Shwe News

သွားရင်းလာရင်း…ထိုအဘွားအိုကိုတွေ့၍…လှူဒါန်းလိုပါက… ကျွန်တော့်ကိုဆက်သွယ်ပေးပါ

Zawgyicode

ဒီေ န့ ရေသွားလှူတဲ့ ကျောက်ဖြူမြို့နယ် ကပ်သပြေကျေးရွာက အဖွားတစ်ယောက်ပါ ကျွန်တော်တို့ရေဝေပြီး နားနေကြတဲ့အချိန် ကားနောက်ဖေး လာထိုင်နေတာတွေ့တော့ ကျွန်တော်လည်းအနားသွားပြီး နဲနဲစပ်စုကြည့်တာ အဖွားရဲ့ နှုတ်ခမ်းဘာဖြစ်တာလဲ မေးကြည့်တော့ (မှို) ပေါက်တာပါတဲ့ (ဗမာအခေါ်အဝေါ်တော့ မသိဘူး) ကျောက်ဖြူမြို့ပေါ် ဆေးခန်းသွားပြနေရတယ်တဲ့ မိသားစုတေမရှိဘူးလား မေးကြည့်တော့ တစ်ယောက်ထဲနေတာပါတဲ့ သားတစ်ယောက်ရှိတာကလည်း အဆိုးတဲ့လေ တခြားအရပ်မှာနေတယ်တဲ့ ဆေးခန်းသွားပြရတာကလည်း တစ်ယောက်ထဲပဲတဲ့ အမြန်ဆုံးသက်သာချင်ပါပြီတဲ့ သနားလိုက်တာ အဖွားရယ် ဒီရောဂါသာ သက်သာပျောက်ကင်းသွားရင် ဘိုးဘွားရိပ်သာ ဝင်ပြီး တရားထိုင်ချင်ပါတယ်တဲ့ ဪ အဖွားရယ်

ထ မင်း စား ရင် လည်း အစပ်တေဘာတေ မစားနိုင်ရှာဘူးတဲ့ လေ ကျွန်တော်က အဖွား ကျွန်တော်တို့ ရေလာလှူတာ အဖွားရော ရေ ရပြီးပြီလားေ မးကြည့်တော့ ရပြီးပါပြီတဲ့ ရေတစ်ပုံး လာပို့ပေးပါတယ်တဲ့ အဖွားရဲ့နာမည်က ဒေါ်ဝေနုပါတဲ့ ကျွန်တော့်မှာလည်း ရေလာလှူတာဆိုတော့ ပိုက်ဆံကပါမလာဘူး လက်ထဲမှာကိုင်လာတဲ့ နှစ်ရာတန်တစ်ရွက်ထုတ်ပေးတော့ ကျေးဇူးတင်တဲ့အကြည့်နဲ့ ကြည့်နေရှာတယ် ကျွန်တော်က နောက်လာဖြစ်ရင်အဖွားကို လာတွေ့ပါ့မယ်ဆိုပြီး ကတိပေးဖြစ်ခဲ့တယ် ပြန်မယ်ဆိုပြီးနှုတ်ဆက်တော့ ကျန်းမာချမ်းသာ ပြီး လိုရာဆန္ဒတေပြည့်ဝပါစေတဲ့လေ ပြည့်ချင်ပါတယ်အဖွား ချမ်းသာချင်နေပြီ အဖွားရဲ့ ခံစားနေရတဲ့ ဝေဒနာကို သက်သာအောင် ကုပေးချင်လို့

