Shwe News

သစၥာဆိုျပီးေတာင္…..မိုးတားပစ္တာတဲ့ 😱😱😱

ျမန္ မာႏို င္ငံရဲ႕ ေမာ္ဒယ္နဲ႔သ႐ုပ္ေဆာင္ေလာကရဲ႕ ဒိတ္ဒိတ္က်ဲေအာင္ျမင္ေနတဲ့သူေတြေတာ္ေတာ္မ်ားမ်ားကိုေမြးထုတ္ေပးတဲ့ ျမန္မာ့ေမာ္ဒယ္ေလာက္ကရဲ႕ ေခါင္းကိုင္ဖခင္တစ္ေယာက္ျဖစ္တဲ့ ဂၽြန္လြင္ကိုေတာ့ အားလံုးသိၾကၿပီးျဖစ္မွာပါ။ သူနဲ႔8Days ရဲ႕အင္တာဗ်ဴးတစ္ခုမွာ သူ႔ေအာင္ျမင္မႈေနာက္ကြယ္ကလွ်ိဳ႕ဝွက္ခ်က္တစ္ခုကိုေျပာျပသြားပါတယ္။ သူေျပာျပသြားတဲ့အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔မိတ္ေဆြေတြသိေအာင္ျပန္ေျပာျပေပးလိုက္ရပါတယ္။

အ လွဴ လုပ္ျဖစ္တဲ့အေၾကာင္းကို ဂၽြန္လြင္က “ အဓိကကေတာ့ ပုသိမ္မွာ က်ေနာ္ပြဲတစ္ပြဲသြားလုပ္တယ္။ က်ေနာ္က ပြဲအႀကီးႀကီးေတြလုပ္လို႔႐ိွရင္သစၥာဆိုေလ့႐ိွတယ္။ သစၥာဆိုတဲ့အတြက္ ပြဲေတြေတာ္ေတာ္မ်ားမ်ားမွာ ၉၉.၉၉ရာခိုင္ႏႈန္း ေအာင္ျမင္ၾကတာေပါ့။ တကယ္တမ္းသစၥာဆိုတဲ့အေၾကာင္းအရင္းက ပြဲကလည္းလုပ္ေတာ့မယ္ မုန္တိုင္းကလည္း လာေနၿပီ လူတိုင္းကလည္း သတိထားၾကဖို႔ေျပာလာေတာ့ စိတ္ကလည္းေနာက္လာတာနဲ႔ ပုသိမ္ကို ျဖတ္မယ့္အတူတူ ပုသိမ္က ေရႊမုေ႒ာ ဘုရားကိုဝင္မယ္လို႔ ဒီဘုရားက တန္ခိုးၾကီးဘုရားေပါ့ေနာ္ ။ဝင္ၿပီးေတာ့သစၥဝင္ဆိုမယ္ဆိုၿပီး က်ေနာ္က အဲ့ဒါနဲ႔ ကုမၸဏီသူေဌးရဲ႕ ေန႔ကလည္း ေသာၾကာေန႔ေပါ့ ေသာၾကာေန႔နံဆိုေတာ့ က်ေနာ္ကေန ေသာၾကာေထာင့္ကေနသစၥာ ဆိုတာေပါ့ေနာ္။ က်ေနာ္ပြဲႀကီးကို ေငြေဆာင္မွာသြားလုပ္မယ္ ။

လူ ၈၀၀ ၊ ၁၀၀၀ ေလာက္႐ိွတယ္။ တကယ့္ကိုမိုးမရြာပဲနဲ႔ တကယ္တမ္းေအာင္ေအာင္ျမင္ျမင္နဲ႔ၿပီးခဲ့တယ္ဆိုရင္ က်ေနာ့္ရဲ႕လုပ္အားခထဲကေန က်ေနာ္စ တုဒိ သာေကၽြးပါ့မယ္ ။အဲ့ဒီပြဲႀကီးကို ၿခိမ့္ျခိမ့္သဲေအာင္ျမင္ေအာင္ ေက်းဇူးျပဳၿပီးေတာ့ ဓာတ္ႀကီးေလးပါးရဲ႕နတ္မင္းႀကီးေတြကို ေက်းဇူးျ ပဳၿပီးေတာ့ကူညီေစာင့္ေရွာက္ေပးၾကပါ ။ မိုးတကယ္မ႐ြြာဘူးဆိုရင္ တကယ့္ကတိအတိုင္းေပါ့ေနာ္ က်ေနာ္စတုဒိသာ ေကၽြးပါ့မယ္လို႔ ကတိခံလိုက္တယ္။ အဲ့ဒီမွာ ေငြေဆာင္မွာ လိွဳင္းသာႀကီးေနတာမိုးမရြာဘူးေပါ့ေနာ္ ။ပြဲကလည္းေခ်ာေခ်ာေမာေမာနဲ႔ၿပီးသြားတယ္။”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

