Shwe News

မမ်ွတခဲ့တဲ့အိမ္ေထာင္ေရးအေၾကာင္းကို ပထမဆံုးအၾကိမ္ မ်က္ရည္မ်ားနဲ႔ ရင္ဖြင့္လာတဲ့မ်ိဳးစႏၵီေက်ာ္

အႏုပညာေလာကမွာ ပြင့္ပြင့္လင္းလငး္ေျပာဆိုေနထိုင္တတ္တဲ့ မ်ိဳးစႏၵီေက်ာ္တစ္ေယာက္ဟာ ယခုလက္ရွိမွာေတာ့ Single Mother တစ္ေယာက္အေနျဖင့္ ရပ္တည္ေနတာပါ။

အဆင္မေျပလွတဲ့အိမ္ေထာင္ေရးအေၾကာင္းကို ဖြင့္ဟ ေျပာျပေလ့မရွိေပမယ့္ အိမ္ေထာင္ကြဲခဲ့တာၾကာျပီဆိုတဲ့အေၾကာင္းကိုေတာ့ ပရိသတ္ေတြကိုအသိေပးထားပါတယ္။

မွန္လ်က္နဲ႔ခံေနရတဲ့အျဖစ္မ်ိဳးေတြၾကံဳေနရတဲ့ မ်ိဳးစႏၵီေက်ာ္တစ္ေယာက္ကေတာ့ ခုခ်ိန္မွာ သူမရဲ႕ မမ်ွတတဲ့အိမ္ေထာင္ေရးအေၾကာင္းကို ပထမဆံုးအၾကိမ္ရင္ဖြင့္လိုက္ပါတယ္။

“မိန္းကေလးတစ္ေယာက္က အိမ္ေထာင္ျပဳလိုက္ျပီဆုိရင္ ကိုယ့္အိမ္ေထာင္ဘက္ကို ကိုယ္ပဲအပိုင္လိုခ်င္တယ္ အပိုင္လိုခ်င္တယ္ဆိုတာက မတရားသျဖင့္မဟုတ္ဘူး မ်ွမ်ွတတေပါ့ မ်ွတတဲ့အိမ္ေထာင္ေရး၊ တရားတဲ့အိမ္ေထာင္ေရးကိုလိုခ်င္တယ္ ေယာက္က်ားေလးကလည္း အမသိသေလာက္ အိမ္ေထာင္ျပဳလုိက္ျပီဆုိရင္ သူ႔မိန္းမအေပၚမွာ ေယာက္က်ားဝတၱရားေက်ပြန္ရမယ္၊ ေနာက္ျပီးေတာ့ နားလည္မွုရွိရမယ္။ ကုိယ္ခ်င္းစာတရားထားတတ္ရမယ္ အဓိကကိုယ္ခ်င္းစာတရားပဲ။

အတၱအရမ္းၾကီးေနလို႔ရွိရင္အဲဒီအိမ္ေထာင္ေရးက ဘယ္ေတာ့မွအဆင္မေျပဘူး။ ခ်စ္တာတခုတည္းနဲ႔လည္း အိမ္ေထာင္ေရးကို ဘယ္လိုမွတည္ေဆာက္လို႔မရဘူး။ ခ်စ္တာအျပင္ တရားမ်ွတမွု နားလည္မွု ေနာက္ျပီးေတာ့ ကိုယ္ခ်င္းစာတရား အမ်ားၾကီးလိုတယ္။ ကုိယ္ခ်င္းစာတရားမရွိဘဲနဲ႔ ဘယ္လိုေျပာမလဲ တစ္ခုေျပာရမယ္ဆိုရင္ အမက အိမ္ေထာင္က်တဲ့အခ်ိန္ မိဘေတြနဲ႔ အဆင္မေျပဘူး။

