Shwe News

“နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် ယနေ့ ဒုလ္လဘရဟန်းခံ”




Photo: Aung Paing Min

Unicode Version

နိုင်ငံတော်သမ္မတ ( ငြိမ်း ) ဦးသိန်းစိန် သည်ယနေ့ မေလ ၂၁ ရက် နံနက် ၆ နာရီ ၁၃ မိနစ်အချိန် တွင်ပြင်ဦးလွင်မြို့ ၊ ဓမ္မသဟာယစင်တာတွင် ဒုလ္လဘရဟန်းခံခဲ့ကြောင်းသိရသည်။

သာမန်ကျေးတောသားလေးဘဝမှသည် တိုင်းပြည့်သမုတိ သမ္မတ၏အဖြစ်သို့လည်းကောင်း၊ မြတ်သောခေါင်းဆောင်ဘဝမှ ပို၍မြတ်သော ရှင်သာမဏေအဖြစ်သို့လည်းကောင်း၊ ထိုမှတဆင့် ပို၍မြတ်သော ရဟန်းအဖြစ်သို့လည်းကောင်း….

မြေမှ မြင်းထက်၊ မြင်းပေါ်မှ ဆင်ထက်၊ ဆင်ပေါ်မှ ရတနာပြသာဒ်ထက်သို့ တက်လှမ်းဘိသကဲသို့ မြတ်သောနိဗ္ဗာန်နှင့်နီးသည်ထက်နီးရာဆီ ကျန်းမာရွှင်လန်းစွာ တက်လှမ်းတော်မူလေသတည်း…..

Photo: Aung Paing Min

About the author

ilove

Leave a Comment