ဆက္လက္ၿပီးေတာ့ ဂၽြန္လြင္က “ အဲ့ဒီလိုသစၥာဆိုၿပီးလုပ္ရတာကေတာ့ က်ေနာ္အမွန္တိုင္းေျပာရရင္ က်ေနာ္ဗုဒၶဘာသာကိုလည္းယံုတယ္။ ခရစ္ယာန္ဘုရားကိုလည္းယံုပါတယ္။ သက္ဆိုင္ရာအေစာင့္အေရွာက္ေတြကိုလည္းယံုၾကည္တယ္။ ဒါေပမယ့္ အဲ့ဒီလိုမ်ိဳးလုပ္ျခင္းအားျဖင့္ က်ေနာ့္ဘဝမွာ တကယ့္ကို ေလးေလးနက္နက္ေပါ့ ဆုတစ္ခုေတာင္းရင္ အၿမဲတမ္းျပည့္ေလ့႐ိွတယ္။ က်ေနာ့္အေမက ငယ္ငယ္ေလးကတည္းကက်ေနာ့္ကိုသင္တယ္။ ဘယ္အရာပဲလုပ္လုပ္ ေကာင္းတာပဲလုပ္လုပ္ ဆိုးတာပဲလုပ္လုပ္ အမွန္တရားကို သစၥာဆိုၿပီးေတာ့လုပ္ရင္ေအာင္ျမင္တယ္ဆိုၿပီးေတာ့ အဲဒီေတာ့ က်ေနာ္ငယ္စဥ္ေမာ္ဒယ္လုပ္စဥ္ကတည္းက ဒီလုိလုပ္တယ္။ အဲဒါေၾကာင့္လည္း က်ေနာ္စင္ကာပူမွာ ေနရာတစ္ေနရာရခဲ့တယ္။ က်ေနာ့္ကတိသစၥာအတိုင္းအလွဴေတြလုပ္ေပးတယ္။”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

Credit ေျပာခ်င္လြန္းလို

  • Unicode Version

မြန် မာနို င်ငံရဲ့ မော်ဒယ်နဲ့သရုပ်ဆောင်လောကရဲ့ ဒိတ်ဒိတ်ကျဲအောင်မြင်နေတဲ့သူတွေတော်တော်များများကိုမွေးထုတ်ပေးတဲ့ မြန်မာ့မော်ဒယ်လောက်ကရဲ့ ခေါင်းကိုင်ဖခင်တစ်ယောက်ဖြစ်တဲ့ ဂျွန်လွင်ကိုတော့ အားလုံးသိကြပြီးဖြစ်မှာပါ။ သူနဲ့8Days ရဲ့အင်တာဗျူးတစ်ခုမှာ သူ့အောင်မြင်မှုနောက်ကွယ်ကလျှို့ဝှက်ချက်တစ်ခုကိုပြောပြသွားပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့မိတ်ဆွေတွေသိအောင်ပြန်ပြောပြပေးလိုက်ရပါတယ်။

