Shwe News

ကေလးေဆး႐ုံေတြကို …နာမည္မေဖာ္ဘဲ…. ႏွစ္ေပါင္းမ်ားစြာေငြေၾကးေထာက္ပံ့ခဲ့တဲ့ ..ကီးႏူးရီးဗ္စ္

ဝင္ေ ငြေကာင္းၿပီး နာမည္ေက်ာ္ၾကားတဲ့ နိုင္ငံတကာအႏုပညာရွင္ထဲမွာ ပရဟိတစိတ္ဓာတ္ရွိၿပီး အလႉအတန္း ရက္ေရာတဲ့သူေတြ အမ်ားႀကီးရွိပါတယ္။ လူသိေအာင္တစ္မ်ိဳး မသိေအာင္တစ္မ်ိဳး လႉဒါန္းၾကတဲ့သူေတြလည္း ရွိပါတယ္။

အဲ ဒီ ထဲမွာ အသက္ ၅၄ ႏွစ္အ႐ြယ္ ေဟာလိဝုဒ္မင္းသားႀကီး ကီးႏူးရီးဗ္စ္ (Keanu Reeves) လည္း တစ္ေယာက္အပါအဝင္ပါပဲ။ အခုလက္ရွိအခ်ိန္မွာ ရီးဗ္စ္ေခါင္းေဆာင္ပါဝင္ထားတဲ့ John Wick 3 ႐ုပ္ရွင္ကို ႐ုံတင္ျပသေနၿပီး ပြဲဦးထြက္မွာ တစ္ပတ္စာဝင္ေငြအေကာင္းဆုံး ဇာတ္လမ္းအျဖစ္ ရပ္တည္ေနပါတယ္။

ရီး ဗ္စ္ ဟာ ဝင္ေငြေကာင္းတဲ့ နာမည္ေက်ာ္မင္းသားတစ္လက္ျဖစ္ေပမဲ့ ပကာသနမဖက္ဘဲ အေနအထိုင္ ရိုးရွင္းလြန္းသူ ျဖစ္ပါတယ္။ ေျမေအာက္ရထားစီးနင္းခ်ိန္မွာ အမ်ိဳးသမီးတစ္ေယာက္အတြက္ သူထိုင္ခုံဖယ္ေပးခဲ့ ဖူးသူ ရီးဗ္စ္ဟာ ကမ္းေျခမွာ ဆစ္ဒဝွစ္ခ်္စားရင္း လမ္းေပၚကအိမ္ရာမဲ့တစ္ေယာက္နဲ႕လည္း စကားလက္ဆုံ က်ခ်င္လည္း က်ေနတတ္သူျဖစ္ပါတယ္။

ဒါ့ျပင္ ပရဟိတစိတ္ဓာတ္ရွိတဲ့ ရီးဗ္စ္ဟာ ကေလးေဆး႐ုံတစ္ခု အတြက္ လူမသိေအာင္ ေငြေၾကးေထာက္ပံ့ေပးေနတာလည္း ႏွစ္ေပါင္းမ်ားစြာ ၾကာပါၿပီ။

ရီး ဗ္စ္ ဟာ ငယ္႐ြယ္စဥ္အခါက သူ႕ပုံခုံးေပၚမွာ တာဝန္အမ်ားႀကီးကို ထမ္းရင္း ဘဝကိုေလွ်ာက္လွမ္းခဲ့သူ ျဖစ္ပါတယ္။ သူ႕အသက္ ၃ ႏွစ္အ႐ြယ္မွာ ဖခင္ျဖစ္သူေထာင္က်သြားတာေၾကာင့္ အဲဒီအခ်ိန္ကစလို႔ ရီးဗ္စ္ တစ္ေယာက္ မိခင္ျဖစ္သူနဲ႕အတူ ပေထြးေပါင္းမ်ားစြာနဲ႕ ေနထိုင္ခဲ့ရပါတယ္။ ဒါ့ျပင္ သူ႕မွာ dyslexia လို႔ေခၚတဲ့ စာဖတ္ခက္တဲ့ေရာဂါတစ္မ်ိဳး ရွိေနတာေၾကာင့္ ေက်ာင္းတက္ရတာ ခက္ခဲခဲ့ၿပီး ေက်ာင္းေပါင္းမ်ားစြာကိုလည္း ေျပာင္းေ႐ႊ႕ခဲ့ရဖူးပါတယ္။