အဆင္မေျပတဲ့အခါက်ေတာ့ အမက သူတို႔မိသားစုနဲ႔ေနရတယ္ေပါ့ေနာ္။ ေနရတဲ့အခါမွာ မိဘေတြနဲ႔ျပန္အဆင္ေျပခ်င္တယ္ ကိုယ္ကအေမနဲ႔တစ္သက္လံုးေနလာတာေလ။ ကုိယ့္အေမကို အဲလိုျဖစ္ခ်င္လို႔ျဖစ္ရတာမဟုတ္ဘူး။ အေျခအေနအေၾကာင္းေၾကာင္းေၾကာင့္ အဲလိုျဖစ္သြားတဲ့အခါက်ေတာ့ အမက မိသားစုကိုအရမ္းခ်စ္တဲ့သူ၊ အဲ့ေတာ့ မိသားစုကိုအရမ္းခ်စ္တဲ့သူဆိုရင္ သူလည္းမိသားစုကုိအရမ္းခ်စ္တယ္။

သူမိသားစုကိုခ်စ္လုိ႔ သူ႕အေမနဲ႔ခုထိမခြဲႏိုင္လို႔ သူေနေနတယ္ အမနားလည္တယ္ ဒါေပမယ့္ အမကိုက်ေတာ့ အေမအိမ္မသြားရဘူး အဲလိုလုပ္တာ ညီမေတြနဲ႔ဖုန္းမေျပာရဘူး ညီမေတြနဲ႔မသြားရဘူး အေမအိမ္သြားမယ္မလား သူ႕အမထည့္မယ္ သူ႔အမ မအားရင္မသြားရဘူး အဲေတာ့အမဘက္ကစဥ္းစားၾကည့္ အမတစ္သက္လံုးအေမနဲ႔ ေနလာတာ။ လံုးဝကိုယ္ခ်င္းစာတရားမရွိဘူး ဒါကိုယ္ခ်င္းစာတရားမရွိလို႔ျဖစ္တာေလ။

ငါေတာင္ ငါ့အေမနဲ႔ေနေနေသးတာပဲ သူကတစ္သက္လံုးမိဘနဲ႔ေနလာတဲ့ မိန္းကေလးတစ္ေယာက္ အမကအသက္(၃၀) မွအိမ္ေထာင္ျပဳတာ အဲေတာ့ အဲလိုကိုယ္ခ်င္းစာတရားမရွိဘူး အဲဒါမ်ိဳးကသူမ်ားေျပာရင္ေသးေသးေလးပဲေပါ့ ဒါေပမယ့္ အဲလိုေသးေသးေလးေပါင္းကအမ်ားၾကီးပဲ အိမ္ေထာင္တစ္ခုဟာ ေယာက္က်ားေဖာက္ျပန္မွ အိမ္ေထာင္ေရးျပိဳကြဲတာမဟုတ္ဘူး အဲအိမ္ေထာင္ေရးဟာ မ်ွတမွုမရွိရင္ အရမ္း ဘက္လိုက္ေနရင္ ဘယ္လိုမွအဆင္မေျပႏိုင္ဘူး

ၾကာတဲ့အခါက်ေတာ့ အမလည္း လူပဲေလ ခံစားခ်က္ရွိတာေပါ့ အမအေမကို ေနမေကာင္းရင္အမသြားေတြ႕ခ်င္တယ္ သြားကန္ေတာ့ခ်င္တယ္ မလုပ္ရဘူး သူ႕အေမနဲ႔သူ တူတူေနတယ္ သူ႔အေမကို အမအကုန္လံုး အမကကုိယ္ခ်င္းစာတတ္တယ္ သူ႔အေမေနမေကာင္းရင္ ေအာ္ ကိုယ့္အေမေနမေကာင္းရင္ေတာင္လုပ္ေပးေသးတယ္။

ဒါကိုယ့္ေယာကၡမဆိုတာ အေမလိုပဲ အမေဆးကုေပးတယ္ သူ႔မိသားစု၊ အေမေတြေရာ အမေတြေရာ တူေတြ၊ တူမေတြကအစ အမ ေက်ာင္းေတြဘာေတြထားေပးတယ္ အကုန္လုပ္ေပးခဲ့တယ္ ဒါေပမယ့္ အမဘက္ကိုက်ေတာ႔ လံုးဝျပန္မၾကည့္ဘူး အဲေတာ့ အဲလိုမမ်ွတတဲ့အိမ္ေထာင္ေရးမွာ အမ မေနခ်င္ဘူး မေနႏိုင္ဘူး။

