Shwe News
သင်္ဘောပျက်ပေါ်မှ …လှိုင်မြစ်အတွင်း …ဒိုင်ဗင်ထိုးသူ ..လူငယ်တစ်ဦးရဲ့ ဖြစ်ရပ်
သေ င်္ဘာ ပျက်ပေါ်မှ လှိုင်မြစ်အတွင်း ဒိုင်ဗင်ထိုးသူ လူငယ် ရေနစ်သေဆုံး
  • Unicode Version
အင်းစိန်မြို့နယ်တွင် သင်္ဘောပျက်ပေါ်မှ မြစ်အတွင်းသို့ ဒိုင်ပင်ထိုးချသည့်လူငယ်တစ်ဦး ရေနစ်သေဆုံးခဲ့မှု မေ ၂၁ ရက်က ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ည ၁၀ နာရီခွဲတွင် အင်းစိန်မြို့နယ် ကမ်းနားအနောက်အုပ်ချုပ်ရေးမှူးက သက်ဆိုင် ရာသို့ဆက်သွယ်ကာ လူငယ်တစ်ဦးရေနစ်သေဆုံးကြောင်း သတင်းပေးသဖြင့် အင်းစိန်မြို့မ ရဲစခန်းမှူး ဒုရဲမှူး တင်လတ်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူမှာ အင်းစိန်(က+ခ) မြို့နယ်နေ သိန်းပြည့်အောင်(၁၉ နှစ်)ဖြစ်ပြီး ညနေ ၅ နာရီခွဲခန့်က သစ်ဆိပ်လမ်း လှိုင်မြစ်ကမ်းစပ်တွင်ရှိသည့် သင်္ဘောပျက်ပေါ်မှ မြစ်အတွင်းသို့ ဒိုင်ဗင်ထိုးချစဉ် ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
ပျောက်ဆုံးသူ၏ အလောင်းကို ည ၁၀ နာရီ မိနစ်၂၀ ခန့်တွင် ပြန်လည်တွေ့ရှိခဲ့သည်။အလောင်းတွင် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိသဖြင့် အင်းစိန်ဆေးရုံသို့ ပို့အပ်ခဲ့ပြီး အင်းစိန်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၃၈/၁၉ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။TheMyanmarTimes
About the author
Crypoetess
Leave a Comment