Shwe News

“ဥေရာပ ခ်န္ပီယံဗိုလ္လုပြဲကို ကိုယ္တိုင္သြားေရာက္အားေပးခြင့္ရလို႔ေပ်ာ္ေနတဲ့ စိုင္းစိုင္း”

စုိင္းစုိင္းခမ္းလႈိင္တစ္ေယာက္ ဥေရာပခ်န္ပီယံ ဗုိလ္လုပြဲ ကုိ ကုိယ္တုိင္ကုိယ္က် ေဘာလုံးကြင္းမွာ ၾကည့္ခြင့္ရခဲ့လုိ႔ အေပ်ာ္ႀကီးေပ်ာ္ေနပါတယ္။ သူ႔ရဲ႕ ဥေရာပ ခရီးစဥ္ အေတြ႔အႀကဳံေတြကုိလည္း အခုလုိ ေျပာျပထားပါတယ္။

စုိင္းစိုင္းခမ္းလႈိင္က သူကုိယ္တုိင္ Ambassador အျဖစ္ ခံယူထားတဲ့ Shera ဘိလပ္ေျမဘုတ္ျပား အဖြဲ႕သားေတြရဲ႕ ဥေရာပ ခရီးစဥ္မွာ အတူလုိက္ခဲ့ရတယ္လုိ႔ဆုိပါတယ္။ ဒါကလည္း Sai Sai Mandalay Show ပြဲအၿပီးမွာ သြားခဲ့ရတာပါတဲ့။ ဥေရာပခရီးစဥ္ေရာက္တုန္း ဥေရာပခ်န္ပီယံ ဗုိလ္လုပြဲကုိလည္း ကုိယ္တုိင္သြားေရာက္ၾကည့္ရႈခြင့္ရခဲ့လုိ႔ ေျပာေနတယ္လုိ႔ ဆုိပါတယ္။

‘’တိုက္တိုက္ဆိုင္ဆိုင္ပဲ ဥေရာပခ်န္ပီယံ ဗိုလ္လုပြဲက မက္ဒရစ္ မွာဆိုေတာ့ ကၽြန္ေတာ္္လည္း မက္ဒရစ္ကိုဆက္သြားမယ္ဆိုၿပီးစီစဥ္ပါတယ္။ တကယ္တမ္းက်ေတာ့ ဗိုလ္လုပြဲလက္မွတ္ေတြဟာ သိန္းရာခ်ီေစ်းေပါက္ေနၿပီ ဝယ္လည္းမဝယ္ႏိုင္ ဝယ္လို႔လည္းမရပါဘူး။ မေန႔ညက ဒီမွာ လက္မွတ္မရတဲ့ အဂၤလိပ္ပရိသတ္ ၄ ေသာင္းအထိရွိတယ္လို႔ သတင္းမွာ ေၾကညာပါတယ္။ ဒါနဲ႔ကၽြန္ေတာ္လည္း ယူဖာ (UEFA ) ကို အကူအညီလွမ္းေတာင္းၾကည့္တဲ့အခါ လက္မွတ္ေတာ့မရွိေတာ့ဘူး။ ပြဲနားနီးရင္ေတာ့ ရရင္ေပးပါ့မယ္တဲ့။ အဲဒါမႏၲေလးပြဲမတိုင္ခင္ မိုးေတြအရမ္းရြာတဲ့ညကမွ ေဟ့ေကာင္မင္းအတြက္ အထူးတန္းလက္မွတ္ ၂ ေစာင္ရၿပီ ဟိုတယ္ေရာ ငါတို႔စီစဥ္ေပးမယ္ဆိုၿပီး ဖုန္းျပန္ဆက္လာပါေရာခင္ဗ်။ ဒီလိုနဲ႔ပဲကၽြန္ေတာ္လည္း ခ်န္ပီယံလိဒ္ဖိုင္နယ္ပြဲဆိုတာႀကီးကို ၾကည့္ဖူးသြားရျခင္းပါပဲ UEFA က ကၽြန္ေတာ့္္ကို တကယ့္ပြဲမတိုင္ခင္တစ္ရက္မွာ က်င္းပတဲ့ ဂႏၴဝင္ေဘာလံုးသမားေတြရဲ႕ အေပ်ာ္တမ္းပြဲကိုလည္း ဖိတ္ၾကားခဲ့ပါတယ္။’’ လုိ႔ ဇြန္လ ၂ ရက္ေန႔ ည ၁၁ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။