ဒါအမ တခါမွ မေျဖဖူးဘဲ ေျဖတာ ဘာလို႔လဲဆိုေတာ့ လူေတြက ဟာ အမ ဘလိုင္းၾကီးလုပ္သြားတယ္လို႔ထင္မွာစိုးလို႔ အမအရမ္းသည္းခံခဲ့တယ္ အိမ္ေထာင္သက္ (၆) ႏွစ္ေပါ့ ။ (၆) ႏွစ္ျပီးေတာ့ (၂)ႏွစ္ထပ္ျငိတာ ခု (၂) ႏွစ္ေက်ာ္သြားျပီ ဘယ္လိုမွအဆင္မေျပေတာ့ဘူး။ အမနဲ႔လာေနဆို ဘယ္လိုမွမေနႏိုင္ဘူး အမနဲ႔မေနႏိုင္ဘူး အမအိမ္ကုိမလာႏုိင္ဘူး။

သူ႔အေမအိမ္ေပၚကေန အမငွားေပးခဲ့တဲ့အိမ္ေပါ့ေနာ္ အဲ့မွာသူ႔အေမေနတယ္။ သူ႔အေမနဲ႔ခြဲျပီးမဆင္းလာႏိုင္ဘူးတဲ့ ဆိုေတာ့ ဘာလို႔မိန္းကေလးတစ္ေယာက္ကိုတာဝန္မယူႏိုင္ဘဲ မိန္းမယူခဲ့လဲ။ အဲလိုဆိုရင္ အမရဲ႕ဘဝကိုဖ်က္လိုက္သလိုပဲ။ ဘာမွ အျပစ္မရွိတဲ့ကေလးတစ္ေယာက္ကိုလဲ လူ႕ဘဝထဲေခၚပီး သက္သက္မဲ့ဒုကၡေပးသလိုပဲ မိတကြဲ ဖတကြဲေနရတဲ႔ သားသမီးက ဒါေပမယ့္ မတတ္ႏိုင္ဘူး ဘာလို႔လဲဆိုေတာ့ ေယာက္က်ားတာဝန္မေက်တဲ့ ေယာက္က်ား၊ သူကေတာ့ သားေကာင္းေပါ့ေလ သားလိမၼာပါ သားလိမၼာအေနနဲ႔ အရမ္းေကာင္းတယ္။

ဒါေပမယ့္ မိန္းမအတြက္ကေတာ့ ဘယ္လိုမွအဆင္မေျပဘူး။အဲဒီအတြက္ အမအခု အိမ္ေထာင္ေရးက (၂) ႏွစ္ေက်ာ္ျပီ ကြာရွင္းခြင့္ေတာင္းထားတယ္။ တရားရံုးမွာ သူကကြာရွင္းခြင့္မေပးဘူး။ အမ ပစၥည္းေတြ ဘာေတြအကုန္ထားခဲ့တယ္။ ကေလးပဲေခၚလာတာ ကြာရွင္းခြင့္မေပးတဲ့အတြက္ အမတရားရံုးမွာ ကြာရွင္းခြင့္ရေအာင္ အမွုရင္ဆုိင္ေနတယ္။ ရင္းနွီးတဲ့သူေတာ္ေတာ္မ်ားမ်ားကေတာ့သိပါတယ္။ အမက ပြင့္ပြင့္လင္းလင္းပဲေျပာတတ္တယ္။

ျပီးေတာ့ သူမ်ား တကာကိုလည္း ယုတ္မာတဲ့စိတ္မထားတတ္ဘူး ျပီးေတာ့ သူ႔ကိုလည္းအမ်ားၾကီးမေျပာခ်င္ဘူးဆိုတာကေလ ဟိုဘက္ကအရမ္းေျပာေနလို႔သာ ေမးလို႔ေျပာျပတာ။ အမက ကိုယ့္အေၾကာင္းကို မေျပာျပခ်င္ဘူး။ ဘာလို႔လဲဆိုေတာ့ ဘာလို႔ယူခဲ့လဲ အဲ့လိုေျပာၾကမွာေလ အမအဲ့လို ျဖစ္မယ္မွန္းမသိလို႔ ယူတာေပါ့။ ကုိယ္လည္းကိုယ့္ကိုခ်စ္မယ္ထင္လုိ႔ယူတာေပါ့။ ဒါေပမယ့္ ခ်စ္တာတစ္ခုတည္းနဲ႔ေတာ့ အိမ္ေထာင္ေရးကမျဖစ္ဘူး။

