Shwe News

“ခ်စ္ရတဲ့သူေတြနဲ႔အတူ ေမြးေန႔ကို ေပ်ာ္႐ႊင္စြာ ျဖတ္သန္းခဲ့တဲ့ မိုးစက္ဝိုင္”

မိုးစက္ဝုိင္ရဲ႕ ေမြးေန႕ပြဲကို ႏိုဗိုတယ္ဟိုတယ္မွာ အႏုပညာေမာင္ႏွမေတြနဲ႕ အတူ ခမ္းနားႀကီးက်ယ္စြာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ေမြးေန႕ပြဲမွာလည္း သူမကိုယ္တိုင္ ထုတ္လုပ္ထားတဲ့ Mozey Collection ကိုလည္း မိတ္ဆက္ေပးခဲ့ပါေသးတယ္။

မိုးစက္ဝိုင္ရဲ႕ အသက္(၃၁) ႏွစ္ျပည့္ ေမြးေန႕ပြဲကို ေမလ(၂၀) ရက္ေန႕က Novotel Hotel Max မွာ အႏုပညာေမာင္ႏွမေတြ နဲ႕အတူ ေပ်ာ္ရႊင္စြာ ျပဳလုပ္ခဲ့တာ ေတြ႕ရပါတယ္။ ဒီႏွစ္ေမြးေန႕မွာ သူမက ေမြးေန႕ပြဲလည္း ျပဳလုပ္ခဲ့သလို ပရဟိတေမြးေန႕အလွဴကိုလည္း ျပဳလုပ္ခဲ့ပါေသးတယ္။ ေမြးေန႕အလွဴအေနနဲ႕ မိဘမဲ့ ကေလးေက်ာင္းမွာ Indoor ကေလးကစားကြင္းေလးေဆာက္လုပ္ေပးခဲ့တယ္လို႕ ဆုိပါတယ္။

“မိုးစက္ေမြးေန႕ေရာက္တုိင္း မိဘမဲ့ကေလးေတြကို တစ္ခုမဟုတ္တစ္ခုလုပ္ေပးတယ္။ ဒီႏွစ္မွာေတာ့ မိဘမဲ့ကေလးေက်ာင္းေလးတစ္ခုမွာ Indoor ကေလးကစားကြင္းတစ္ခုလုပ္ေပးတယ္။ ကေလးေတြ ေနရိပ္ထဲမွာ ေဆာ့ႏိုင္ဖို႕အတြက္ရည္ရြယ္ၿပီး လုပ္ေပးထားတာပါ” လို႕ သူမက ေမလ(၂၀) ရက္ေန႕က မီဒီယာေတြကို ေျဖဆိုေပးခဲ့တာ ျဖစ္ပါတယ္။

သူမရဲ႕ ေမြးေန႕ပြဲမွာ နယ္ပယ္အသီးသီးက အႏုပညာရွင္ေတြ တက္ေရာက္ခဲ့ၾကသလို နာမည္ႀကီး အႏုပညာရွင္မ်ားစြာ တက္ေရာက္ခဲ့ၾကပါတယ္။ မိုးစက္ဝိုင္ဟာ သူမရဲ႕ ေမြးေန႕ပြဲကို Let’s Party with Wine လို႕ နာမည္ေပးထားတာ ျဖစ္ၿပီး ေမြးေန႕ပြဲမွာ သူမကိုယ္တုိင္ ထုတ္လုပ္ထားတဲ့ Mozey Collection အသစ္ေတြကိုလည္း မိတ္ဆက္ခဲ့ပါေသးတယ္။

