Shwe News

“ပဲခူး႐ိုးမက ဘုန္းႀကီးေက်ာင္းအတြက္ ေငြက်ပ္ သိန္း ၃၀ လႉခဲ့တဲ့ ျမင့္ျမတ္”

ပဲခူး႐ိုးမက ဘုန္းႀကီးေက်ာင္းအတြက္ ေငြက်ပ္ သိန္း ၃၀ လႉခဲ့တဲ့ ျမင့္ျမတ္

ျမင့္ျမတ္က ‘’ဇာတ္လုိက္’’ရုပ္ရွင္ဇာတ္ကားရိုက္ကူးေရးလုပ္ေနတဲ့ ပဲခူးရုိးမေတာက ဘုန္းႀကီးေက်ာင္းမွာ ေငြက်ပ္ သိန္း ၃၀ အလွဴျပဳခဲ့တာကို ေတြ႔ရပါတယ္။ ဒီဇာတ္ကားထဲမွာတော့ ေက်ာင္းဆရာ ကာရုိက္တာနဲ႔ ျမင္ေတြ႔ရမွာပါ။

ျမင့္ျမတ္က အခုလက္ရွိ ပဲခူးရုိးမေတာမွာ ‘’ဇာတ္လုိက္’’ ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးရုိက္ကူးေနတာ ျဖစ္ပါတယ္။ အလွဴအတန္းနဲ႔ ပတ္သက္လာရင္ လက္မေႏွးတဲ့ ျမင့္ျမတ္က အခုလည္း ဇာတ္ကားရုိက္ေနတဲ့ ေနရာမွာ အလွဴလုပ္ခ့ဲတယ္လုိ႔ သိရပါတယ္။

‘’ ႐ိုး႐ွင္​း​ေသာ သိန္​း၃၀ အလႉ​ေလးပါ’’ ဆုိၿပီးေတာ့ လူၾကမ္းသရုပ္ေဆာင္ စုိးႀကီးရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ေမလ ၂၉ ရက္ေန႔ မနက္ ၁၂ နာရီ ၂၆ မိနစ္က ေရးတင္ထားတာျဖစ္ပါတယ္။ အဲဒီေနာက္ ျမင့္ျမတ္ရဲ႕ အလွဴ အမွတ္တရ ဓာတ္ပုံေလးကုိလည္း တင္ခဲ့ပါေသးတယ္။ ျမင့္ျမတ္ကုိ ခ်စ္တဲ့ ပရိသတ္ေတြကလည္း သာဓု ၃ ႀကိမ္ ေခၚဆုိခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီဇာတ္ကားထဲမွာေတာ့ သူ႔ကုိ ေက်ာင္းဆရာ ကုိတင္ေမာင္ဝင္း အျဖစ္ ျမင္ေတြ႔ရမွာပါ။ ေက်ာင္းဆရာ ကာရုိက္တာကလည္း ျမင့္ျမတ္အတြက္ ပထမဆုံးအႀကိမ္ ရုိက္ကူးရတဲ့ ဇာတ္ရုပ္ျဖစ္တယ္လုိ႔ သိရပါတယ္။ အိျႏၵာေက်ာ္ဇင္ကုိေတာ့ ေယာက်္ားလ်ာ ကုိတုိးဆုိတဲ့ ေက်ာင္းဆရာ ကာရုိက္တာနဲ႔ ျမင္ေတြ႔ရဦးမွာ ျဖစ္ပါတယ္။

ဒီဇာတ္ကားရဲ႕ ဇာတ္လမ္းပုံစံကေတာ့ သဘာဝဆန္ဆန္ဒရာမာ ဇာတ္ကားေလး တစ္ကားျဖစ္ပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားဟာ ရုိးမေပၚက်တဲ့ မ်က္ရည္ဆုိတဲ့ ဝတၳဳကုိ ရုပ္ရွင္အျဖစ္ ပုံေဖာ္ရုိက္ကူးေနတာပါ။ အမွန္တကယ္ ျဖစ္ပ်က္ခဲ့တဲ့ ရြာမွာ ရုိက္ကူးေနတာျဖစ္တယ္လုိ႔လည္း သိရပါတယ္။ ‘’ဇာတ္လုိက္’’ရုပ္ရွင္ဇာတ္ကားကုိ ဒါရုိက္တာ ကုိေပါက္က ရုိက္ကူးပုံေဖာ္ေနတာ ျဖစ္ပါတယ္။ အဓိက သရုပ္ေဆာင္ေတြ အေနနဲ႔ အကယ္ဒမီျမင့္ျမတ္၊ ထူးေအာင္၊ ေအာင္ေရခ်မ္း၊ ေကာင္းျမတ္စံ၊ လင္းေအာင္ေခတ္၊ အကယ္ဒမီ အိျႏၵာေက်ာ္ဇင္၊ အကယ္ဒမီ ခုိင္သင္းၾကည္ နဲ႔ ေမျမင့္မုိရ္ တုိ႔က ပါဝင္သရုပ္ေဆာင္ထားပါတယ္။