ဘာလို႔လဲဆို သူသာအမကိုတကယ္ခ်စ္တယ္ဆို ကုိယ္ခ်င္းစာတယ္ဆို ဒီလိုအျဖစ္မ်ိဳးရေအာင္မလုပ္ဘူးေလ သမီးမ်က္ႏွာၾကည့္မွာေပါ့ သူက သူ႔ဘဝမွာ အေမပဲ အေမကိုခ်စ္ပါ မခ်စ္နဲ႔မေျပာဘူး အမတို႔လည္း အေမကိုခ်စ္ပါတယ္ ဒါေပမယ့္ အိမ္ေထာင္က်လာျပီဆိုရင္ေတာ့ ကိုယ့္မိန္းမ၊ ကိုယ့္ကေလး၊ ကိုယ့္မိသားစုမ်က္ႏွာကိုတခ်က္ၾကည့္ ရမွာေပါ့။ အဲလိုမမ်ွတတဲ့အိမ္ေထာင္ေရးကုိ အမကဆက္မသြားႏိုင္ဘူး သမီးကိုလည္းသမီးမွန္းမသိတဲ့အေဖနဲ႔အမ မထားႏုိင္ဘူး အဲဒါေၾကာင့္ သမီးေခၚျပီး အမဆင္းလာတာ

ခုအမငိုတယ္ဆိုတာေလေယာက္က်ားနဲ႔ကြဲလို႔ ဝမ္းနည္းလို႔ငိုတာမဟုတ္ဘူး။ တန္ဖုိးမရွိတဲ့ေယာက္က်ားအတြက္ မိဘကို ေစာ္ကားမိလို႔ ဝမ္းနည္းလို႔ ငိုတာ။ကိုယ့္အေပၚမေကာင္းတဲ့သူအတြက္ ခံစားရတာကို ဝမ္းနည္းတာ။ အမတစ္သက္လံုးလည္း ျပန္ေပါင္းစရာအေၾကာင္းမရွိဘူး။ ျပန္လည္းမေပါင္းဘူး။

ဒါအမ ေသခ်ာတ့ဲစကားေျပာတာပဲ။ ဘာလို႔လဲဆိုေတ့ာ ကိုယ့္အေပၚမွာ ညွာတာမွုမရွိဘူး၊ တရားမ်ွတမွုမရွိဘူး အဲလိုေယာက္က်ားနဲ႔ဆံုခဲ့တဲ့ ကိုယ့္ကံၾကမၼာကို ျဖစ္တာေပါ့။ ဒါေပမယ့္ အမ ဝဋ္ေၾကြးကုန္ျပီ မရွိေတာ့ဘူး ျပီးသြားျပီ။

မ်ိဳးစႏၵီေက်ာ္ရဲ႕ အင္တာဗ်ဴး ဗီဒီယို
Video Source-Sunday Journal & We Love Cele

  • Unicode

အနုပညာလောကမှာ ပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်တတ်တဲ့ မျိုးစန္ဒီကျော်တစ်ယောက်ဟာ ယခုလက်ရှိမှာတော့ Single Mother တစ်ယောက်အနေဖြင့် ရပ်တည်နေတာပါ။

အဆင်မပြေလှတဲ့အိမ်ထောင်ရေးအကြောင်းကို ဖွင့်ဟ ပြောပြလေ့မရှိပေမယ့် အိမ်ထောင်ကွဲခဲ့တာကြာပြီဆိုတဲ့အကြောင်းကိုတော့ ပရိသတ်တွေကိုအသိပေးထားပါတယ်။

မှန်လျက်နဲ့ခံနေရတဲ့အဖြစ်မျိုးတွေကြုံနေရတဲ့ မျိုးစန္ဒီကျော်တစ်ယောက်ကတော့ ခုချိန်မှာ သူမရဲ့ မမျှတတဲ့အိမ်ထောင်ရေးအကြောင်းကို ပထမဆုံးအကြိမ်ရင်ဖွင့်လိုက်ပါတယ်။

