Shwe News

“ဝဋ္ေႂကြးရွိလို႔ဆပ္ေနရတယ္ပဲ သေဘာထားတယ္ဆိုတဲ့ အစၥဏီ မိခင္”

အစၥဏီရဲ႕ မိခင္ျဖစ္သူ ေဒၚဥမၼာျမင့္ဟာ သားေလးတစ္ေယာက္ သူမရဲ႕ ရင္ခြင္ထဲကုိ ျပန္ေရာက္လာမယ့္ေန႔ကုိ ေမွ်ာ္လင့္ေနတယ္လုိ႔ ဝမ္းနည္းေၾကကြဲစြာနဲ႔ ေျပာျပလာပါတယ္။

အဆုိေတာ္ အစၥဏီရဲ႕ အမႈဟာ တစ္ႏွစ္ေက်ာ္ ၾကာျမင့္ခဲ့ပါၿပီ။ ဒါေၾကာင့္ အစၥဏီရဲ႕ မိခင္ျဖစ္သူ ေဒၚဥမၼာျမင့္က မီဒီယာေတြကေနတဆင့္ သားျဖစ္သူအတြက္ ရင္ဖြင့္စကားဆုိခဲ့ပါတယ္။ ရည္းစားေဟာင္းကုိ အဓမၼက်င့္ ႏွိပ္စက္မႈနဲ႔ တရားစြဲဆုိခံထားရတဲ့ အစၥဏီကုိ ေမလ (၂၀)ရက္ေန႔က တာေမြတရားရုံးမွာ ရုံးထုတ္စစ္ေဆးခဲ့ပါတယ္။

‘’ အန္တီ့မွာ ခ်စ္ျခင္း၊ မုန္းျခင္းမရွိဘူး။ အခု အန္တီ့သား ခံေနရတာသည္ အတိတ္က ဝဋ္ေၾကြးေၾကာင့္ ခံေနရတာ။ အဲဒီလုိပဲ ယူဆတယ္။ အခ်ိန္တန္ အဆင္ေျပသြားမယ္၊ အန္တီ့ရင္ခြင္ထဲကုိ ျပန္ေရာက္လာမယ္။ အဲဒီ့ရက္ကုိ အန္တီေမွ်ာ္ေနတယ္’’ လုိ႔ ေမလ ၂၀ ရက္ေန႔က တာေမြတရားရုံးက ရုံးခ်ိန္းအျပန္မွာ ေျဖဆုိခဲ့တာပါ။

အစၥဏီကုိ အရမ္းခ်စ္တဲ့ အဘုိးေတြ၊ အဘြားေတြကလည္း အမႈၿပီးဆုံးမယ့္ေန႔ကုိ ေစာင့္ေမွ်ာ္ေနၾကတယ္လုိ႔ အစၥဏီရဲ႕ မိခင္က ဝမ္းနည္းမ်က္ရည္ေတြၾကားက ေျပာျပလာပါတယ္။

‘’ သူ႔မွာလည္း အဘုိးေတြ၊ အဘြားေတြ ၈၀ ေက်ာ္အရြယ္ရွိတယ္။ ေမွ်ာ္ေနၾကတယ္’’ ဆုိၿပီးေတာ့ ဝမ္းနည္းေၾကကြဲစြာနဲ႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆုိခဲ့ပါတယ္။ သူမဟာ သားျဖစ္သူ အစၥဏီရဲ႕ အမႈကုိလည္း အျမန္ဆုံးၿပီးခ်င္ေနၿပီလုိ႔ Duwun Media အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။

အဆိုေတာ္အစၥဏီကုိ တာေမြၿမိဳ႕မရဲစခန္းကေန (ပ) ၃၆၂/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ္းမႈ၊ တံုးေသာ လက္နက္ျဖင့္ ျပင္းထန္နာက်င္ေစမႈ၊ ခၽြန္ေသာလက္နက္ျဖင့္ သာမန္နာက်င္ေစမႈတိုနဲ႔ အမႈဖြင့္အေရးယူခဲ့ၿပီး ေမလ ၁၀ ရက္ေန႔မွာ တရားစြဲဆိုထားတာ ျဖစ္ပါတယ္။

Credit: Duwun

Unicode Version

အစ္စဏီရဲ့ မိခင်ဖြစ်သူ ဒေါ်ဥမ္မာမြင့်ဟာ သားလေးတစ်ယောက် သူမရဲ့ ရင်ခွင်ထဲကို ပြန်ရောက်လာမယ့်နေ့ကို မျှော်လင့်နေတယ်လို့ ဝမ်းနည်းကြေကွဲစွာနဲ့ ပြောပြလာပါတယ်။

အဆိုတော် အစ္စဏီရဲ့ အမှုဟာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။ ဒါကြောင့် အစ္စဏီရဲ့ မိခင်ဖြစ်သူ ဒေါ်ဥမ္မာမြင့်က မီဒီယာတွေကနေတဆင့် သားဖြစ်သူအတွက် ရင်ဖွင့်စကားဆိုခဲ့ပါတယ်။ ရည်းစားဟောင်းကို အဓမ္မကျင့် နှိပ်စက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ အစ္စဏီကို မေလ (၂၀)ရက်နေ့က တာမွေတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

‘’ အန်တီ့မှာ ချစ်ခြင်း၊ မုန်းခြင်းမရှိဘူး။ အခု အန်တီ့သား ခံနေရတာသည် အတိတ်က ဝဋ်ကြွေးကြောင့် ခံနေရတာ။ အဲဒီလိုပဲ ယူဆတယ်။ အချိန်တန် အဆင်ပြေသွားမယ်၊ အန်တီ့ရင်ခွင်ထဲကို ပြန်ရောက်လာမယ်။ အဲဒီ့ရက်ကို အန်တီမျှော်နေတယ်’’ လို့ မေလ ၂၀ ရက်နေ့က တာမွေတရားရုံးက ရုံးချိန်းအပြန်မှာ ဖြေဆိုခဲ့တာပါ။

အစ္စဏီကို အရမ်းချစ်တဲ့ အဘိုးတွေ၊ အဘွားတွေကလည်း အမှုပြီးဆုံးမယ့်နေ့ကို စောင့်မျှော်နေကြတယ်လို့ အစ္စဏီရဲ့ မိခင်က ဝမ်းနည်းမျက်ရည်တွေကြားက ပြောပြလာပါတယ်။

‘’ သူ့မှာလည်း အဘိုးတွေ၊ အဘွားတွေ ၈၀ ကျော်အရွယ်ရှိတယ်။ မျှော်နေကြတယ်’’ ဆိုပြီးတော့ ဝမ်းနည်းကြေကွဲစွာနဲ့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ သူမဟာ သားဖြစ်သူ အစ္စဏီရဲ့ အမှုကိုလည်း အမြန်ဆုံးပြီးချင်နေပြီလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတိုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

Credit: Duwun

About the author

ilove

Leave a Comment