ရီး ဗ္စ္ ဟာ သူ႕ေရာဂါေၾကာင့္ စာေပဘက္မွာ အားနည္းခဲ့ေပမဲ့ အားကစားမွာထူးခြၽန္ၿပီး ေရခဲေဟာ္ကီကစားျခင္း ကို ႏွစ္သက္ခုံခမင္သူ ျဖစ္ပါတယ္။ ပေရာ္ဖက္ရွင္နယ္ ေရခဲေဟာ္ကီအားကစားသမားတစ္ေယာက္ ျဖစ္လာဖို႔ ဆႏၵရွိေပမဲ့ ကစားရင္း ျပင္းျပင္းထန္ထန္ ဒဏ္ရာရရွိခဲ့တာေၾကာင့္ အခုလို သ႐ုပ္ေဆာင္လိုင္းဘက္ ေရာက္ရွိၿပီး မင္းသားျဖစ္လာခဲ့တာပါ။

ရီးဗ္စ္ရဲ႕ မိသားစုကံမေကာင္းမႈဟာ ဒီေနရာမွာတင္ ရပ္မသြားပါဘူး။ ၁၉၉၈ ခုႏွစ္မွာ ႏွစ္အေတာ္ၾကာတြဲခဲ့တဲ့ ခ်စ္သူနဲ႕ လက္ထပ္ခဲ့ၿပီး တစ္ႏွစ္ေက်ာ္အၾကာမွာ ဇနီးျဖစ္သူက ကိုယ္ဝန္ရခဲ့ေပမဲ့ လရင့္ခ်ိန္မွာ ကေလးပ်က္က် သြားခဲ့ပါတယ္။

အဲဒီအျဖစ္ပ်က္ၿပီး ရက္သတၱအနည္းငယ္အၾကာမွာေတာ့ စိတ္က်ေဝဒနာခံစားေနရတဲ့ ဇနီးျဖစ္သူဟာ ကားမေတာ္တဆမႈနဲ႕ ကြယ္လြန္သြားခဲ့ပါတယ္။ ရီးဗ္စ္တစ္ေယာက္ အဲဒီအခ်ိန္ကစလို႔ ေနာက္ အိမ္ေထာင္ထပ္မျပဳခဲ့တာ အခုခ်ိန္ထိပဲ ျဖစ္ပါတယ္။

ရီး ဗ္စ္ တည္ေထာင္ထားတဲ့ ပရဟိတအဖြဲ႕ဟာ ကင္ဆာသုေတသနအတြက္ လႉဒါန္းခဲ့သလို ကေလးေဆး႐ုံနဲ႕ ကေလးေတြအတြက္လည္း လႉဒါန္းေလ့ရွိပါတယ္။ အဲဒီအေၾကာင္းနဲ႕ပတ္သက္လို႔ ရီးဗ္စ္က “ကြၽန္ေတာ္ ဒီ ပရဟိတေဖာင္ေဒးရွင္းကို လုပ္ေနတာ ငါးႏွစ္ေျခာက္ႏွစ္ေလာက္ ရွိပါၿပီ။ ကေလးေဆး႐ုံေတြနဲ႕ ကင္ဆာသုေတသနအတြက္ ကူညီေပးေနပါတယ္။ အဲဒီအတြက္ ကြၽန္ေတာ့္နာမည္ကို တံဆပ္မကပ္ခ်င္ပါဘူး။ ေဖာင္ေဒးရွင္းအေနနဲ႕ပဲ လုပ္ေဆာင္သြားမွာပါ” လို႔ ထုတ္ေျပာခဲ့ပါတယ္။

၁ ၉ ၈ ၄ ခုႏွစ္ကတည္းက အႏုပညာေလာကထဲ စတင္ေရာက္ရွိခဲ့တဲ့ ရီးဗ္စ္ဟာ Bill and Ted ဇာတ္လမ္းေတြ၊ Point Break, Speed, John Wick ဇာတ္လမ္းေတြ၊ Constantine နဲ႕ The Matrix ဇာတ္လမ္းေတြအပါအဝင္ နာမည္ေက်ာ္ ႐ုပ္ရွင္ဇာတ္လမ္းမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။

