တော်ကျောင်းသားဘဝက တည်းက ကွန်ပျူတာထဲမှာရှိတဲ့ Game တွေ အခု ဖုန်းထဲရောက်လာတာ။ အဲဒါကြောင့်မို့လို့ ပိုလည်း အဆင်ပြေပြီးတော့ တအားဆော့ဖြစ်နေတာပါ’’ လို့ သူကဆိုပါတယ်။

မြင့်မြတ်က လက်ရှိအနုပညာလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ ထိပ်တန်းမင်းသားတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာဖြစ်ပါတယ်။ မေလ ၁၆ ရက်နေ့မှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ကျောမှာ ဂဠုန် ရင်မှာ နဂါး’’ရုပ်ရှင်ကားကြီးကလည်း မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Credit: Duwun

About the author

ilove

Leave a Comment