Shwe News

Huawei ဖုန္းသံုးသူေတြအတြက္.. သတင္းဆိုး.. :O

အေ မရိ ကန္ အစိုးရရဲ႕ အေရးယူမႈကို လုိက္နာတဲ့ အေနနဲ႔ Googleဟာ Huawei ကုမၸဏီထုတ္ စမတ္ဖုန္းေတြမွာ Andriod OS အသစ္ေတြ အသံုးျပဳခြင့္ ကန္႔သတ္ တားဆီးသြားမယ္လုိ႔ ေၾကညာခဲ့ပါတယ္။

အေ မ ရိ ကန္ သမၼတ ေဒၚနယ္လ္ထရမ့္ရဲ႕ ကြန္ရက္ လံုၿခံဳေရးဆိုင္ရာ အေရးေပၚ အေျခအေန အမိန္႔အရ ကုမၸဏီေတြဟာ အမ်ိဳးသား လံုၿခံဳေရး က႑ကို ထိပါးလာႏုိင္တဲ့ ျပည္ပ ကုမၸဏီေတြနဲ႔ လက္တြဲ အလုပ္လုပ္ခြင့္ကေန တားျမစ္လိုက္ပါတယ္။ ဒီအမိန္႔ဟာ တ႐ုတ္ ဆက္သြယ္ေရး နည္းပညာ လုပ္ငန္းစုႀကီး Huaweiကို တိုက္႐ိုက္ ရည္ရြယ္ထားခဲ့တာ ျဖစ္ပါတယ္။ Googleက အစိုးရရဲ႕ သတ္မွတ္ခ်က္ေတြကို အတိအက် ေလးစား လုိက္နာသြားမယ္လုိ႔ ေမလ ၁၉ ရက္မွာ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ Huaweiဖက္ကေတာ့ ျဖစ္စဉ္နဲ႔ ပတ္သက္လုိ႔ မွတ္ခ်က္ မေပးေသးပါဘူး။ Googleရဲ႕ အဆက္အသြယ္ ျဖတ္ေတာက္မႈဟာ ခ်က္ခ်င္းလက္ငင္း အသက္ဝင္လာမွာ ျဖစ္ပါတယ္။

က မာ ၻေပၚမွာ လူသံုးအမ်ားဆံုး မိုဘုိင္း OS ျဖစ္တဲ့ Android ရဲ႕ Featureေတြနဲ႔ Googleရဲ႕ ဝန္ေဆာင္မႈေတြကို စံုစံုလင္လင္ အသံုးျပဳခြင့္ မရေတာ့တာဟာ Huawei အတြက္ေတာ့ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ ျဖစ္လာပါလိမ့္မယ္။ Huawei က ထုတ္လုပ္တဲ့ စမတ္ဖုန္း အသစ္ေတြဟာ YouTube နဲ႔ Maps တို႔လို Google ရဲ႕ လူႀကိဳက္မ်ားတဲ့ Appေတြကိုလည္း ထည့္သြင္းေပးခြင့္ ရေတာ့မွာ မဟုတ္ပါဘူး။ Huaweiဟာ အနာဂတ္မွာ Googleရဲ႕ လံုၿခံဳေရးဆိုင္ရာ Updateေတြနဲ႔ နည္းပညာပိုင္း အေထာက္အပံ့ေတြကိုလည္း ရရွိေတာ့မွာ မဟုတ္ဘူးလုိ႔ သိရပါတယ္။

Android OSနဲ႔ ေမာင္းႏွင္ၿပီး လက္ရွိ အသံုးျပဳေနတဲ့ Huawei စမတ္ဖုန္းေတြကေတာ့ Google Play ဝန္ေဆာင္မႈ အသံုးျပဳခြင့္၊ လံုၿခံဳေရးဆိုင္ရာ မြမ္းမံ ျပင္ဆင္မႈေတြကို ဆက္လက္ ရရွိေနဦးမွာပါ။ ဒါေပမဲ့ Googleက Android OSရဲ႕ ဗားရွင္းအသစ္ ထုတ္ေပးလုိက္ရင္ Huaweiရဲ႕ စမတ္ဖုန္းေတြက ရယူႏုိင္ေတာ့မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