ျမင့္ျမတ္က လက္ရွိအႏုပညာေလာကမွာ ေအာင္ျမင္မႈမ်ားစြာ ရရွိေနတဲ့ ထိပ္တန္းမင္းသားတစ္ဦးျဖစ္ပါတယ္။ လက္ရွိမွာလည္း ရုပ္ရွင္ဇာတ္ကားႀကီးေတြ ဆက္တုိက္ရုိက္ကူးေနရပါတယ္။ သူဟာ ၂၀၁၇ ခုႏွစ္က အေကာင္းဆုံးအမ်ဳိးသားဇာတ္ပုိ႔ဆုကုိ ‘’အေမွာင္မွာရြာခ်တဲ့ မုိးတိမ္’’ ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ရရွိခဲ့တာျဖစ္ပါတယ္။

Credit: Duwun

Unicode Version

ပဲခူးရိုးမက ဘုန်းကြီးကျောင်းအတွက် ငွေကျပ် သိန်း ၃၀ လှူခဲ့တဲ့ မြင့်မြတ်

မြင့်မြတ်က ‘’ဇာတ်လိုက်’’ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးလုပ်နေတဲ့ ပဲခူးရိုးမတောက ဘုန်းကြီးကျောင်းမှာ ငွေကျပ် သိန်း ၃၀ အလှူပြုခဲ့တာကို တွေ့ရပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ကျောင်းဆရာ ကာရိုက်တာနဲ့ မြင်တွေ့ရမှာပါ။

မြင့်မြတ်က အခုလက်ရှိ ပဲခူးရိုးမတောမှာ ‘’ဇာတ်လိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာ ဖြစ်ပါတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ မြင့်မြတ်က အခုလည်း ဇာတ်ကားရိုက်နေတဲ့ နေရာမှာ အလှူလုပ်ခဲ့တယ်လို့ သိရပါတယ်။

‘’ ရိုးရှင်းသော သိန်း၃၀ အလှူလေးပါ’’ ဆိုပြီးတော့ လူကြမ်းသရုပ်ဆောင် စိုးကြီးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မေလ ၂၉ ရက်နေ့ မနက် ၁၂ နာရီ ၂၆ မိနစ်က ရေးတင်ထားတာဖြစ်ပါတယ်။ အဲဒီနောက် မြင့်မြတ်ရဲ့ အလှူ အမှတ်တရ ဓာတ်ပုံလေးကိုလည်း တင်ခဲ့ပါသေးတယ်။ မြင့်မြတ်ကို ချစ်တဲ့ ပရိသတ်တွေကလည်း သာဓု ၃ ကြိမ် ခေါ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ သူ့ကို ကျောင်းဆရာ ကိုတင်မောင်ဝင်း အဖြစ် မြင်တွေ့ရမှာပါ။ ကျောင်းဆရာ ကာရိုက်တာကလည်း မြင့်မြတ်အတွက် ပထမဆုံးအကြိမ် ရိုက်ကူးရတဲ့ ဇာတ်ရုပ်ဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒြာကျော်ဇင်ကိုတော့ ယောကျ်ားလျာ ကိုတိုးဆိုတဲ့ ကျောင်းဆရာ ကာရိုက်တာနဲ့ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ ဇာတ်လမ်းပုံစံကတော့ သဘာဝဆန်ဆန်ဒရာမာ ဇာတ်ကားလေး တစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ ရိုးမပေါ်ကျတဲ့ မျက်ရည်ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပုံဖော်ရိုက်ကူးနေတာပါ။ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ ရွာမှာ ရိုက်ကူးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။ ‘’ဇာတ်လိုက်’’ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံဖော်နေတာ ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေ အနေနဲ့ အကယ်ဒမီမြင့်မြတ်၊ ထူးအောင်၊ အောင်ရေချမ်း၊ ကောင်းမြတ်စံ၊ လင်းအောင်ခေတ်၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ ခိုင်သင်းကြည် နဲ့ မေမြင့်မိုရ် တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

မြင့်မြတ်က လက်ရှိအနုပညာလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ ထိပ်တန်းမင်းသားတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရပါတယ်။ သူဟာ ၂၀၁၇ ခုနှစ်က အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ‘’အမှောင်မှာရွာချတဲ့ မိုးတိမ်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

Credit: Duwun

About the author

ilove

Leave a Comment