ကမၻာအရပ္ရပ္က ေစာင့္ေမွ်ာ္ၾကည့္ရႈရတဲ့ ဥေရာပ ခ်န္ပီယံဗုိလ္လုပြဲႀကီးကုိ ကုိယ္တုိင္ကြင္းထဲမွာ အားေပးခြင့္ရခဲ့တဲ့ ခံစားခ်က္ကုိလည္း စုိင္းစုိင္းခမ္းလႈိင္က အခုလုိ ေျပာျပခဲ့ပါေသးတယ္။

‘’ဖိုင္နယ္ပြဲက တကယ္ကိုပဲႀကီးက်ယ္ခမ္းနားပါတယ္။ ပြဲမတိုင္ခင္ရက္ေတြကတည္းက အႀကိဳဆင္ႏႊဲေနၾကတာ ကမာၻအရပ္ရပ္က ဧည့္သည္ေတြနဲ႔ပါ စားေသာက္ဆိုင္ေတြေရာင္းမေလာက္ ဟိုတယ္ေတြ အေဆာင္ေတြျပည့္သိပ္ၾကပ္ညပ္ ေနစရာမရလို႔ သူမ်ားျခံဝင္းငွားၿပီး တဲထိုးအိပ္ၾကပါတယ္တဲ့ ၿမိဳ႕အတြက္ေတာ့ အိမ္ရွင္အျဖစ္က်င္းပခြင့္ရတာ အစစအရာရာ အျမတ္ထြက္ပါတယ္။ စပိန္လူမ်ိဳးေတြက ဥေရာပႏိုင္ငံေတြထဲမွာ သေဘာေကာင္းတယ္လို႔ ခံစားမိတယ္။ ( စပိန္မေလးေတြ ေခ်ာတာေတာ့ အထူးၫႊန္းဆိုရန္မလို ) မက္ဒရစ္ၿမိဳ႕လယ္က New York ၿမိဳ႕လယ္ နဲ႔ အရသာတူတယ္ ပိုေရွးက်တဲ့ New York အင္းေလ အေမရိကတိုက္ႀကီးကိုေတာင္ သူတို႔ရွာေတြ႕ခဲ့တာပဲ။

ရာသီဥတုက အခုေႏြဦးေပါက္မွာေတာင္ေတာ္ေတာ္ပူေနၿပီ။ အခုေတာ့ကၽြန္ေတာ္ (ဘာစီလိုနာကေန ဒူဘိုင္း ဒူဘိုင္းကေန ရန္ကုန္) ေလယာဥ္ျပန္စီးဖို႔ အျမန္ရထားေပၚကိုေရာက္ေနပါၿပီ ၃၈၈မိုင္ ( ရန္ကုန္-မႏၲေလး အကြာအေဝး နီးပါး ) ကို ၂ နာရီခြဲပဲ ရထားစီးရပါတယ္’’ လုိ႔ ဆက္လက္ေရးသားခဲ့ပါတယ္။

စုိင္းစုိင္းခမ္းလႈိင္ဟာ ဇြန္လ ၃ ရက္ေန႔ မနက္မွာ ျမန္မာႏုိင္ငံကုိ ျပန္လာေနၿပီလုိ႔ သိရပါတယ္။ သူကုိယ္တုိင္ Ambassador အျဖစ္ခံယူထားတဲ့ ကုန္ပစၥည္းအမွတ္တံဆိပ္ေတြနဲ႔ အတူ မၾကာခဏ ျပည္ပခရီးေတြ ထြက္ေနရတာျဖစ္ပါတယ္။ သူသြားခဲ့ဖူးတဲ့ ခရီးစဥ္တုိင္းကလည္း မေမ့ႏုိင္စရာ အမွတ္တရေတြရွိတယ္ဆုိတာကို သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ မၾကာခဏ ေရးသားေလ့ရွိပါတယ္။

