Shwe News

Single Mother ဘဝမွာ… အရမ္းအဆင္ေျပေနတယ္ဆိုတဲ့… မ်ိဳးစႏၵီေက်ာ္

[Zawgyi Version]

မ သာ ယာ တဲ့ အိမ္ေထာင္ေရးကို ဆက္ေလွ်ာက္မယ့္အစား ကိုယ္တစ္ေယာက္တည္း ရပ္တည္လိုက္တာ ပိုေကာင္းတယ္လို႕ သူမကဆုိပါတယ္။ သူမရဲ႕ ဘဝအေၾကာင္းကိုလည္း ေျပာျပထားပါတယ္။

မ်ိိဳး စႏ ၵီေက်ာ္က Single Mother တစ္ေယာက္အေနနဲ႕ ရပ္တည္ရတာ ခက္ခဲတဲ့အခ်ိန္ေတြ ရွိေနေပမယ့္လည္း အရမ္းကို အဆင္ေျပတယ္လို႕ ဆုိပါတယ္။

“သူ မ်ားေ တြေတာ့မသိဘူးအမကေတာ့ Single Mother ဘဝက အရမ္းအဆင္ေျပတယ္။ အဆင္မေျပတဲ့ အိမ္ေထာင္ေရးကို စိတ္ညစ္ေနမယ့္အစား အရင္တုန္းကလည္း ကိုယ္ေတြ ရုန္းရတာပဲ။ အရင္က စိတ္ဆင္းရဲၿပီး အလုပ္လုပ္ရတယ္။ အခုဟာက ကိုယ့္ဘာသာကိုယ့္ စိတ္ခ်မ္းသာသာနဲ႕အလုပ္ကို ေကာင္းေကာင္းမြန္မြန္ လုပ္ႏိုင္တယ္ဆုိေတာ့ အခုဘဝကို ပိုစိတ္ခ်မ္းသာတယ္” လို႕ ေမလ(၂၅) ရက္ေန႕က ျပဳလုပ္တဲ့ သူမရဲ႕ ဆိုင္ဖြင့္ပြဲမွ မီဒီယာေတြကို ေျဖဆိုခဲ့တာပါ။

အိမ္ေ ထာင္ျပဳခဲ့ဖူးတဲ့သူမအေနနဲ႕ အိမ္ေထာင္က်ၿပီးတဲ့ သူတိုင္းက အိမ္ေထာင္မျပဳနဲ႕လို႕ တားၾကတဲ့အေပၚကိုလည္း သူမက ယခုလို တုံ႕ျပန္လုိက္ပါတယ္။

“အ ရမ္းေ ကာင္းတဲ့ အိမ္ေထာင္ရွင္အမ်ိဳးသားေတြရွိတယ္။ အမသူငယ္ခ်င္းမိန္းကေလးကို သူ႕ေယာက်္ားက အရမ္းခ်စ္တာေတြ ရွိတယ္။တစ္ေယာက္နဲ႕တစ္ေယာက္ ကံမတူဘူးေလ။ မိန္းမေတြရဲ႕ ကံက ထီထိုးသလိုပဲဆိုေတာ့ လူတုိင္း ကံမဆိုးဘူး။ အဲဒီေတာ့ အိမ္ေထာင္မျပဳနဲ႕လို႕ေတာ့ မေျပာပါဘူး။ေယာက်္ားေကာင္းေတြအမ်ားႀကီးရွိတယ္။ကံေကာင္းတဲ့ သူကို ေရြးတတ္ဖို႕ပဲလိုတာပါ။ ကိုယ္ကညံ့ခဲ့တာကို”လုိ႕ သူမက ဆက္လက္ေျပာျပခဲ့ပါတယ္။

Photo : မ်ိဳးစႏၵီေက်ာ္

ဇာတ္ ကား မရိုက္တာ ေလးနွစ္ေက်ာ္၊ ငါးနွစ္ေလာက္ ရွိေနၿပီျဖစ္တဲ့ သရုပ္ေဆာင္မ်ိဳးစႏၵီေက်ာ္ကို မၾကာခင္ TV ဖန္သားျပင္ထက္မွာ ျပန္လည္ ျမင္ေတြ႕ရေတာ့မွာပါ။ တစ္ေခတ္တခါက ေအာင္ျမင္ခဲ့တဲ့သူမဟာ အိမ္ေထာင္က်သြားၿပီးေနာက္ အႏုပညာအလုပ္ေတြနဲ႕ ေဝးကြာခဲ့ရတာပါ။ လက္ရွိမွာေတာ့ သမီးေလးနဲ႔အတူ တီဗီေၾကာ္ျငာေတြ ရုိက္ကူးေနတာျဖစ္ပါတယ္။ အဲဒီေနာက္ ရုပ္သံဇာတ္လမ္းတြဲလည္း ရုိက္ကူးထားပါေသးတယ္။