Huawei အေနနဲ႔ Andriod OSကို Open Source လုိင္စင္ကေန ဆက္လက္ ရယူေနႏုိင္မွာ ျဖစ္ေပမယ့္ Googleရဲ႕ ထိေရာက္ အားေကာင္းတဲ့ နည္းပညာ ပူးေပါင္း ေထာက္ပံ့မႈေတြ မရွိေတာ့ျခင္းက အႀကီးစား စိန္ေခၚမႈ ျဖစ္လာႏိုင္ပါတယ္။ ေလ့လာသူေတြက Googleရဲ႕ လက္တြဲျဖဳတ္မႈဟာ Huaweiရဲ႕ ကုန္ထုတ္ စီးပြားေရး က႑မွာ ျပင္းထန္တဲ့ ဆိုးက်ိဳး သက္ေရာက္မႈေတြ ရွိလာႏုိင္ေၾကာင္း သံုးသပ္ၾကပါတယ္။

အေမရိကန္ အစိုးရရဲ႕ အေရးေပၚ အမိန္႔သတ္မွတ္ခ်က္ ထြက္ေပၚလာ ကတည္းက Huaweiရဲ႕ အမႈေဆာင္ခ်ဳပ္ ရန္ဇန္ေဖးက ကုမၸဏီဖက္က အခုလို အေျခအေနမ်ိဳးအတြက္ ႀကိဳတင္ ျပင္ဆင္မႈေတြ လုပ္ေဆာင္ထားေၾကာင္း မွတ္ခ်က္ေပးထားပါတယ္။ Huawei ဟာ ႏွစ္စဉ္ ေဒၚလာ ၆၇ ဘီလီယံေလာက္ ရွိေနတဲ့ အပိုပစၥည္းေတြကို ပံုမွန္ ဝယ္ယူ စုေဆာင္းထားခဲ့ေၾကာင္း၊ ဒါေၾကာင့္ အနာဂတ္မွာ ကိုယ္ပိုင္ ထုတ္ကုန္ က႑ကို ျမႇင့္တင္ အေကာင္အထည္ ေဖာ္လာႏုိင္ဖုိ႔ ယံုၾကည္ေၾကာင္း ရန္က ေျပာပါတယ္။

အေမရိကန္ အစိုးရဟာ အေနာက္အုပ္စု မဟာမိတ္ ႏုိင္ငံ အစိုးရေတြကိုလည္း Huaweiနဲ႔ ဆက္ဆံေရး ျဖတ္ေတာက္ဖုိ႔ ျပင္းျပင္းထန္ထန္ ဖိအားေပးမႈေတြ ရွိေနပါတယ္။ ဒါေၾကာင့္ ဥေရာပနဲ႔ ေျမာက္အေမရိကမွာ မ်ိဳးဆက္သစ္ 5G ကြန္ရက္ေတြ အေျခခ် ျဖန္႔က်က္ တည္ေဆာက္ဖုိ႔ ႀကိဳးစားေနတဲ့ Huaweiရဲ႕ ရည္မွန္းခ်က္ အတြက္လည္း အႀကီးစား ၿခိမ္းေျခာက္မႈေတြနဲ႔ ရင္ဆိုင္ေနရေၾကာင္း သိရပါတယ္။

Unicode Version

အေ မရိ ကန် အစိုးရရဲ့ အရေးယူမှုကို လိုက်နာတဲ့ အနေနဲ့ Googleဟာ Huawei ကုမ္ပဏီထုတ် စမတ်ဖုန်းတွေမှာ Andriod OS အသစ်တွေ အသုံးပြုခွင့် ကန့်သတ် တားဆီးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

အေ မ ရိ ကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကွန်ရက် လုံခြုံရေးဆိုင်ရာ အရေးပေါ် အခြေအနေ အမိန့်အရ ကုမ္ပဏီတွေဟာ အမျိုးသား လုံခြုံရေး ကဏ္ဍကို ထိပါးလာနိုင်တဲ့ ပြည်ပ ကုမ္ပဏီတွေနဲ့ လက်တွဲ အလုပ်လုပ်ခွင့်ကနေ တားမြစ်လိုက်ပါတယ်။ ဒီအမိန့်ဟာ တရုတ် ဆက်သွယ်ရေး နည်းပညာ လုပ်ငန်းစုကြီး Huaweiကို တိုက်ရိုက် ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ Googleက အစိုးရရဲ့ သတ်မှတ်ချက်တွေကို အတိအကျ လေးစား လိုက်နာသွားမယ်လို့ မေလ ၁၉ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ Huaweiဖက်ကတော့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ မှတ်ချက် မပေးသေးပါဘူး။ Googleရဲ့ အဆက်အသွယ် ဖြတ်တောက်မှုဟာ ချက်ချင်းလက်ငင်း အသက်ဝင်လာမှာ ဖြစ်ပါတယ်။