စုိင္းစုိင္း (Sai Sai Kham Leng)ဟာသရုပ္ေဆာင္ပိုင္းနဲ႕ ပတ္သက္လို႕ ၂၀၀၇ခုႏွစ္မွာ မဂၤလာပါဇာတ္ကား၊ ၂၀၀၇ခုႏွစ္မွာ ဂုဏ္ရွိန္ျပင္းတဲ့ ခ်စ္ျခင္းသိကၡာ၊ ၂၀၀၈ခုႏွစ္မွာ ရင္ခြင္ႏွင္းဆီ ၊ ၂၀၁၁ခုႏွစ္မွာအာဒံရယ္ ဧဝရယ္ ဒႆရယ္၊ ၂၀၁၆ခုႏွစ္မွာ ေအဒင္ရဲ႕ နတ္သမီး၊ From Bangkok To Mandalay၊ ဂ်ဳန္းဂ်ဳန္းဂ်က္ဂ်က္ စတဲ့ ရုပ္ရွင္ဇာတ္ကားေတြမွာ ပါဝင္ထားသူ တစ္ဦး ျဖစ္ပါတယ္။ အဲ့ဒီေနာက္ စုိင္းစုိင္းခမ္းလႈိင္ရဲ႕ စီးပြားေရး အေနနဲ႔ Frenzo Production မွာလည္းဦးေဆာင္ သူတစ္ဦးလည္းျဖစ္သလုိ SAI Cosmetix ရဲ႕ ထုတ္လုပ္သူ တစ္ဦးလည္းျဖစ္ပါတယ္။

Credit: Duwun

Unicode Version

စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် ဥရောပချန်ပီယံ ဗိုလ်လုပွဲ ကို ကိုယ်တိုင်ကိုယ်ကျ ဘောလုံးကွင်းမှာ ကြည့်ခွင့်ရခဲ့လို့ အပျော်ကြီးပျော်နေပါတယ်။ သူ့ရဲ့ ဥရောပ ခရီးစဉ် အတွေ့အကြုံတွေကိုလည်း အခုလို ပြောပြထားပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က သူကိုယ်တိုင် Ambassador အဖြစ် ခံယူထားတဲ့ Shera ဘိလပ်မြေဘုတ်ပြား အဖွဲ့သားတွေရဲ့ ဥရောပ ခရီးစဉ်မှာ အတူလိုက်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒါကလည်း Sai Sai Mandalay Show ပွဲအပြီးမှာ သွားခဲ့ရတာပါတဲ့။ ဥရောပခရီးစဉ်ရောက်တုန်း ဥရောပချန်ပီယံ ဗိုလ်လုပွဲကိုလည်း ကိုယ်တိုင်သွားရောက်ကြည့်ရှုခွင့်ရခဲ့လို့ ပြောနေတယ်လို့ ဆိုပါတယ်။

‘’တိုက်တိုက်ဆိုင်ဆိုင်ပဲ ဥရောပချန်ပီယံ ဗိုလ်လုပွဲက မက်ဒရစ် မှာဆိုတော့ ကျွန်တော်လည်း မက်ဒရစ်ကိုဆက်သွားမယ်ဆိုပြီးစီစဉ်ပါတယ်။ တကယ်တမ်းကျတော့ ဗိုလ်လုပွဲလက်မှတ်တွေဟာ သိန်းရာချီဈေးပေါက်နေပြီ ဝယ်လည်းမဝယ်နိုင် ဝယ်လို့လည်းမရပါဘူး။ မနေ့ညက ဒီမှာ လက်မှတ်မရတဲ့ အင်္ဂလိပ်ပရိသတ် ၄ သောင်းအထိရှိတယ်လို့ သတင်းမှာ ကြေညာပါတယ်။ ဒါနဲ့ကျွန်တော်လည်း ယူဖာ (UEFA ) ကို အကူအညီလှမ်းတောင်းကြည့်တဲ့အခါ လက်မှတ်တော့မရှိတော့ဘူး။ ပွဲနားနီးရင်တော့ ရရင်ပေးပါ့မယ်တဲ့။ အဲဒါမန္တလေးပွဲမတိုင်ခင် မိုးတွေအရမ်းရွာတဲ့ညကမှ ဟေ့ကောင်မင်းအတွက် အထူးတန်းလက်မှတ် ၂ စောင်ရပြီ ဟိုတယ်ရော ငါတို့စီစဉ်ပေးမယ်ဆိုပြီး ဖုန်းပြန်ဆက်လာပါရောခင်ဗျ။ ဒီလိုနဲ့ပဲကျွန်တော်လည်း ချန်ပီယံလိဒ်ဖိုင်နယ်ပွဲဆိုတာကြီးကို ကြည့်ဖူးသွားရခြင်းပါပဲ UEFA က ကျွန်တော့်ကို တကယ့်ပွဲမတိုင်ခင်တစ်ရက်မှာ ကျင်းပတဲ့ ဂန္ထဝင်ဘောလုံးသမားတွေရဲ့ အပျော်တမ်းပွဲကိုလည်း ဖိတ်ကြားခဲ့ပါတယ်။’’ လို့ ဇွန်လ ၂ ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