“မိန်းကလေးတစ်ယောက်က အိမ်ထောင်ပြုလိုက်ပြီဆိုရင် ကိုယ့်အိမ်ထောင်ဘက်ကို ကိုယ်ပဲအပိုင်လိုချင်တယ် အပိုင်လိုချင်တယ်ဆိုတာက မတရားသဖြင့်မဟုတ်ဘူး မျှမျှတတပေါ့ မျှတတဲ့အိမ်ထောင်ရေး၊ တရားတဲ့အိမ်ထောင်ရေးကိုလိုချင်တယ် ယောက်ကျားလေးကလည်း အမသိသလောက် အိမ်ထောင်ပြုလိုက်ပြီဆိုရင် သူ့မိန်းမအပေါ်မှာ ယောက်ကျားဝတ္တရားကျေပွန်ရမယ်၊ နောက်ပြီးတော့ နားလည်မှုရှိရမယ်။ ကိုယ်ချင်းစာတရားထားတတ်ရမယ် အဓိကကိုယ်ချင်းစာတရားပဲ။

အတ္တအရမ်းကြီးနေလို့ရှိရင်အဲဒီအိမ်ထောင်ရေးက ဘယ်တော့မှအဆင်မပြေဘူး။ ချစ်တာတခုတည်းနဲ့လည်း အိမ်ထောင်ရေးကို ဘယ်လိုမှတည်ဆောက်လို့မရဘူး။ ချစ်တာအပြင် တရားမျှတမှု နားလည်မှု နောက်ပြီးတော့ ကိုယ်ချင်းစာတရား အများကြီးလိုတယ်။ ကိုယ်ချင်းစာတရားမရှိဘဲနဲ့ ဘယ်လိုပြောမလဲ တစ်ခုပြောရမယ်ဆိုရင် အမက အိမ်ထောင်ကျတဲ့အချိန် မိဘတွေနဲ့ အဆင်မပြေဘူး။

အဆင်မပြေတဲ့အခါကျတော့ အမက သူတို့မိသားစုနဲ့နေရတယ်ပေါ့နော်။ နေရတဲ့အခါမှာ မိဘတွေနဲ့ပြန်အဆင်ပြေချင်တယ် ကိုယ်ကအမေနဲ့တစ်သက်လုံးနေလာတာလေ။ ကိုယ့်အမေကို အဲလိုဖြစ်ချင်လို့ဖြစ်ရတာမဟုတ်ဘူး။ အခြေအနေအကြောင်းကြောင်းကြောင့် အဲလိုဖြစ်သွားတဲ့အခါကျတော့ အမက မိသားစုကိုအရမ်းချစ်တဲ့သူ၊ အဲ့တော့ မိသားစုကိုအရမ်းချစ်တဲ့သူဆိုရင် သူလည်းမိသားစုကိုအရမ်းချစ်တယ်။

သူမိသားစုကိုချစ်လို့ သူ့အမေနဲ့ခုထိမခွဲနိုင်လို့ သူနေနေတယ် အမနားလည်တယ် ဒါပေမယ့် အမကိုကျတော့ အမေအိမ်မသွားရဘူး အဲလိုလုပ်တာ ညီမတွေနဲ့ဖုန်းမပြောရဘူး ညီမတွေနဲ့မသွားရဘူး အမေအိမ်သွားမယ်မလား သူ့အမထည့်မယ် သူ့အမ မအားရင်မသွားရဘူး အဲတော့အမဘက်ကစဉ်းစားကြည့် အမတစ်သက်လုံးအမေနဲ့ နေလာတာ။ လုံးဝကိုယ်ချင်းစာတရားမရှိဘူး ဒါကိုယ်ချင်းစာတရားမရှိလို့ဖြစ်တာလေ။

ငါတောင် ငါ့အမေနဲ့နေနေသေးတာပဲ သူကတစ်သက်လုံးမိဘနဲ့နေလာတဲ့ မိန်းကလေးတစ်ယောက် အမကအသက်(၃၀) မှအိမ်ထောင်ပြုတာ အဲတော့ အဲလိုကိုယ်ချင်းစာတရားမရှိဘူး အဲဒါမျိုးကသူများပြောရင်သေးသေးလေးပဲပေါ့ ဒါပေမယ့် အဲလိုသေးသေးလေးပေါင်းကအများကြီးပဲ အိမ်ထောင်တစ်ခုဟာ ယောက်ကျားဖောက်ပြန်မှ အိမ်ထောင်ရေးပြိုကွဲတာမဟုတ်ဘူး အဲအိမ်ထောင်ရေးဟာ မျှတမှုမရှိရင် အရမ်း ဘက်လိုက်နေရင် ဘယ်လိုမှအဆင်မပြေနိုင်ဘူး

