Shwe News
အနုပညာကြေးတွေစုပြီး… ဒွေးရဲ့ ရုပ်တုကို ….အသစ်ပြန်လုပ်ပေးခဲ့တဲ့ …ဇွဲနိုင်ဝင်း
[Zawgyi Version]
Photo : ဇွဲနိုင်ဝင်း
Photo : ဇွဲနိုင်ဝင်း
“အစ် ကို့ ရုပ် ထု ကို ပြန်လည်လဲလှယ်ဖို့ ခွင့်ပြုပေးသော အစ်မ မမိုး၊အစ်ကို့ ရုပ်ထုကို ထုလုပ်ပေးသော ကိုအောင်ကျော်ထွန်း၊ယနေ့ မနက်အစောကတည်းက အစ်ကို့ အရုပ်ကိစ္စ အစစအရာရာ အတွက် လိုက်ကူပေးပို့ပေးကြိုပေးသော သူငယ်ချင်း သရုပ်ဆောင်ရဲမွန်၊အစ်ကို့ အရုပ်ကို ပြန်လည်တပ်ဆင်ပေးသောကိုမင်း(Taxi) နှင့်ကာယလုပ်သား ညီအစ်ကိုများ၊ ကျွန်တော် အစ်ကို့ ရဲ့အမှတ်တရနေ့ရက်များမှသာ မဟုတ်ပဲ ကျွန်တော် သတိတရဖြင့် အစ်ကို့ဆီသွားသည့် အခေါက်တိုင်း အခေါက်တိုင်းမှာ အမြဲ ဝိုင်းကူပေးသော ဘုန်းဘုန်းကြီးကျောင်းမှာရှိတဲ့ ညီအစ်ကိုများအားလုံး အားလုံးတို့ကို ကျွန်တော် ကျေးဇူး အထူး အထူး တင်ပါတယ်ခင်ဗျာ” ဆိုပြီး ရေးသားထားပါတယ်။
Photo : ဇွဲနိုင်ဝင်း
Photo : ဇွဲနိုင်ဝင်း
Credit- Duwun
  • [Unicode Version]
ဇွဲနိုင်ဝင်းက ချောင်းဝဘုန်းကြီးကျောင်းအတွင်း ထားရှိတဲ့ သရုပ်ဆောင်ဒွေးရဲ့ ရုပ်တုကို အသစ်ပြန်လည် ပြုပြင်ပေးခဲ့တာပါ။ဒွေးဟာ သူ့အတွက် အကိုတစ်ယောက်ဖြစ်သလို ဆရာတစ်ယောက်ဆိုလည်း မမှားပါဘူး။
Photo : ဇွဲနိုင်ဝင်း
သရုပ်ဆောင် ဇွဲနိုင်ဝင်းဟာ သူ့ရဲ့ အနုပညာကြေးလေးတွေကို စုပြီး ဒွေးရဲ့ ရုပ်တုကို အသစ်ပြန်လည် ပြုပြင်ပေးခဲ့တာ ဖြစ်ပါတယ်။ သူ့အတွက် ဒွေးဟာ အစ်ကိုအရင်းတစ်ယောက်လို ဖြစ်သလို ဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။
“အစ်ကို့ ရုပ်ထုအတွက် ကျွန်တော် ရတဲ့ အနုပညာကြေးများထဲမှ ကျွန်တော် နိုင်သလောက်စုပြီး အသစ် ပြန်လည် လုပ်ခဲ့တာပါ။ချောင်းဝဘုန်းဘုန်းကျောင်းအတွင်း အရင်ထားရှိသည့် အစ်ကို့ရုပ်ထု နေရာမှာပဲ ယနေ့ (၂၀.၅.၂၀၁၉) ရက် နေ့လည် (၁၁:၅၂)နာရီ မှာ ပြန်လည်တပ်ဆင် ပြီးစီးခဲ့ပါတယ်ခင်ဗျာ။” ဆိုပြီး မေလ(၂၀) ရက်နေ့က ဇွဲနိုင်ဝင်းရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
