Shwe News

“အသက္ ၁၉ ႏွစ္ကတည္းက ကိုရီးယားမွာအလုပ္လုပ္ခဲ့ရတဲ့ ေနမင္း”

ေနမင္းဟာ သူ႔ရဲ႕ အသက္ ၁၉ ႏွစ္အရြယ္ကတည္းက ေတာင္ကုိရီးယားႏုိင္ငံမွာ အလုပ္လုပ္ခဲ့ရတဲ့ အေတြ႕အႀကဳံေတြ ေျပာျပလာပါတယ္။ ဒါေပမယ့္ မေမ့ႏုိင္စရာ အမွတ္တရေတြလည္း အမ်ားႀကီးရွိပါတယ္တဲ့။

ေနမင္းက အသက္ငယ္ငယ္ရြယ္ရြယ္န႔ဲ ကုိရီးယားႏုိင္ငံမွာ ပင္ပင္ပန္းပန္း အလုပ္လုုပ္ခဲ့ရတဲ့အေၾကာင္းေတြကုိ ရင္ဖြင့္ေျပာျပလာပါတယ္။ သူမ်ားတုိင္းျပည္မွာ ေနထုိင္ရတာေၾကာင့္ မလုပ္ခ်င္တဲ့အလုပ္လည္း လုပ္ခဲ့ရတာပါပဲလုိ႔ ဆုိပါတယ္။

‘’တစ္ခ်ိန္က ကိုရီးယား ေန႔ညမ်ား ။ ဒီပုံေလးမ်ားရဲ႕ေနာက္ကြယ္ မွ မျပည့္စုံျခင္းေတြ၊ ေသာကေတြ ဒုကၡေတြ စသည္မ်ားစြာ ကၽြန္ေတာ္တို႔ျမန္မာ့လူငယ္ေလးေတြရဲ႕ တကယ့္အရည္အေသြးျပည့္ အေကာင္းဆုံးအတက္ႂကြဆုံးေသာ စြမ္းအင္ေတြ ႏုပ်ိဳမႈေတြ အကုန္လုံး ကို သူမ်ားတိုင္းျပည္ေတြ ရဲ႕ အေျခခံအက်ဆုံး၊ အနိမ့္ဆုံး သူတို႔လူမ်ိဳးေတြမလုပ္ခ်င္ေသာ၊ အလုပ္မ်ားကို လုပ္ရ တဲ့ အလုပ္သမားဘဝနဲ႔ စေတးခဲ့ရတယ္ ဆိုတာေတြကိုေျပာျပခ်င္မိတာ’’ ဆိုၿပီးေတာ့ ဇြန္လ ၃ ရက္ေန႔ ေန႔လယ္ ၁၂ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

ေနမင္းဟာသူ႔ရဲ႕ အသက္ ၁၉ ႏွစ္မျပည့္ခင္ကတည္းက ကုိရီးယားႏုိင္ငံမွာ အလုပ္လုပ္ရင္းေက်ာင္းတက္ခဲ့ရတာျဖစ္ပါတယ္။ အဲဒီအခ်ိန္က အမွတ္တရေတြကုိလည္း ဓာတ္ပုံေလးေတြတင္ရင္း အမွတ္တရ ေျပာျပထားပါေသးတယ္။

‘’၂၀၀၄ ခုႏွစ္ ၁၁ လပိုင္း ၁၅ ရက္ေန႔ ကိုရီးယားသို႔ ကၽြန္ေတာ့္တို႔ ကိုး(၉) ေယာက္ ေရာက္ခဲ့ၾကသည္။ ကၽြန္ေတာ္တို႔ကိုး(၉) ေယာက္မွာ ကၽြန္ေတာ္အသက္ကအငယ္ဆုံး

ကၽြန္ေတာ့္အသက္ ၁၉ ႏွစ္ မျပည့္ေသးေသာ (၁) ပထမဆုံးပုံ အရက္အမူး လြန္ၿပီး ညဆိုင္း ဆင္းရတဲ့ (ကိုႀကီးေအးထြန္းေက်ာ္၏) စက္႐ုံေရွ႕တြင္ကပ္ထူပုံးေလးေတြေပၚအိပ္ေပ်ာ္ခဲ့စဥ္က ( နားမွာ ဟိုဘက္သုံးေပါက္ ဒီဘက္သုံးေပါက္နဲ႔)၊ (၂) ဒုတိယပုံ ဗုဒၶေန႔ ပြဲေတာ္တြင္ ျမန္မာ့ယဥ္ေက်းမႈ႕ကိုသ႐ုပ္ျပပုံေဖာ္ခဲ့စဥ္ကသူေတာ္ေကာင္းအသြင္ယဥ္ေက်းေပေသာျမန္မာ့လုလင္ငယ္” လုိ႔ ဆုိပါတယ္။

အဲဒီေနာက္ သူ႔ရဲ႕ ဓာတ္ပုံေဟာင္းေလးေတြကေနတဆင့္ နံပတ္အစဥ္လုိက္ ေရးၿပီး မေမ့ႏုိင္တဲ့ အမွတ္တရ အေၾကာင္းေတြ ေျပာျပထားပါေသးတယ္။