ကြာတဲ့အခါကျတော့ အမလည်း လူပဲလေ ခံစားချက်ရှိတာပေါ့ အမအမေကို နေမကောင်းရင်အမသွားတွေ့ချင်တယ် သွားကန်တော့ချင်တယ် မလုပ်ရဘူး သူ့အမေနဲ့သူ တူတူနေတယ် သူ့အမေကို အမအကုန်လုံး အမကကိုယ်ချင်းစာတတ်တယ် သူ့အမေနေမကောင်းရင် အော် ကိုယ့်အမေနေမကောင်းရင်တောင်လုပ်ပေးသေးတယ်။

ဒါကိုယ့်ယောက္ခမဆိုတာ အမေလိုပဲ အမဆေးကုပေးတယ် သူ့မိသားစု၊ အမေတွေရော အမတွေရော တူတွေ၊ တူမတွေကအစ အမ ကျောင်းတွေဘာတွေထားပေးတယ် အကုန်လုပ်ပေးခဲ့တယ် ဒါပေမယ့် အမဘက်ကိုကျတော့ လုံးဝပြန်မကြည့်ဘူး အဲတော့ အဲလိုမမျှတတဲ့အိမ်ထောင်ရေးမှာ အမ မနေချင်ဘူး မနေနိုင်ဘူး။

ဒါအမ တခါမှ မဖြေဖူးဘဲ ဖြေတာ ဘာလို့လဲဆိုတော့ လူတွေက ဟာ အမ ဘလိုင်းကြီးလုပ်သွားတယ်လို့ထင်မှာစိုးလို့ အမအရမ်းသည်းခံခဲ့တယ် အိမ်ထောင်သက် (၆) နှစ်ပေါ့ ။ (၆) နှစ်ပြီးတော့ (၂)နှစ်ထပ်ငြိတာ ခု (၂) နှစ်ကျော်သွားပြီ ဘယ်လိုမှအဆင်မပြေတော့ဘူး။ အမနဲ့လာနေဆို ဘယ်လိုမှမနေနိုင်ဘူး အမနဲ့မနေနိုင်ဘူး အမအိမ်ကိုမလာနိုင်ဘူး။

သူ့အမေအိမ်ပေါ်ကနေ အမငှားပေးခဲ့တဲ့အိမ်ပေါ့နော် အဲ့မှာသူ့အမေနေတယ်။ သူ့အမေနဲ့ခွဲပြီးမဆင်းလာနိုင်ဘူးတဲ့ ဆိုတော့ ဘာလို့မိန်းကလေးတစ်ယောက်ကိုတာဝန်မယူနိုင်ဘဲ မိန်းမယူခဲ့လဲ။ အဲလိုဆိုရင် အမရဲ့ဘဝကိုဖျက်လိုက်သလိုပဲ။ ဘာမှ အပြစ်မရှိတဲ့ကလေးတစ်ယောက်ကိုလဲ လူ့ဘဝထဲခေါ်ပီး သက်သက်မဲ့ဒုက္ခပေးသလိုပဲ မိတကွဲ ဖတကွဲနေရတဲ့ သားသမီးက ဒါပေမယ့် မတတ်နိုင်ဘူး ဘာလို့လဲဆိုတော့ ယောက်ကျားတာဝန်မကျေတဲ့ ယောက်ကျား၊ သူကတော့ သားကောင်းပေါ့လေ သားလိမ္မာပါ သားလိမ္မာအနေနဲ့ အရမ်းကောင်းတယ်။

