Shwe News

“ေလယာဥ္မႉးႀကီးကိုယ္တိုင္ …သတင္းလာေမးလို႔ ေပ်ာ္ေနတဲ့ ေနမင္း”

ေလယာဥ္မွဴးႀကီးကို ဂုဏ္ျပဳဖို႕အတြက္ အစအဆံုးအားတက္သေရာပါဝင္ခဲ့တဲ့ ေနမင္းဟာ ေမလ(၁၉) ရက္ေန႕က ျပဳလုပ္တဲ့ ဂုဏ္ျပဳပြဲကိုေတာ့ တက္ေရာက္ႏိုင္ျခင္း မရွိခဲ့ပါဘူး။ ရုတ္တရက္ေနမေကာင္းျဖစ္တာေၾကာင့္ ဂုဏ္ျပဳပြဲကို မသြားႏိုင္ ျဖစ္ခဲ့ရတာပါ။

MNA ေလယာဥ္ျဖစ္စဥ္မွာ ခရီးသည္မ်ားကို ထိခိုက္အႏၱရယ္ မရွိေအာင္ ဆင္းသက္ႏိုင္ခဲ့တဲ့ ေလယာဥ္မွဴးဦးျမတ္မိုးေအာင္ အပါအဝင္ ေလယာဥ္အမႈထမ္း(၇)ဦးတို႕ကို ဂုဏ္ျပဳတဲ့ ဂုဏ္ျပဳပြဲကို ေမလ(၁၉) ရက္ေန႕က ႏိုဗိုတယ္ဟိုတယ္မွာ ျပဳလုပ္ခဲ့တာပါ။ ေလယာဥ္မွဴးတုိ႕ကို ဂုဏ္ျပဳဖို႕အတြက္ အားတက္သေရာ ပါဝင္ခဲ့တဲ့ ေနမင္းက အဲဒီ ဂုဏ္ျပဳပြဲကို တက္ေရာက္ႏိုင္ျခင္းမရွိခဲ့ပါဘူး။ေနမေကာင္းလို႕ ပြဲကို မတက္ေရာက္ႏိုင္တဲ့ ေနမင္းတစ္ေယာက္ စိတ္မေကာင္းျဖစ္ေနခဲ့ပါတယ္။ ဒါေပမယ့္လည္းမေမွ်ာ္လင့္ထားတဲ့ အျဖစ္အပ်က္ တစ္ခုေၾကာင့္ ေနမင္းမွာ ေပ်ာ္ရႊင္ခဲ့ရပါတယ္။အဲဒါကေတာ့ ေလယာဥ္မွဴးႀကီးကိုယ္တုိင ္ေနမင္းကို သတင္းလာေမးခဲ့တာေၾကာင့္ပါ။

“အေမ မၾကားတၾကားေလးကၽြန္ေတာ့္ကိုလာ၍ ႏိုး ရွာသည္သား ေလး ဦးစိုးမိုးတို႕ ကိုစည္သူေမာင္တို႔ နဲ႔ေလယာဥ္မႈးႀကီးေရာ ေလယာဥ္မႈးေလးေတြေရာသားေလးကို သတင္းလာေမး ၾက တယ္ တဲ့ေလးယာဥ္မႈးႀကီးနဲ႔ေလယာဥ္မႈးေလးေတြကိုအေဖ ( ပါပါးႀကီး ) ေတြ႕ခြင့္ရသလို႔ေက်းဇူးတင္စကားပါေျပာခြင့္ လည္း ရခဲ့တယ္အေမနဲ႔အကိုႀကီးအမႀကီး အကိုေလးတူေလးေတြနဲ႔ပါ ။ ဆုံေတြ႕ခြင့္ရခဲ့ျခင္းက အမွတ္တရအျဖစ္ဆုံး နဲ႔ ဘဝအတြက္မေမ့ႏိုင္ေသာညျဖစ္ခဲ့ၿပီ ေနမေကာင္းတာပင္သက္သာခြင့္ရခဲ့ၿပီ” ဆိုၿပီး ေနမင္းက ေမလ(၂၀) ရက္ေန႕ မနက္အေစာပိုင္းက သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာပါ။

သူ႕ဘဝအတြက္ ဒီျဖစ္စဥ္ေလးက လံုးဝကို ေမ့လို႕မရေတာ့မယ့္ အျဖစ္အပ်က္ေလး တစ္ခုပါ။ ေနမင္းဟာ MNAေလယာဥ္ အက္ဆီးဒင့္မွာ ပါဝင္ခဲ့တဲ့ ခရီးသြားတစ္ဦးျဖစ္ရံုသာမက ေလယာဥ္ဆင္းသက္ခ်ိန္ သူကိုယ္တိုင္ ရိုက္ကူးခဲ့ဲတဲ့ ဗီဒီယိုေလးမွာ ျမန္မာႏိုင္ငံမွာသာမက ကမၻာမွာပါ ပ်ံ႕ႏွံ႕ခဲ့ၿပီး သတင္းမီဒီယာေတြကေတာင္ ေဖာ္ျပျခင္း ခံခဲ့ရပါတယ္။ ေနမင္းဟာ “ျပည္ေထာင္စုသစၥာ” ရိုက္ကူးစဥ္က ရခဲ့တဲ့ ေရႊဆုတံဆိပ္ကို ေလယာဥ္မွဴးႀကီးအား ျပန္ၿပီး ဂုဏ္ျပဳတဲ့အေနနဲ႕ ေပးခဲ့ပါေသးတယ္။

