Shwe News
အစားအ​သောက်​ ကျိန်​စာ သင့်နေတဲ့ ” ရွှေမြန်မာများ “
Unicode Version
စာဖတ်ပျင်းပြီး အထွေထွေဗဟုသုတ အားနည်း၍အစားအသောက် ကျိန်စာ သင့်နေသောရွှေမြန်မာများ
ရွှေမြန်မာတွေရဲ့ ပျမ်းမျှသက်တမ်းက ၅၇ နှစ် အာရှမှာ အနိမ့်ဆုံးဘဲ
အသက် ရှင်သန်ဖို့အတွက် နေစဉ်စားသောက်နေရတဲ့အစားအသောက်တွေကို ကျန်းမာရေးအသိနဲ့ မချင့်ချိန်ဘဲစားသောက်ရင် ကိုယ့်ရဲ့ ကျန်းမာရေးထိခိုက်ရုံမျှ မကဘဲကိုယ့်ရဲ့ရင်သွေးတွေ ၊ ကလေးငယ်တွေရဲ့ အနာဂတ်ပါအညွန့်ကျိုးသွားနိုင်ပါတယ်.ဈေးသက်သာလို့ ဆိုတဲ့ အကြောင်းပြချက် မပေးပါနဲ့ကျန်းမာရေးအသိ မရှိဘဲ လျှာနဲ့စိတ်ကို အလိုလိုက်တာပါ.အခုဆိုအသက် ၄၀ နဲ့ အထက် တွေကို ကြည့်လိုက် မေးလိုက်ရင်ဟိုဟာက မတည့် ဒီဟာက စားလိုမရ နဲ့အရှင်လက်လက် ပြိတ္တာရောဂါ တွေဖြစ်တဲ့ဆီးချို ၊ သွေးချို ၊ သွေးတိုး ၊ နှလုံးသွေးကြောကျဉ်း စတဲ့ရောဂါတွေ မရှိတဲ့သူ တော်တော်ကို ရှားလာတယ်.တဆင့်တက် အဲ့ဒီထက်ပိုဆိုးတဲ့အသဲကင်ဆာ ၊ အဆုပ်ကင်ဆာ ၊ ကျောက်ကပ်ကင်ဆာရောဂါတွေ အဖြစ် အရမ်းများလာတယ်.
အသက် ၆၀ ကျော်တွေကြည့်လိုက်တော့အရိုးပါး အရိုးပွ နဲ့ သတိမေ့တဲ့ ရောဂါတွေ ဖြစ်နေကြတယ်ကလေးလေးတွေကြည့်တော့လည်းအရောင်စုံ အရသာစုံ အနံ့စုံ နဲ့လက်လီဈေး …. ၅၀ ကျပ်တန်လက္ကားဈေး ……၃၀ ကျပ် နဲ့ထုပ်လုပ်စားရိပ်..၂၀ ကျပ် လောက်ဘဲရှိတဲ့အချိုရည်မျိုးစုံ ၊ ဂျယ်လီခွက်ကြီးမျိုးစုံ နဲ့အချိုမူန့် နဲ့ ကြက်သားမှုန့် ရောမွေထားတဲ့လေဖောင်းမူန့်အစုံအရောင်စုံ အရသာစုံ အနံစုံ နဲ့ချိုချဉ်အစုံ ပီကေအစုံ နိုခဲအစုံ
ပြီးတော့အသားပုပ်ပေါင်းစုံ ကြာရှည်ခံဓါတုဆေးပေါင်းစုံ နဲ့လုပ်တဲ့ပင်လယ်စာလို့ခေါ်တဲ့အသားတုပေါင်းစုံ ၊ အကင်ပေါင်းစုံ တွေရဲကောင်းမူကြောင့်ပိန်လှီလှီ ညှောင့်နာနာ နဲ့ ရှူနာ ရှိုက်ကုံးလေးတွေဖြစ်လို့တချို ငွေကြေးချမ်းသာပြီး ကျန်းမာရေးအသိမရှိတဲ့မိသားစုကကလေးတွေဆို ပိုဆိုးတယကျောင်းကို မုန့်ဖိုးအများကြီးပေး ထားတော့တွေ့သမျှ အသစ်ပေါ်တိုင်းဝယ်စားတယ်တွေသမျှ မသောက်ဖူးသေးတဲ့ အချိုရည်အစုံ သေက်ပြီးနောက်ဆုံး ၁၂ နှစ် ၁၃ နှစ်သားလေးကိုကျောက်ကပ်ပျက်ပြီး ကျောက်ကပ်အလှူရှင် မရှိသေးလိုတပတ် တခါ အကြောဖောက်ပြီး ကျောက်ကပ်ဆေးနေရတဲ့ကလေးတွေ အများကြီးတွေ့ နေရတယ်