Credit- Duwun

  • [Unicode Version]

မသာယာတဲ့ အိမ်ထောင်ရေးကို ဆက်လျှောက်မယ့်အစား ကိုယ်တစ်ယောက်တည်း ရပ်တည်လိုက်တာ ပိုကောင်းတယ်လို့ သူမကဆိုပါတယ်။ သူမရဲ့ ဘဝအကြောင်းကိုလည်း ပြောပြထားပါတယ်။

မျိုးစန္ဒီကျော်က Single Mother တစ်ယောက်အနေနဲ့ ရပ်တည်ရတာ ခက်ခဲတဲ့အချိန်တွေ ရှိနေပေမယ့်လည်း အရမ်းကို အဆင်ပြေတယ်လို့ ဆိုပါတယ်။

“သူများတွေတော့မသိဘူးအမကတော့ Single Mother ဘဝက အရမ်းအဆင်ပြေတယ်။ အဆင်မပြေတဲ့ အိမ်ထောင်ရေးကို စိတ်ညစ်နေမယ့်အစား အရင်တုန်းကလည်း ကိုယ်တွေ ရုန်းရတာပဲ။ အရင်က စိတ်ဆင်းရဲပြီး အလုပ်လုပ်ရတယ်။ အခုဟာက ကိုယ့်ဘာသာကိုယ့် စိတ်ချမ်းသာသာနဲ့အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်နိုင်တယ်ဆိုတော့ အခုဘဝကို ပိုစိတ်ချမ်းသာတယ်” လို့ မေလ(၂၅) ရက်နေ့က ပြုလုပ်တဲ့ သူမရဲ့ ဆိုင်ဖွင့်ပွဲမှ မီဒီယာတွေကို ဖြေဆိုခဲ့တာပါ။

အိမ်ထောင်ပြုခဲ့ဖူးတဲ့သူမအနေနဲ့ အိမ်ထောင်ကျပြီးတဲ့ သူတိုင်းက အိမ်ထောင်မပြုနဲ့လို့ တားကြတဲ့အပေါ်ကိုလည်း သူမက ယခုလို တုံ့ပြန်လိုက်ပါတယ်။

“အရမ်းကောင်းတဲ့ အိမ်ထောင်ရှင်အမျိုးသားတွေရှိတယ်။ အမသူငယ်ချင်းမိန်းကလေးကို သူ့ယောကျ်ားက အရမ်းချစ်တာတွေ ရှိတယ်။တစ်ယောက်နဲ့တစ်ယောက် ကံမတူဘူးလေ။ မိန်းမတွေရဲ့ ကံက ထီထိုးသလိုပဲဆိုတော့ လူတိုင်း ကံမဆိုးဘူး။ အဲဒီတော့ အိမ်ထောင်မပြုနဲ့လို့တော့ မပြောပါဘူး။ယောကျ်ားကောင်းတွေအများကြီးရှိတယ်။ကံကောင်းတဲ့ သူကို ရွေးတတ်ဖို့ပဲလိုတာပါ။ ကိုယ်ကညံ့ခဲ့တာကို”လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : မျိုးစန္ဒီကျော်

ဇာတ်ကားမရိုက်တာ လေးနှစ်ကျော်၊ ငါးနှစ်လောက် ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်မျိုးစန္ဒီကျော်ကို မကြာခင် TV ဖန်သားပြင်ထက်မှာ ပြန်လည် မြင်တွေ့ရတော့မှာပါ။ တစ်ခေတ်တခါက အောင်မြင်ခဲ့တဲ့သူမဟာ အိမ်ထောင်ကျသွားပြီးနောက် အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့ရတာပါ။ လက်ရှိမှာတော့ သမီးလေးနဲ့အတူ တီဗီကြော်ငြာတွေ ရိုက်ကူးနေတာဖြစ်ပါတယ်။ အဲဒီနောက် ရုပ်သံဇာတ်လမ်းတွဲလည်း ရိုက်ကူးထားပါသေးတယ်။

Credit- Duwun

About the author

Crypoetess

Leave a Comment