‘’(၃) တတိယပုံ။ ဗုဒၶေန႔ ပြဲေတာ္တြင္ ကိုရီးယားကိုရင္ေလးမ်ား ႏွင့္ ျမန္မာ့လုလင္ငယ္ေလး၏ခ်စ္စဖြယ္ ၾကည္ႏူးဖြယ္ရွိေနစဥ္က၊ ၊(၄) စတုတၳပုံ အကိုဆရာတပည့္ညာလက္႐ုံး ဂဒါKR နဲ႔ သူေဌး Bobo Aung ဆီေငြစာရင္းသြားရွင္းရန္ႏွင့္ ေသာက္စားေပ်ာ္ပါးရန္ဗူေျဖာင္းသို႔အသြား ရထားေပၚလိုက္ပါစဥ္၊ (၅) ပဥၥမပုံ။ ကိုရီးယား႐ိုးရာ ပြဲလုပ္ခဲ့စဥ္က ႐ိုက္ခဲ့ေသာ ပုံမ်ားစြာထဲမွ မဆုန္သင္းနဲ႔ပုံေလးဘဲ ေတြ႕ရွိ ၍ (ကိုဇာနည္ဦးညီထြဠ္အီတိုးမျဖဴတို႔နဲ႔ပုံမ်ားမေတြ႕ ) ေလယာဥ္ကြင္းမွႀကိဳၿပီးဟိုတယ္သို႔ပို႔ေပးၿပီးခဲ့စဥ္ခုေတာ့ ကိုက မဆုန္သင္းတို႔လို အႀကိဳခံရသူဘဝေပါ့။ (၆) ဆဌမပုံ အလုပ္ၿပီးခ်ိန္၌ ညကေဘာပြဲ႐ွံဳးထားေသာ ဇင္သက္ေမာင္ မွ လိုက္လံျပဳစု ဆိုဂ်ဴးတိုက္စဥ္ ၊ (၇) သတၱမပုံ ။ ကိုရီးယားေရာက္သကၠသားမ်ားေတြဆုံခဲ့စဥ္ သကၠလသားမဟုတ္တျခားမိတ္ေဆြမ်ားလည္းပါဝင္ပါသည္။ (၈)အဌမပုံ ။ ဆရာႀကီးအမူးေျပၿပီးသကာလ စက္႐ုံေရွ႕လမ္းမမွ ႏိုးထလာခဲ့စဥ္’’ လုိ႔ သူကဆုိပါတယ္။

သရုပ္ေဆာင္ေနမင္းကုိ ဗီဒီယုိဇာတ္ကား၊ ရုပ္ရွင္ဇာတ္ကားႀကီးေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိလာတာ ျဖစ္ပါတယ္။ သူ႔ဟာ ငယ္ငယ္ ကတည္းက စစ္ဗုိလ္တစ္ေယာက္ျဖစ္ဖုိ႔ ဝါသနာပါခဲ့ေပမယ့္ မင္းသားတစ္ေယာက္ျဖစ္လာတဲ့ အႏုပညာရွင္တစ္ေယာက္ပါပဲ။ သူ႔အေန နဲ႔ စစ္ဗုိလ္တစ္ေယာက္ကာရုိက္တာကုိ သရုပ္ေဆာင္ရတာကလည္း ႏွစ္သက္လုိ႔ပါလုိ႔ ဆုိပါတယ္။

Credit: Duwun

Unicode Version

နေမင်းဟာ သူ့ရဲ့ အသက် ၁၉ နှစ်အရွယ်ကတည်းက တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ခဲ့ရတဲ့ အတွေ့အကြုံတွေ ပြောပြလာပါတယ်။ ဒါပေမယ့် မမေ့နိုင်စရာ အမှတ်တရတွေလည်း အများကြီးရှိပါတယ်တဲ့။

နေမင်းက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုရီးယားနိုင်ငံမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတဲ့အကြောင်းတွေကို ရင်ဖွင့်ပြောပြလာပါတယ်။ သူများတိုင်းပြည်မှာ နေထိုင်ရတာကြောင့် မလုပ်ချင်တဲ့အလုပ်လည်း လုပ်ခဲ့ရတာပါပဲလို့ ဆိုပါတယ်။

‘’တစ်ချိန်က ကိုရီးယား နေ့ညများ ။ ဒီပုံလေးများရဲ့နောက်ကွယ် မှ မပြည့်စုံခြင်းတွေ၊ သောကတွေ ဒုက္ခတွေ စသည်များစွာ ကျွန်တော်တို့မြန်မာ့လူငယ်လေးတွေရဲ့ တကယ့်အရည်အသွေးပြည့် အကောင်းဆုံးအတက်ကြွဆုံးသော စွမ်းအင်တွေ နုပျိုမှုတွေ အကုန်လုံး ကို သူများတိုင်းပြည်တွေ ရဲ့ အခြေခံအကျဆုံး၊ အနိမ့်ဆုံး သူတို့လူမျိုးတွေမလုပ်ချင်သော၊ အလုပ်များကို လုပ်ရ တဲ့ အလုပ်သမားဘဝနဲ့ စတေးခဲ့ရတယ် ဆိုတာတွေကိုပြောပြချင်မိတာ’’ ဆိုပြီးတော့ ဇွန်လ ၃ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