Photo : ဇွဲနိုင်ဝင်း
ဒွေးရဲ့ ရုပ်တုကို အသစ်ပြန်လုပ်ဖို့အတွက် ခွင့်ပြုခဲ့တဲ့ မမိုးကိုလည်းေ ကျးဇူးတင်ကြောင်း ပြောထားပါသေးတယ်။
“အစ်ကို့ ရုပ်ထုကို ပြန်လည်လဲလှယ်ဖို့ ခွင့်ပြုပေးသော အစ်မ မမိုး၊အစ်ကို့ ရုပ်ထုကို ထုလုပ်ပေးသော ကိုအောင်ကျော်ထွန်း၊ယနေ့ မနက်အစောကတည်းက အစ်ကို့ အရုပ်ကိစ္စ အစစအရာရာ အတွက် လိုက်ကူပေးပို့ပေးကြိုပေးသော သူငယ်ချင်း သရုပ်ဆောင်ရဲမွန်၊အစ်ကို့ အရုပ်ကို ပြန်လည်တပ်ဆင်ပေးသောကိုမင်း(Taxi) နှှင့်ကာယလုပ်သား ညီအစ်ကိုများ၊ ကျွန်တော် အစ်ကို့ ရဲ့အမှတ်တရနေ့ရက်များမှသာ မဟုတ်ပဲ ကျွန်တော် သတိတရဖြင့် အစ်ကို့ဆီသွားသည့် အခေါက်တိုင်း အခေါက်တိုင်းမှာ အမြဲ ဝိုင်းကူပေးသော ဘုန်းဘုန်းကြီးကျောင်းမှာရှိတဲ့ ညီအစ်ကိုများအားလုံး အားလုံးတို့ကို ကျွန်တော် ကျေးဇူး အထူး အထူး တင်ပါတယ်ခင်ဗျာ” ဆိုပြီး ရေးသားထားပါတယ်။
Photo : ဇွဲနိုင်ဝင်း
ဇွဲနိုုင်ဝင်းဟာ ဒွေးရဲ့ မွေးနေ့တိုင်း နှစ်ပတ်လည်တိုင်းမှာ ဒွေးရုပ်တုရှိရာ ချောင်းဝဘုန်းကြီးကျောင်းသို့ သွားကာ သန့်ရှင်းရေး ပြုလုပ်ပေးပြီး ဒွေးအတွက် ကောင်းမှုကုသိုလ်တွေ လုပ်ပေးနေသူဖြစ်ပါတယ်။ ဒွေးကို ယနေ့ထိတိုင် သတိရနေတဲ့ ပရိသတ်တွေအတွက် ယခုလို ပြောထားပါသေးတယ်။
“ယနေ့ထိတိုင် ကိုသားကြီးကို မမေ့မလျော့ပဲ လွမ်းဆွတ်သတိရ တမ်းတ နေကြသောအစ်ကို့ ချစ်ပရိသတ်များ ခင်ဗျား အစ်ကို့ အမှတ်တရ ရုပ်ထုဆိုတဲ့ ရင်ထဲက ချစ်ခြင်းမေတ္တာ သတိရသည့် စိတ်များဖြင့်သာ ကြည့်ရှုပြီး လွမ်းဆွတ် သတိရနိုင်ကြပါစေ။” ဆိုပြီး ဆက်လက်ပြောထားပါတယ်။
Photo : ဇွဲနိုင်ဝင်း
အနုပညာအလုပ်တွေနဲ့ အနည်းငယ်အလှမ်းဝေးနေတဲ့ သရုပ်ဆောင်ဇွဲနိုင်ဝင်းတစ်ယောက်ဟာ ဆရာလည်းဖြစ်၊ အစ်ကိုအရင်း တစ်ယောက် လိုချစ်ရတဲ့ ကိုသားကြီး(ခ)ဒွေး မရှိတော့တဲ့နောက် အနုပညာအလုပ်တွေပြန်လုပ်ဖို့ ပြန်ကြိုးစားရုန်းကန်နေရတယ်လို့ Duwun Media ကနေပြောပြခဲ့ဖူးပါတယ်။
Credit- Duwun
About the author
Crypoetess
Leave a Comment