ဒါပေမယ့် မိန်းမအတွက်ကတော့ ဘယ်လိုမှအဆင်မပြေဘူး။အဲဒီအတွက် အမအခု အိမ်ထောင်ရေးက (၂) နှစ်ကျော်ပြီ ကွာရှင်းခွင့်တောင်းထားတယ်။ တရားရုံးမှာ သူကကွာရှင်းခွင့်မပေးဘူး။ အမ ပစ္စည်းတွေ ဘာတွေအကုန်ထားခဲ့တယ်။ ကလေးပဲခေါ်လာတာ ကွာရှင်းခွင့်မပေးတဲ့အတွက် အမတရားရုံးမှာ ကွာရှင်းခွင့်ရအောင် အမှုရင်ဆိုင်နေတယ်။ ရင်းနှီးတဲ့သူတော်တော်များများကတော့သိပါတယ်။ အမက ပွင့်ပွင့်လင်းလင်းပဲပြောတတ်တယ်။

ပြီးတော့ သူများ တကာကိုလည်း ယုတ်မာတဲ့စိတ်မထားတတ်ဘူး ပြီးတော့ သူ့ကိုလည်းအများကြီးမပြောချင်ဘူးဆိုတာကလေ ဟိုဘက်ကအရမ်းပြောနေလို့သာ မေးလို့ပြောပြတာ။ အမက ကိုယ့်အကြောင်းကို မပြောပြချင်ဘူး။ ဘာလို့လဲဆိုတော့ ဘာလို့ယူခဲ့လဲ အဲ့လိုပြောကြမှာလေ အမအဲ့လို ဖြစ်မယ်မှန်းမသိလို့ ယူတာပေါ့။ ကိုယ်လည်းကိုယ့်ကိုချစ်မယ်ထင်လို့ယူတာပေါ့။ ဒါပေမယ့် ချစ်တာတစ်ခုတည်းနဲ့တော့ အိမ်ထောင်ရေးကမဖြစ်ဘူး။

ဘာလို့လဲဆို သူသာအမကိုတကယ်ချစ်တယ်ဆို ကိုယ်ချင်းစာတယ်ဆို ဒီလိုအဖြစ်မျိုးရအောင်မလုပ်ဘူးလေ သမီးမျက်နှာကြည့်မှာပေါ့ သူက သူ့ဘဝမှာ အမေပဲ အမေကိုချစ်ပါ မချစ်နဲ့မပြောဘူး အမတို့လည်း အမေကိုချစ်ပါတယ် ဒါပေမယ့် အိမ်ထောင်ကျလာပြီဆိုရင်တော့ ကိုယ့်မိန်းမ၊ ကိုယ့်ကလေး၊ ကိုယ့်မိသားစုမျက်နှာကိုတချက်ကြည့် ရမှာပေါ့။ အဲလိုမမျှတတဲ့အိမ်ထောင်ရေးကို အမကဆက်မသွားနိုင်ဘူး သမီးကိုလည်းသမီးမှန်းမသိတဲ့အဖေနဲ့အမ မထားနိုင်ဘူး အဲဒါကြောင့် သမီးခေါ်ပြီး အမဆင်းလာတာ

ခုအမငိုတယ်ဆိုတာလေယောက်ကျားနဲ့ကွဲလို့ ဝမ်းနည်းလို့ငိုတာမဟုတ်ဘူး။ တန်ဖိုးမရှိတဲ့ယောက်ကျားအတွက် မိဘကို စော်ကားမိလို့ ဝမ်းနည်းလို့ ငိုတာ။ကိုယ့်အပေါ်မကောင်းတဲ့သူအတွက် ခံစားရတာကို ဝမ်းနည်းတာ။ အမတစ်သက်လုံးလည်း ပြန်ပေါင်းစရာအကြောင်းမရှိဘူး။ ပြန်လည်းမပေါင်းဘူး။

ဒါအမ သေချာတဲ့စကားပြောတာပဲ။ ဘာလို့လဲဆိုတေ့ာ ကိုယ့်အပေါ်မှာ ညှာတာမှုမရှိဘူး၊ တရားမျှတမှုမရှိဘူး အဲလိုယောက်ကျားနဲ့ဆုံခဲ့တဲ့ ကိုယ့်ကံကြမ္မာကို ဖြစ်တာပေါ့။ ဒါပေမယ့် အမ ဝဋ်ကြွေးကုန်ပြီ မရှိတော့ဘူး ပြီးသွားပြီ။

မျိုးစန္ဒီကျော်ရဲ့ အင်တာဗျူး ဗီဒီယို
Video Source-Sunday Journal & We Love Cele

About the author

Wai Phyo Oo

Leave a Comment