နေမင်းဟာသူ့ရဲ့ အသက် ၁၉ နှစ်မပြည့်ခင်ကတည်းက ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ရင်းကျောင်းတက်ခဲ့ရတာဖြစ်ပါတယ်။ အဲဒီအချိန်က အမှတ်တရတွေကိုလည်း ဓာတ်ပုံလေးတွေတင်ရင်း အမှတ်တရ ပြောပြထားပါသေးတယ်။

‘’၂၀၀၄ ခုနှစ် ၁၁ လပိုင်း ၁၅ ရက်နေ့ ကိုရီးယားသို့ ကျွန်တော့်တို့ ကိုး(၉) ယောက် ရောက်ခဲ့ကြသည်။ ကျွန်တော်တို့ကိုး(၉) ယောက်မှာ ကျွန်တော်အသက်ကအငယ်ဆုံး

ကျွန်တော့်အသက် ၁၉ နှစ် မပြည့်သေးသော (၁) ပထမဆုံးပုံ အရက်အမူး လွန်ပြီး ညဆိုင်း ဆင်းရတဲ့ (ကိုကြီးအေးထွန်းကျော်၏) စက်ရုံရှေ့တွင်ကပ်ထူပုံးလေးတွေပေါ်အိပ်ပျော်ခဲ့စဉ်က ( နားမှာ ဟိုဘက်သုံးပေါက် ဒီဘက်သုံးပေါက်နဲ့)၊ (၂) ဒုတိယပုံ ဗုဒ္ဓနေ့ ပွဲတော်တွင် မြန်မာ့ယဉ်ကျေးမှု့ကိုသရုပ်ပြပုံဖော်ခဲ့စဉ်ကသူတော်ကောင်းအသွင်ယဉ်ကျေးပေသောမြန်မာ့လုလင်ငယ်” လို့ ဆိုပါတယ်။

အဲဒီနောက် သူ့ရဲ့ ဓာတ်ပုံဟောင်းလေးတွေကနေတဆင့် နံပတ်အစဉ်လိုက် ရေးပြီး မမေ့နိုင်တဲ့ အမှတ်တရ အကြောင်းတွေ ပြောပြထားပါသေးတယ်။

‘’(၃) တတိယပုံ။ ဗုဒ္ဓနေ့ ပွဲတော်တွင် ကိုရီးယားကိုရင်လေးများ နှင့် မြန်မာ့လုလင်ငယ်လေး၏ချစ်စဖွယ် ကြည်နူးဖွယ်ရှိနေစဉ်က၊ ၊(၄) စတုတ္ထပုံ အကိုဆရာတပည့်ညာလက်ရုံး ဂဒါKR နဲ့ သူဌေး Bobo Aung ဆီငွေစာရင်းသွားရှင်းရန်နှင့် သောက်စားပျော်ပါးရန်ဗူဖြောင်းသို့အသွား ရထားပေါ်လိုက်ပါစဉ်၊ (၅) ပဉ္စမပုံ။ ကိုရီးယားရိုးရာ ပွဲလုပ်ခဲ့စဉ်က ရိုက်ခဲ့သော ပုံများစွာထဲမှ မဆုန်သင်းနဲ့ပုံလေးဘဲ တွေ့ရှိ ၍ (ကိုဇာနည်ဦးညီထွဠ်အီတိုးမဖြူတို့နဲ့ပုံများမတွေ့ ) လေယာဉ်ကွင်းမှကြိုပြီးဟိုတယ်သို့ပို့ပေးပြီးခဲ့စဉ်ခုတော့ ကိုက မဆုန်သင်းတို့လို အကြိုခံရသူဘဝပေါ့။ (၆) ဆဌမပုံ အလုပ်ပြီးချိန်၌ ညကဘောပွဲရှုံးထားသော ဇင်သက်မောင် မှ လိုက်လံပြုစု ဆိုဂျူးတိုက်စဉ် ၊ (၇) သတ္တမပုံ ။ ကိုရီးယားရောက်သက္ကသားများတွေဆုံခဲ့စဉ် သက္ကလသားမဟုတ်တခြားမိတ်ဆွေများလည်းပါဝင်ပါသည်။ (၈)အဌမပုံ ။ ဆရာကြီးအမူးပြေပြီးသကာလ စက်ရုံရှေ့လမ်းမမှ နိုးထလာခဲ့စဉ်’’ လို့ သူကဆိုပါတယ်။

သရုပ်ဆောင်နေမင်းကို ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ သူ့ဟာ ငယ်ငယ် ကတည်းက စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ ဝါသနာပါခဲ့ပေမယ့် မင်းသားတစ်ယောက်ဖြစ်လာတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ သူ့အနေ နဲ့ စစ်ဗိုလ်တစ်ယောက်ကာရိုက်တာကို သရုပ်ဆောင်ရတာကလည်း နှစ်သက်လို့ပါလို့ ဆိုပါတယ်။

Credit: Duwun

About the author

ilove

Leave a Comment