အ လှူ လုပ်ဖြစ်တဲ့အကြောင်းကို ဂျွန်လွင်က “ အဓိကကတော့ ပုသိမ်မှာ ကျနော်ပွဲတစ်ပွဲသွားလုပ်တယ်။ ကျနော်က ပွဲအကြီးကြီးတွေလုပ်လို့ရှိရင်သစ္စာဆိုလေ့ရှိတယ်။ သစ္စာဆိုတဲ့အတွက် ပွဲတွေတော်တော်များများမှာ ၉၉.၉၉ရာခိုင်နှုန်း အောင်မြင်ကြတာပေါ့။ တကယ်တမ်းသစ္စာဆိုတဲ့အကြောင်းအရင်းက ပွဲကလည်းလုပ်တော့မယ် မုန်တိုင်းကလည်း လာနေပြီ လူတိုင်းကလည်း သတိထားကြဖို့ပြောလာတော့ စိတ်ကလည်းနောက်လာတာနဲ့ ပုသိမ်ကို ဖြတ်မယ့်အတူတူ ပုသိမ်က ရွှေမုဋ္ဌော ဘုရားကိုဝင်မယ်လို့ ဒီဘုရားက တန်ခိုးကြီးဘုရားပေါ့နော် ။ဝင်ပြီးတော့သစ္စဝင်ဆိုမယ်ဆိုပြီး ကျနော်က အဲ့ဒါနဲ့ ကုမ္ပဏီသူဌေးရဲ့ နေ့ကလည်း သောကြာနေ့ပေါ့ သောကြာနေ့နံဆိုတော့ ကျနော်ကနေ သောကြာထောင့်ကနေသစ္စာ ဆိုတာပေါ့နော်။ ကျနော်ပွဲကြီးကို ငွေဆောင်မှာသွားလုပ်မယ် ။

လူ ၈၀၀ ၊ ၁၀၀၀ လောက်ရှိတယ်။ တကယ့်ကိုမိုးမရွာပဲနဲ့ တကယ်တမ်းအောင်အောင်မြင်မြင်နဲ့ပြီးခဲ့တယ်ဆိုရင် ကျနော့်ရဲ့လုပ်အားခထဲကနေ ကျနော်စ တုဒိ သာကျွေးပါ့မယ် ။အဲ့ဒီပွဲကြီးကို ခြိမ့်ခြိမ့်သဲအောင်မြင်အောင် ကျေးဇူးပြုပြီးတော့ ဓာတ်ကြီးလေးပါးရဲ့နတ်မင်းကြီးတွေကို ကျေးဇူးြ ပုပြီးတော့ကူညီစောင့်ရှောက်ပေးကြပါ ။ မိုးတကယ်မရွာဘူးဆိုရင် တကယ့်ကတိအတိုင်းပေါ့နော် ကျနော်စတုဒိသာ ကျွေးပါ့မယ်လို့ ကတိခံလိုက်တယ်။ အဲ့ဒီမှာ ငွေဆောင်မှာ လှိုင်းသာကြီးနေတာမိုးမရွာဘူးပေါ့နော် ။ပွဲကလည်းချောချောမောမောနဲ့ပြီးသွားတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ဂျွန်လွင်က “ အဲ့ဒီလိုသစ္စာဆိုပြီးလုပ်ရတာကတော့ ကျနော်အမှန်တိုင်းပြောရရင် ကျနော်ဗုဒ္ဓဘာသာကိုလည်းယုံတယ်။ ခရစ်ယာန်ဘုရားကိုလည်းယုံပါတယ်။ သက်ဆိုင်ရာအစောင့်အရှောက်တွေကိုလည်းယုံကြည်တယ်။ ဒါပေမယ့် အဲ့ဒီလိုမျိုးလုပ်ခြင်းအားဖြင့် ကျနော့်ဘဝမှာ တကယ့်ကို လေးလေးနက်နက်ပေါ့ ဆုတစ်ခုတောင်းရင် အမြဲတမ်းပြည့်လေ့ရှိတယ်။ ကျနော့်အမေက ငယ်ငယ်လေးကတည်းကကျနော့်ကိုသင်တယ်။ ဘယ်အရာပဲလုပ်လုပ် ကောင်းတာပဲလုပ်လုပ် ဆိုးတာပဲလုပ်လုပ် အမှန်တရားကို သစ္စာဆိုပြီးတော့လုပ်ရင်အောင်မြင်တယ်ဆိုပြီးတော့ အဲဒီတော့ ကျနော်ငယ်စဉ်မော်ဒယ်လုပ်စဉ်ကတည်းက ဒီလိုလုပ်တယ်။ အဲဒါကြောင့်လည်း ကျနော်စင်ကာပူမှာ နေရာတစ်နေရာရခဲ့တယ်။ ကျနော့်ကတိသစ္စာအတိုင်းအလှူတွေလုပ်ပေးတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

Credit ေျပာခ်င္လြန္းလို

About the author

Crypoetess

Leave a Comment