ကမ္ဘာအရပ်ရပ်က စောင့်မျှော်ကြည့်ရှုရတဲ့ ဥရောပ ချန်ပီယံဗိုလ်လုပွဲကြီးကို ကိုယ်တိုင်ကွင်းထဲမှာ အားပေးခွင့်ရခဲ့တဲ့ ခံစားချက်ကိုလည်း စိုင်းစိုင်းခမ်းလှိုင်က အခုလို ပြောပြခဲ့ပါသေးတယ်။

‘’ဖိုင်နယ်ပွဲက တကယ်ကိုပဲကြီးကျယ်ခမ်းနားပါတယ်။ ပွဲမတိုင်ခင်ရက်တွေကတည်းက အကြိုဆင်နွှဲနေကြတာ ကမ္ဘာအရပ်ရပ်က ဧည့်သည်တွေနဲ့ပါ စားသောက်ဆိုင်တွေရောင်းမလောက် ဟိုတယ်တွေ အဆောင်တွေပြည့်သိပ်ကြပ်ညပ် နေစရာမရလို့ သူများခြံဝင်းငှားပြီး တဲထိုးအိပ်ကြပါတယ်တဲ့ မြို့အတွက်တော့ အိမ်ရှင်အဖြစ်ကျင်းပခွင့်ရတာ အစစအရာရာ အမြတ်ထွက်ပါတယ်။ စပိန်လူမျိုးတွေက ဥရောပနိုင်ငံတွေထဲမှာ သဘောကောင်းတယ်လို့ ခံစားမိတယ်။ ( စပိန်မလေးတွေ ချောတာတော့ အထူးညွှန်းဆိုရန်မလို ) မက်ဒရစ်မြို့လယ်က New York မြို့လယ် နဲ့ အရသာတူတယ် ပိုရှေးကျတဲ့ New York အင်းလေ အမေရိကတိုက်ကြီးကိုတောင် သူတို့ရှာတွေ့ခဲ့တာပဲ။

ရာသီဥတုက အခုနွေဦးပေါက်မှာတောင်တော်တော်ပူနေပြီ။ အခုတော့ကျွန်တော် (ဘာစီလိုနာကနေ ဒူဘိုင်း ဒူဘိုင်းကနေ ရန်ကုန်) လေယာဉ်ပြန်စီးဖို့ အမြန်ရထားပေါ်ကိုရောက်နေပါပြီ ၃၈၈မိုင် ( ရန်ကုန်-မန္တလေး အကွာအဝေး နီးပါး ) ကို ၂ နာရီခွဲပဲ ရထားစီးရပါတယ်’’ လို့ ဆက်လက်ရေးသားခဲ့ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ဟာ ဇွန်လ ၃ ရက်နေ့ မနက်မှာ မြန်မာနိုင်ငံကို ပြန်လာနေပြီလို့ သိရပါတယ်။ သူကိုယ်တိုင် Ambassador အဖြစ်ခံယူထားတဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေနဲ့ အတူ မကြာခဏ ပြည်ပခရီးတွေ ထွက်နေရတာဖြစ်ပါတယ်။ သူသွားခဲ့ဖူးတဲ့ ခရီးစဉ်တိုင်းကလည်း မမေ့နိုင်စရာ အမှတ်တရတွေရှိတယ်ဆိုတာကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မကြာခဏ ရေးသားလေ့ရှိပါတယ်။

စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

Credit: Duwun

About the author

ilove

Leave a Comment