က မာ ္ဘပေါ်မှာ လူသုံးအများဆုံး မိုဘိုင်း OS ဖြစ်တဲ့ Android ရဲ့ Featureတွေနဲ့ Googleရဲ့ ဝန်ဆောင်မှုတွေကို စုံစုံလင်လင် အသုံးပြုခွင့် မရတော့တာဟာ Huawei အတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာပါလိမ့်မယ်။ Huawei က ထုတ်လုပ်တဲ့ စမတ်ဖုန်း အသစ်တွေဟာ YouTube နဲ့ Maps တို့လို Google ရဲ့ လူကြိုက်များတဲ့ Appတွေကိုလည်း ထည့်သွင်းပေးခွင့် ရတော့မှာ မဟုတ်ပါဘူး။ Huaweiဟာ အနာဂတ်မှာ Googleရဲ့ လုံခြုံရေးဆိုင်ရာ Updateတွေနဲ့ နည်းပညာပိုင်း အထောက်အပံ့တွေကိုလည်း ရရှိတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

Android OSနဲ့ မောင်းနှင်ပြီး လက်ရှိ အသုံးပြုနေတဲ့ Huawei စမတ်ဖုန်းတွေကတော့ Google Play ဝန်ဆောင်မှု အသုံးပြုခွင့်၊ လုံခြုံရေးဆိုင်ရာ မွမ်းမံ ပြင်ဆင်မှုတွေကို ဆက်လက် ရရှိနေဦးမှာပါ။ ဒါပေမဲ့ Googleက Android OSရဲ့ ဗားရှင်းအသစ် ထုတ်ပေးလိုက်ရင် Huaweiရဲ့ စမတ်ဖုန်းတွေက ရယူနိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Huawei အနေနဲ့ Andriod OSကို Open Source လိုင်စင်ကနေ ဆက်လက် ရယူနေနိုင်မှာ ဖြစ်ပေမယ့် Googleရဲ့ ထိရောက် အားကောင်းတဲ့ နည်းပညာ ပူးပေါင်း ထောက်ပံ့မှုတွေ မရှိတော့ခြင်းက အကြီးစား စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။ လေ့လာသူတွေက Googleရဲ့ လက်တွဲဖြုတ်မှုဟာ Huaweiရဲ့ ကုန်ထုတ် စီးပွားရေး ကဏ္ဍမှာ ပြင်းထန်တဲ့ ဆိုးကျိုး သက်ရောက်မှုတွေ ရှိလာနိုင်ကြောင်း သုံးသပ်ကြပါတယ်။

အမေရိကန် အစိုးရရဲ့ အရေးပေါ် အမိန့်သတ်မှတ်ချက် ထွက်ပေါ်လာ ကတည်းက Huaweiရဲ့ အမှုဆောင်ချုပ် ရန်ဇန်ဖေးက ကုမ္ပဏီဖက်က အခုလို အခြေအနေမျိုးအတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်ထားကြောင်း မှတ်ချက်ပေးထားပါတယ်။ Huawei ဟာ နှစ်စဉ် ဒေါ်လာ ၆၇ ဘီလီယံလောက် ရှိနေတဲ့ အပိုပစ္စည်းတွေကို ပုံမှန် ဝယ်ယူ စုဆောင်းထားခဲ့ကြောင်း၊ ဒါကြောင့် အနာဂတ်မှာ ကိုယ်ပိုင် ထုတ်ကုန် ကဏ္ဍကို မြှင့်တင် အကောင်အထည် ဖော်လာနိုင်ဖို့ ယုံကြည်ကြောင်း ရန်က ပြောပါတယ်။

အမေရိကန် အစိုးရဟာ အနောက်အုပ်စု မဟာမိတ် နိုင်ငံ အစိုးရတွေကိုလည်း Huaweiနဲ့ ဆက်ဆံရေး ဖြတ်တောက်ဖို့ ပြင်းပြင်းထန်ထန် ဖိအားပေးမှုတွေ ရှိနေပါတယ်။ ဒါကြောင့် ဥရောပနဲ့ မြောက်အမေရိကမှာ မျိုးဆက်သစ် 5G ကွန်ရက်တွေ အခြေချ ဖြန့်ကျက် တည်ဆောက်ဖို့ ကြိုးစားနေတဲ့ Huaweiရဲ့ ရည်မှန်းချက် အတွက်လည်း အကြီးစား ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။

About the author

Crypoetess

Leave a Comment