ရီးဗ္စ္ဟာ သူနဲ႕အတူအလုပ္လုပ္တဲ့ သူေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြကိုလည္း အၿမဲတမ္းေကြၽးေမြးဧည့္ခံေလ့ရွိတဲ့ ရက္ေရာသေဘာေကာင္းသူႀကီး လည္း ျဖစ္ပါတယ္။

by Cherry Mon

Ref; Good Times, Wikipedia

  • Unicode Version

ဝင်ေ ငွကောင်းပြီး နာမည်ကျော်ကြားတဲ့ နိုင်ငံတကာအနုပညာရှင်ထဲမှာ ပရဟိတစိတ်ဓာတ်ရှိပြီး အလှူအတန်း ရက်ရောတဲ့သူတွေ အများကြီးရှိပါတယ်။ လူသိအောင်တစ်မျိုး မသိအောင်တစ်မျိုး လှူဒါန်းကြတဲ့သူတွေလည်း ရှိပါတယ်။

အဲ ဒီ ထဲမှာ အသက် ၅၄ နှစ်အရွယ် ဟောလိဝုဒ်မင်းသားကြီး ကီးနူးရီးဗ်စ် (Keanu Reeves) လည်း တစ်ယောက်အပါအဝင်ပါပဲ။ အခုလက်ရှိအချိန်မှာ ရီးဗ်စ်ခေါင်းဆောင်ပါဝင်ထားတဲ့ John Wick 3 ရုပ်ရှင်ကို ရုံတင်ပြသနေပြီး ပွဲဦးထွက်မှာ တစ်ပတ်စာဝင်ငွေအကောင်းဆုံး ဇာတ်လမ်းအဖြစ် ရပ်တည်နေပါတယ်။

ရီး ဗ်စ် ဟာ ဝင်ငွေကောင်းတဲ့ နာမည်ကျော်မင်းသားတစ်လက်ဖြစ်ပေမဲ့ ပကာသနမဖက်ဘဲ အနေအထိုင် ရိုးရှင်းလွန်းသူ ဖြစ်ပါတယ်။ မြေအောက်ရထားစီးနင်းချိန်မှာ အမျိုးသမီးတစ်ယောက်အတွက် သူထိုင်ခုံဖယ်ပေးခဲ့ ဖူးသူ ရီးဗ်စ်ဟာ ကမ်းခြေမှာ ဆစ်ဒဝှစ်ချ်စားရင်း လမ်းပေါ်ကအိမ်ရာမဲ့တစ်ယောက်နဲ့လည်း စကားလက်ဆုံ ကျချင်လည်း ကျနေတတ်သူဖြစ်ပါတယ်။

ဒါ့ပြင် ပရဟိတစိတ်ဓာတ်ရှိတဲ့ ရီးဗ်စ်ဟာ ကလေးဆေးရုံတစ်ခု အတွက် လူမသိအောင် ငွေကြေးထောက်ပံ့ပေးနေတာလည်း နှစ်ပေါင်းများစွာ ကြာပါပြီ။

ရီး ဗ်စ် ဟာ ငယ်ရွယ်စဉ်အခါက သူ့ပုံခုံးပေါ်မှာ တာဝန်အများကြီးကို ထမ်းရင်း ဘဝကိုလျှောက်လှမ်းခဲ့သူ ဖြစ်ပါတယ်။ သူ့အသက် ၃ နှစ်အရွယ်မှာ ဖခင်ဖြစ်သူထောင်ကျသွားတာကြောင့် အဲဒီအချိန်ကစလို့ ရီးဗ်စ် တစ်ယောက် မိခင်ဖြစ်သူနဲ့အတူ ပထွေးပေါင်းများစွာနဲ့ နေထိုင်ခဲ့ရပါတယ်။ ဒါ့ပြင် သူ့မှာ dyslexia လို့ခေါ်တဲ့ စာဖတ်ခက်တဲ့ရောဂါတစ်မျိုး ရှိနေတာကြောင့် ကျောင်းတက်ရတာ ခက်ခဲခဲ့ပြီး ကျောင်းပေါင်းများစွာကိုလည်း ပြောင်းရွှေ့ခဲ့ရဖူးပါတယ်။

