Shwe News

“ေလျပင္းတိုက္ခတ္မႈေၾကာင့္ ၿပိဳက်သြားတဲ့ေစတီကို ျပန္လည္ျပဳျပင္သြားမယ့္ လြင္မိုး”

ေလျပင္းတုိက္ခတ္မႈဒဏ္ေၾကာင့္ ၿပိဳက်ပ်က္စီးသြားတဲ့ ေျမာက္ဦးၿမိဳ႕နယ္က ၿမိဳ႕ဦးေစတီကုိ သရုပ္ေဆာင္လြင္မုိးက ျပန္လည္ျပဳျပင္သြားပါမယ္တဲ့။

သရုပ္ေဆာင္လြင္မုိးက ရခုိင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္အတြင္းက ၿမိဳ႕ဦးေစတီကုိ ျပန္လည္ျပဳျပင္ေဆာင္ရြက္သြားမယ္လုိ႔ဆုိပါတယ္။ ဒီေစတီဟာ ေလျပင္းတုိက္ခတ္မႈဒဏ္ေၾကာင့္ ျပိဳက်ပ်က္စီးခဲ့တာကုိ ေတြ႔ရပါတယ္။

‘’2006..ခုႏွစ္မွာထီးတင္ခဲ့ၿပီး 2016ခုႏွစ္မွာျပန္လည္မြန္းမံခဲ့တဲ့ ေျမာက္ဦးၿမိဳ႕ကၿမိဳ႕ဦးေခါင္းေစတီ ေလျပင္းတိုက္၍ အမိုးၿပိဳပ်က္ အျမန္ဆံုးျပဳျပင္ရန္စီစဥ္ေဆာင္ရြက္ေနပါသည္’’ ဆုိၿပီးေတာ့ ေမလ ၁၈ ရက္ေန႔ ည ၈ နာရီဝန္းက်င္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ အဲဒီေနာက္ ယုိယြင္းပ်က္စီးသြားတဲ့ ေစတီေတာ္ႀကီးရဲ႕ ဓာတ္ပုံကိုလည္း အတူတူတင္ခဲ့တာျဖစ္ပါတယ္။

လြင္မုိးဟာ အႏုပညာေလာကမွာ လွ်မ္းလ်ွမ္းေတာက္ ေအာင္ျမင္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။ သူ႔ရဲ႕ အႏုပညာသက္တမ္းကေတာ့ ႏွစ္ေပါင္း ၃၀ ေက်ာ္ရွိေနၿပီျဖစ္ပါတယ္။ သူဟာ လက္ရွိမွာေတာ့ အႏုပညာအလုပ္ေတြထက္ ကုိယ္ပုိင္စီးပြားေရးကုိ ဦးေဆာင္ေနသူတစ္ေယာက္ျဖစ္ပါတယ္။ အဲဒီေနာက္ မိသားစု ကုိလည္း အခ်ိန္ေပးေနရသူပါ။ သူ႔မွာေတာ့ ခ်စ္စရာေကာင္းတဲ့ ေျမးေလး Liam ေလးကုိ ပုိင္ဆုိင္ထားၿပီးျဖစ္ပါတယ္။

လြင္မုိးဟာ ၁၉၉၂ ခုႏွစ္ကတည္းက အႏုပညာအလုပ္ေတြ စတင္လုပ္ကုိင္ခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ ‘’သမီးနဲ႔ အေမမ်ား’’ ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ အဓိက သရုပ္ေဆာင္အေနနဲ႔ ပါဝင္ခဲ့ပါတယ္။ ရုပ္ရွင္ဇာတ္ကား၊ ဗီဒီယုိဇာတ္ကားေပါင္းမ်ားစြာ ရုိက္ကူးခဲ့ရသူပါ။ လြင္မုိးက ၁၉၉၉ ခုႏွစ္က ‘’ရင္ထဲက ေဆာင္းရာသီ’’ ဆုိတဲ့ရုပ္ရွင္ဇာတ္ကား၊ ၂၀၀၁ ခုႏွစ္မွာေတာ့ ‘’ပန္းတစ္ပြင့္ ဖန္ဆင္းျခင္း’’ရုပ္ရွင္ဇာတ္ကား၊ ၂၀၀၄ ခုႏွစ္မွာေတာ့ ‘’တစ္ခါက ဧရာဝတီညမ်ား ဆုိတဲ့ရုပ္ရွင္ဇာတ္ကားႀကီးေတြနဲ႔ အေကာင္းဆုံး အမ်ဳိးသားဇာတ္ေဆာင္ဆုကုိ ရရွိပုိင္ဆုိင္ခဲ့ပါတယ္။

Credit: Duwun

Unicode Version

လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မြောက်ဦးမြို့နယ်က မြို့ဦးစေတီကို သရုပ်ဆောင်လွင်မိုးက ပြန်လည်ပြုပြင်သွားပါမယ်တဲ့။

သရုပ်ဆောင်လွင်မိုးက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းက မြို့ဦးစေတီကို ပြန်လည်ပြုပြင်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ ဒီစေတီဟာ လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တာကို တွေ့ရပါတယ်။

‘’2006..ခုနှစ်မှာထီးတင်ခဲ့ပြီး 2016ခုနှစ်မှာပြန်လည်မွန်းမံခဲ့တဲ့ မြောက်ဦးမြို့ကမြို့ဦးခေါင်းစေတီ လေပြင်းတိုက်၍ အမိုးပြိုပျက် အမြန်ဆုံးပြုပြင်ရန်စီစဉ်ဆောင်ရွက်နေပါသည်’’ ဆိုပြီးတော့ မေလ ၁၈ ရက်နေ့ ည ၈ နာရီဝန်းကျင်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ယိုယွင်းပျက်စီးသွားတဲ့ စေတီတော်ကြီးရဲ့ ဓာတ်ပုံကိုလည်း အတူတူတင်ခဲ့တာဖြစ်ပါတယ်။

လွင်မိုးဟာ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၃၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် မိသားစု ကိုလည်း အချိန်ပေးနေရသူပါ။ သူ့မှာတော့ ချစ်စရာကောင်းတဲ့ မြေးလေး Liam လေးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

လွင်မိုးဟာ ၁၉၉၂ ခုနှစ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ‘’သမီးနဲ့ အမေများ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရသူပါ။ လွင်မိုးက ၁၉၉၉ ခုနှစ်က ‘’ရင်ထဲက ဆောင်းရာသီ’’ ဆိုတဲ့ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၁ ခုနှစ်မှာတော့ ‘’ပန်းတစ်ပွင့် ဖန်ဆင်းခြင်း’’ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၄ ခုနှစ်မှာတော့ ‘’တစ်ခါက ဧရာဝတီညများ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Credit: Duwun

About the author

ilove

Leave a Comment