မိုးစက္ဝိုင္ဟာ သရုပ္ေဆာင္ လုပ္ငန္းေတြ မလုပ္ေဆာင္မီ အခ်ိန္ကတည္းက ပရဟိတအလုပ္ကို လုပ္ေဆာင္ေနသူတစ္ဦးျဖစ္ပါတယ္။ Myanmar Heart’s Charity အဖြဲ႕နဲ႕အတူ ပရဟိတအလုပ္ေတြ မ်ားစြာ လုပ္ေဆာင္ခဲ့သူလည္း ျဖစ္ပါတယ္။ မိုးစက္ဝိုင္ကေတာ့ ၂၀၁၃ခုႏွစ္ Miss Universe Myanmar ရဲ႕ အလွမယ္ တစ္ဦးလည္း ျဖစ္ပါတယ္။ အခုဆိုရင္ ရုပ္ရွင္ဇာတ္ကားႀကီးေတြ ရုိက္ကူးေနၿပီျဖစ္သလို Mozey ဆိုတဲ့ Brand ကိုလည္း ကိုယ္တိုင္ဦးစီးၿပီး ထုတ္လုပ္ေနတဲ့ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးလည္း ျဖစ္ပါတယ္။

Credit: Duwun

Unicode Version

မိုးစက်ဝိုင်ရဲ့ မွေးနေ့ပွဲကို နိုဗိုတယ်ဟိုတယ်မှာ အနုပညာမောင်နှမတွေနဲ့ အတူ ခမ်းနားကြီးကျယ်စွာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မွေးနေ့ပွဲမှာလည်း သူမကိုယ်တိုင် ထုတ်လုပ်ထားတဲ့ Mozey Collection ကိုလည်း မိတ်ဆက်ပေးခဲ့ပါသေးတယ်။

မိုးစက်ဝိုင်ရဲ့ အသက်(၃၁) နှစ်ပြည့် မွေးနေ့ပွဲကို မေလ(၂၀) ရက်နေ့က Novotel Hotel Max မှာ အနုပညာမောင်နှမတွေ နဲ့အတူ ပျော်ရွှင်စွာ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ ဒီနှစ်မွေးနေ့မှာ သူမက မွေးနေ့ပွဲလည်း ပြုလုပ်ခဲ့သလို ပရဟိတမွေးနေ့အလှူကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။ မွေးနေ့အလှူအနေနဲ့ မိဘမဲ့ ကလေးကျောင်းမှာ Indoor ကလေးကစားကွင်းလေးဆောက်လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“မိုးစက်မွေးနေ့ရောက်တိုင်း မိဘမဲ့ကလေးတွေကို တစ်ခုမဟုတ်တစ်ခုလုပ်ပေးတယ်။ ဒီနှစ်မှာတော့ မိဘမဲ့ကလေးကျောင်းလေးတစ်ခုမှာ Indoor ကလေးကစားကွင်းတစ်ခုလုပ်ပေးတယ်။ ကလေးတွေ နေရိပ်ထဲမှာ ဆော့နိုင်ဖို့အတွက်ရည်ရွယ်ပြီး လုပ်ပေးထားတာပါ” လို့ သူမက မေလ(၂၀) ရက်နေ့က မီဒီယာတွေကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ မွေးနေ့ပွဲမှာ နယ်ပယ်အသီးသီးက အနုပညာရှင်တွေ တက်ရောက်ခဲ့ကြသလို နာမည်ကြီး အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။ မိုးစက်ဝိုင်ဟာ သူမရဲ့ မွေးနေ့ပွဲကို Let’s Party with Wine လို့ နာမည်ပေးထားတာ ဖြစ်ပြီး မွေးနေ့ပွဲမှာ သူမကိုယ်တိုင် ထုတ်လုပ်ထားတဲ့ Mozey Collection အသစ်တွေကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။

မိုးစက်ဝိုင်ဟာ သရုပ်ဆောင် လုပ်ငန်းတွေ မလုပ်ဆောင်မီ အချိန်ကတည်းက ပရဟိတအလုပ်ကို လုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ Myanmar Heart’s Charity အဖွဲ့နဲ့အတူ ပရဟိတအလုပ်တွေ များစွာ လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ မိုးစက်ဝိုင်ကတော့ ၂၀၁၃ခုနှစ် Miss Universe Myanmar ရဲ့ အလှမယ် တစ်ဦးလည်း ဖြစ်ပါတယ်။ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေပြီဖြစ်သလို Mozey ဆိုတဲ့ Brand ကိုလည်း ကိုယ်တိုင်ဦးစီးပြီး ထုတ်လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

Credit: Duwun

About the author

ilove

Leave a Comment