ရီး ဗ်စ် ဟာ သူ့ရောဂါကြောင့် စာပေဘက်မှာ အားနည်းခဲ့ပေမဲ့ အားကစားမှာထူးချွန်ပြီး ရေခဲဟော်ကီကစားခြင်း ကို နှစ်သက်ခုံခမင်သူ ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် ရေခဲဟော်ကီအားကစားသမားတစ်ယောက် ဖြစ်လာဖို့ ဆန္ဒရှိပေမဲ့ ကစားရင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တာကြောင့် အခုလို သရုပ်ဆောင်လိုင်းဘက် ရောက်ရှိပြီး မင်းသားဖြစ်လာခဲ့တာပါ။

ရီးဗ်စ်ရဲ့ မိသားစုကံမကောင်းမှုဟာ ဒီနေရာမှာတင် ရပ်မသွားပါဘူး။ ၁၉၉၈ ခုနှစ်မှာ နှစ်အတော်ကြာတွဲခဲ့တဲ့ ချစ်သူနဲ့ လက်ထပ်ခဲ့ပြီး တစ်နှစ်ကျော်အကြာမှာ ဇနီးဖြစ်သူက ကိုယ်ဝန်ရခဲ့ပေမဲ့ လရင့်ချိန်မှာ ကလေးပျက်ကျ သွားခဲ့ပါတယ်။

အဲဒီအဖြစ်ပျက်ပြီး ရက်သတ္တအနည်းငယ်အကြာမှာတော့ စိတ်ကျဝေဒနာခံစားနေရတဲ့ ဇနီးဖြစ်သူဟာ ကားမတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ရီးဗ်စ်တစ်ယောက် အဲဒီအချိန်ကစလို့ နောက် အိမ်ထောင်ထပ်မပြုခဲ့တာ အခုချိန်ထိပဲ ဖြစ်ပါတယ်။

ရီး ဗ်စ် တည်ထောင်ထားတဲ့ ပရဟိတအဖွဲ့ဟာ ကင်ဆာသုတေသနအတွက် လှူဒါန်းခဲ့သလို ကလေးဆေးရုံနဲ့ ကလေးတွေအတွက်လည်း လှူဒါန်းလေ့ရှိပါတယ်။ အဲဒီအကြောင်းနဲ့ပတ်သက်လို့ ရီးဗ်စ်က “ကျွန်တော် ဒီ ပရဟိတဖောင်ဒေးရှင်းကို လုပ်နေတာ ငါးနှစ်ခြောက်နှစ်လောက် ရှိပါပြီ။ ကလေးဆေးရုံတွေနဲ့ ကင်ဆာသုတေသနအတွက် ကူညီပေးနေပါတယ်။ အဲဒီအတွက် ကျွန်တော့်နာမည်ကို တံဆပ်မကပ်ချင်ပါဘူး။ ဖောင်ဒေးရှင်းအနေနဲ့ပဲ လုပ်ဆောင်သွားမှာပါ” လို့ ထုတ်ပြောခဲ့ပါတယ်။

၁ ၉ ၈ ၄ ခုနှစ်ကတည်းက အနုပညာလောကထဲ စတင်ရောက်ရှိခဲ့တဲ့ ရီးဗ်စ်ဟာ Bill and Ted ဇာတ်လမ်းတွေ၊ Point Break, Speed, John Wick ဇာတ်လမ်းတွေ၊ Constantine နဲ့ The Matrix ဇာတ်လမ်းတွေအပါအဝင် နာမည်ကျော် ရုပ်ရှင်ဇာတ်လမ်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

ရီးဗ်စ်ဟာ သူနဲ့အတူအလုပ်လုပ်တဲ့ သူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အမြဲတမ်းကျွေးမွေးဧည့်ခံလေ့ရှိတဲ့ ရက်ရောသဘောကောင်းသူကြီး လည်း ဖြစ်ပါတယ်။

by Cherry Mon

Ref; Good Times, Wikipedia

About the author

Crypoetess

Leave a Comment