သရုပ္ေဆာင္ေနမင္းကုိ ဗီဒီယုိဇာတ္ကား၊ ရုပ္ရွင္ဇာတ္ကားႀကီးေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိလာတာ ျဖစ္ပါတယ္။ သူ႔ဟာ ငယ္ငယ္ ကတည္းက စစ္ဗုိလ္တစ္ေယာက္ျဖစ္ဖုိ႔ ဝါသနာပါခဲ့ေပမယ့္ မင္းသားတစ္ေယာက္ျဖစ္လာတဲ့ အႏုပညာရွင္တစ္ေယာက္ပါပဲ။ သူ႔အေန နဲ႔ စစ္ဗုိလ္တစ္ေယာက္ကာရုိက္တာကုိ သရုပ္ေဆာင္ရတာကလည္း ႏွစ္သက္လုိ႔ပါလုိ႔ ဆုိပါတယ္။

Credit: Duwun

Unicode Version

လေယာဉ်မှူးကြီးကို ဂုဏ်ပြုဖို့အတွက် အစအဆုံးအားတက်သရောပါဝင်ခဲ့တဲ့ နေမင်းဟာ မေလ(၁၉) ရက်နေ့က ပြုလုပ်တဲ့ ဂုဏ်ပြုပွဲကိုတော့ တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ရုတ်တရက်နေမကောင်းဖြစ်တာကြောင့် ဂုဏ်ပြုပွဲကို မသွားနိုင် ဖြစ်ခဲ့ရတာပါ။

MNA လေယာဉ်ဖြစ်စဉ်မှာ ခရီးသည်များကို ထိခိုက်အန္တရယ် မရှိအောင် ဆင်းသက်နိုင်ခဲ့တဲ့ လေယာဉ်မှူးဦးမြတ်မိုးအောင် အပါအဝင် လေယာဉ်အမှုထမ်း(၇)ဦးတို့ကို ဂုဏ်ပြုတဲ့ ဂုဏ်ပြုပွဲကို မေလ(၁၉) ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့တာပါ။ လေယာဉ်မှူးတို့ကို ဂုဏ်ပြုဖို့အတွက် အားတက်သရော ပါဝင်ခဲ့တဲ့ နေမင်းက အဲဒီ ဂုဏ်ပြုပွဲကို တက်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။နေမကောင်းလို့ ပွဲကို မတက်ရောက်နိုင်တဲ့ နေမင်းတစ်ယောက် စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်းမမျှော်လင့်ထားတဲ့ အဖြစ်အပျက် တစ်ခုကြောင့် နေမင်းမှာ ပျော်ရွှင်ခဲ့ရပါတယ်။အဲဒါကတော့ လေယာဉ်မှူးကြီးကိုယ်တိုင ်နေမင်းကို သတင်းလာမေးခဲ့တာကြောင့်ပါ။

“အမေ မကြားတကြားလေးကျွန်တော့်ကိုလာ၍ နိုး ရှာသည်သား လေး ဦးစိုးမိုးတို့ ကိုစည်သူမောင်တို့ နဲ့လေယာဉ်မှုးကြီးရော လေယာဉ်မှုးလေးတွေရောသားလေးကို သတင်းလာမေး ကြ တယ် တဲ့လေးယာဉ်မှုးကြီးနဲ့လေယာဉ်မှုးလေးတွေကိုအဖေ ( ပါပါးကြီး ) တွေ့ခွင့်ရသလို့ကျေးဇူးတင်စကားပါပြောခွင့် လည်း ရခဲ့တယ်အမေနဲ့အကိုကြီးအမကြီး အကိုလေးတူလေးတွေနဲ့ပါ ။ ဆုံတွေ့ခွင့်ရခဲ့ခြင်းက အမှတ်တရအဖြစ်ဆုံး နဲ့ ဘဝအတွက်မမေ့နိုင်သောညဖြစ်ခဲ့ပြီ နေမကောင်းတာပင်သက်သာခွင့်ရခဲ့ပြီ” ဆိုပြီး နေမင်းက မေလ(၂၀) ရက်နေ့ မနက်အစောပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။

သူ့ဘဝအတွက် ဒီဖြစ်စဉ်လေးက လုံးဝကို မေ့လို့မရတော့မယ့် အဖြစ်အပျက်လေး တစ်ခုပါ။ နေမင်းဟာ MNAလေယာဉ် အက်ဆီးဒင့်မှာ ပါဝင်ခဲ့တဲ့ ခရီးသွားတစ်ဦးဖြစ်ရုံသာမက လေယာဉ်ဆင်းသက်ချိန် သူကိုယ်တိုင် ရိုက်ကူးခဲ့ဲတဲ့ ဗီဒီယိုလေးမှာ မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပါ ပျံ့နှံ့ခဲ့ပြီး သတင်းမီဒီယာတွေကတောင် ဖော်ပြခြင်း ခံခဲ့ရပါတယ်။ နေမင်းဟာ “ပြည်ထောင်စုသစ္စာ” ရိုက်ကူးစဉ်က ရခဲ့တဲ့ ရွှေဆုတံဆိပ်ကို လေယာဉ်မှူးကြီးအား ပြန်ပြီး ဂုဏ်ပြုတဲ့အနေနဲ့ ပေးခဲ့ပါသေးတယ်။

သရုပ်ဆောင်နေမင်းကို ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ သူ့ဟာ ငယ်ငယ် ကတည်းက စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ ဝါသနာပါခဲ့ပေမယ့် မင်းသားတစ်ယောက်ဖြစ်လာတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ သူ့အနေ နဲ့ စစ်ဗိုလ်တစ်ယောက်ကာရိုက်တာကို သရုပ်ဆောင်ရတာကလည်း နှစ်သက်လို့ပါလို့ ဆိုပါတယ်။

Credit: Duwun

About the author

ilove

Leave a Comment