လူကြီးများ လေ့လာပါ သတိထားပါ ဆင်ချင်ပါ ပြီးရင်ကလေးတွေကို အကျိုးအကြောင်းပြောပြပြီး သင်ပေးပါခက်တာက လူကြီးတွေ ကိုယ်တိုင်က မသိတာဘဲတချို အသိတရားနည်းတဲ့ လူကြီးတွေ ပြောသေးတယ်” တသက်လုံး စားလာတာ အခုမှတော့ မစားဘဲမနေနိုင်ပေါင် သေမှသေရောဘဲ ” ဆိုတဲ့လူကြီးတွေ အများကြီးဘဲ ။ တရုတ်ကြီးတယောက်ပြောတာ သွားသတိရတယ် ။
” နိတို့မြန်မာတွေ ကျန်းမာရေးအသိကိုမရှိဘူးဘိုင်းကနဲ့ လဲပြီးမသေရင်ပြီးရော အကုန်စားတယ်တဲ့ ”
.နေစဉ်စားသောက်နေတဲ့ အစားအသောက်တွေမှာအဆိပ်တွေ အဆိပ်တွေအိမ်ရှင်မတွေဟင်းချိုမူန့် ကြက်သားမှုန့်တွေထည့် ဆီအညံတွေနဲ့ ဆီပြန်ဟင်းတွေချက်ပြီးကိုယ်အရမ်းချစ်ရတဲ့ ကိုယ့်ယောင်္ကျား နဲ့ သားသမီးတွေကိုအိမ်က မီးဖိုချောင်ထဲမှာ အဆိပ်ခတ်နေကြတယ် ။ချက်ချင်း မသေပေမယ့်တဖြည်းဖြည်း ကျန်းမာရေး ချို့တဲ့ကျန်းမာရေး မကောင်းတော့ ကျန်းမာရေးစရိပ်တွေကြောင့်စီးပွားရေးတွေ လုံးပါးပါးပြီးနောက်ဆုံး မိသားစုတစုလုံး ဘဝပျတ်သားသမီးတွေပါ အညွှန်တုန်းကုန်ပါလိပ်မယ်
.ပြီးတော့ထုပ်လုပ်တဲ့သူတွေကို ဘယ်လို အရေးယူပါ ဘာညာနဲ့အစိုးရ ကိုချည်းဘဲ အပြစ် မပြောပါနဲ့အစိုးရက တင်းတင်းကြပ်ကြပ် အရေးယူမူတွေလုပ်ထားတဲ့မူးယစ်ဆေး ဆိုတာတွေကိုတောင်မှအသိတရား နည်းပါးသူတွေက မရမကရှာဝယ်ပြီးသုံးစွဲနေကြသေးတာဘဲအသိတရားမရှိ သုံးစွဲသူတွေရှိနေသရွေ့ ထုပ်လုပ်ရောင်းချသူတွေရှိနေမှာပါဘဲဟင်းချို မူန့်လေး ကြက်သားမှုန့်လေးမှ မပါရင်စားမကောင်းဘူး လျှာထဲမစွဲဘူးအသားဟင်းချက်ရင် ဆီမြုပ်နေမှ ကောင်းတာဟင်းချက်ရင် အရောင် ရဲရဲလေးမှ လှတာ
အဲ့ဒီတော့စားကောင်းပြီး လျှာထဲစွဲချင်တယ်ဆီမြုပ်ပြီး အရောင်လှချင်တယ်ဈေးကျတော့ ပေါလော ရှောလော သုံးချင်တယ် ဆိုတော့အချိုမူန့် များများပြည့်ဝဆီ အညံစားတွေနဲ့ဆေးဆိုးထားတဲ့ အရောင်တင်မူန့်တွေဘဲ
စားရတော့မှာပေါ့ ။အစိုးရက ထုတ်လုပ်သူတွေကိုဘယ်လိုဘဲ အရေးယူ အပြစ်ပေးနေပေမယ့်ကျန်းမာရေး အသိတရားမရှိ စားသုံးသူတွေရှိနေသရွေ့ထုတ်လုပ်ရောင်းချသူတွေရှိနေမှာပါဘဲ.မှားတာပါရင်လည်း စေတနာအမှားမို့ ခွင့်လွတ်ပါ…..လိုတာရှိရင်လည်း အောက်ကဖြည့်ပေးပါ…….
စိတ်သဘောထားချင်းတိုက်ဆိုင်ရင် Share ပေးပါ….
မူရင်းတင်သူကို လေးစားစွာ credit ပေးပါတယ်
လိုင်းပေါ်တွေ့လို့ ကျန်းမာရေးအတွက် share ပေးတာဖြစ်ပါတယ်
About the author
ilove
Leave a Comment