Credit original

  • Unicode Version

ဒီ နေ့ ရေသွားလှူတဲ့ ကျောက်ဖြူမြို့နယ် ကပ်သပြေကျေးရွာက အဖွားတစ်ယောက်ပါ ကျွန်တော်တို့ရေဝေပြီး နားနေကြတဲ့အချိန် ကားနောက်ဖေး လာထိုင်နေတာတွေ့တော့ ကျွန်တော်လည်းအနားသွားပြီး နဲနဲစပ်စုကြည့်တာ အဖွားရဲ့ နှုတ်ခမ်းဘာဖြစ်တာလဲ မေးကြည့်တော့ (မှို) ပေါက်တာပါတဲ့ (ဗမာအခေါ်အဝေါ်တော့ မသိဘူး) ကျောက်ဖြူမြို့ပေါ် ဆေးခန်းသွားပြနေရတယ်တဲ့ မိသားစုတေမရှိဘူးလား မေးကြည့်တော့ တစ်ယောက်ထဲနေတာပါတဲ့ သားတစ်ယောက်ရှိတာကလည်း အဆိုးတဲ့လေ တခြားအရပ်မှာနေတယ်တဲ့ ဆေးခန်းသွားပြရတာကလည်း တစ်ယောက်ထဲပဲတဲ့ အမြန်ဆုံးသက်သာချင်ပါပြီတဲ့ သနားလိုက်တာ အဖွားရယ် ဒီရောဂါသာ သက်သာပျောက်ကင်းသွားရင် ဘိုးဘွားရိပ်သာ ဝင်ပြီး တရားထိုင်ချင်ပါတယ်တဲ့ ဪ အဖွားရယ်

ထမင်းစားရင်လည်း အစပ်တေဘာတေ မစားနိုင်ရှာဘူးတဲ့ လေ ကျွန်တော်က အဖွား ကျွန်တော်တို့ ရေလာလှူတာ အဖွားရော ရေရပြီးပြီလားမေးကြည့်တော့ ရပြီးပါပြီတဲ့ ရေတစ်ပုံး လာပို့ပေးပါတယ်တဲ့ အဖွားရဲ့နာမည်က ဒေါ်ဝေနုပါတဲ့ ကျွန်တော့်မှာလည်း ရေလာလှူတာဆိုတော့ ပိုက်ဆံကပါမလာဘူး လက်ထဲမှာကိုင်လာတဲ့ နှစ်ရာတန်တစ်ရွက်ထုတ်ပေးတော့ ကျေးဇူးတင်တဲ့အကြည့်နဲ့ ကြည့်နေရှာတယ် ကျွန်တော်က နောက်လာဖြစ်ရင်အဖွားကို လာတွေ့ပါ့မယ်ဆိုပြီး ကတိပေးဖြစ်ခဲ့တယ် ပြန်မယ်ဆိုပြီးနှုတ်ဆက်တော့ ကျန်းမာချမ်းသာ ပြီး လိုရာဆန္ဒတေပြည့်ဝပါစေတဲ့လေ ပြည့်ချင်ပါတယ်အဖွား ချမ်းသာချင်နေပြီ အဖွားရဲ့ ခံစားနေရတဲ့ ဝေဒနာကို သက်သာအောင် ကုပေးချင်လို့

ကျွန်တော်က အဖွားရယ် ကျွန်တော် ဓာတ်ပုံလေးတစ်ပုံလောက်ရိုက်ပါရစေ ပြောတော့ ရှေ့တည့်တည့်ထိုင်နေရာကနေ ကိုယ်လေးစောင်းပေးရှာတယ် အဖွားကျန်းမာပါစေနှော် အစစအရာရာ အဆင်ပြေပါစေ မနက်ဖြန်တောင် ကျောက်ဖြူကို ဆေးခန်းလာပြရဦးမယ်တဲ့ သူ့အဖွားကိုယ့်အဖွား ကိုယ်ချင်းစာလို့ပါချစ်မိတ်ဆွေများ အားလုံး တကယ်လို့ အဖွားကို စေတနာရှိလို့ လှူချင်ရင် ကျွန်တော့်ရဲ့ ဖုန်းနံပါတ် ၀၉၈၉၃၉၅၄၀၀၁ကို ဆက်သွယ်ပေးကြပါခင်ဗျာ ကျွန်တော် သွားလှူမလို့ပါ ကျေးဇူးတင်ပါတယ်
Credit original

About the author

Crypoetess

Leave a Comment