Shwe News

ကြယ္လြန္တာ… ၈ လျပည့္ၿပီျဖစ္တဲ့ …မင္းေသြးအတြက္ …မုန္းစြဲအဖြဲ႕သားေတြရဲ႕ အလႉ

[Zawgyi Version]

ကြယ္ လြန္ သြား တာ ၈ လျပည့္ၿပီျဖစ္တဲ့ မင္းေသြးအတြက္ မိသားစုဝင္ေတြနဲ႔အတူ အႏုပညာေမာင္ႏွမေတြက အလွဴအတန္းေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ မင္းေသြးဟာ ၂၀၁၈ ခုႏွစ္ ေအာက္တုိဘာလ ၃ ရက္ေန႔မွာ ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။

Photo: Wai Min Maung

၂ ၀ ၁ ၉ ခုႏွစ္ ဇြန္လ ၃ ရက္ေန႔ကေတာ့ သရုပ္ေဆာင္မင္းေသြး ကြယ္လြန္ခဲ့တာ ၈ လျပည့္ၿပီျဖစ္ပါတယ္။ မင္းေသြးကုိ ခ်စ္ၾကတဲ့ မိသားစုဝင္ေတြနဲ႔ အႏုပညာရွင္ေတြကေတာ့ ဆရာေတာ္ အရွင္ဆႏၵာဓိက ထံမွာ အလွဴအတန္းေတြ လုပ္ခဲ့တယ္လုိ႔ သိရပါတယ္။

‘’ကြယ္ လြန္သူ မင္းေသြး(ထူူးေမာ္) ၈လျပည့္အား ရည္းစူး၍ မုန္းစြဲ အဖြဲ႕သားမ်ားႏွင့္ 7th Sense Film Production မွ ဆရာေတာ္အရွင္ဆႏၵာဓိကထံသို႔ထာဝရၿငိမ္းခ်မ္းေရးေစတီေတာ္အတြက္အလွဴ ေငြမ်ားေပးအပ္လွဴဒါန္းခဲ့ပါတယ္။ ေရာက္ရာဘံုဘဝကေန မင္းေသြး သာဓုေခၚဆိုႏိုင္ပါေစ’’ ဆုိၿပီးေတာ့ 7th Sense Film Production ရဲ႕ ထုတ္လုပ္သူ ကုိေဝမင္းေမာင္ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ညေန ၅နာရီ ၁၀ မိနစ္က ေရးသားခဲ့တာ ေတြ႔ရပါတယ္။

Photo: Wai Min Maung

၂ ၀ ၁ ၈ခုႏွစ္၊ ေအာက္တိုဘာ (၃) ရက္ေန႕က ရုတ္တရက္ ကြယ္လြန္သြားခ့ဲတာျဖစ္ပါတယ္။ ကြယ္လြန္ၿပီးတဲ့ေနာက္မွာလည္း ပရိသတ္ေတြေရာ၊ အႏုပညာရွင္ေတြကပါ ဝမ္းနည္းေၾကကြဲခဲ့ၾကရပါတယ္။ အဲ့ဒီေနာက္ မင္းေသြး ပါဝင္ထားတဲ့ မုန္းစြဲ ရုပ္ရွင္ဇာတ္ကား၊ သတ္ကြင္း ရုပ္ရွင္ဇာတ္ကား၊ မဟူရာ ရုပ္ရွင္ရုံ ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးလည္း ရုံတင္ျပသခဲ့ၿပီးျဖစ္ပါတယ္။ ဒီ ဇာတ္ကားေတြကေနတဆင့္လည္း မင္းေသြးကုိ ပရိသတ္ေတြက သတိရေစခဲ့တဲ့ ဇာတ္ကားေတြျဖစ္ပါတယ္။

Photo: Wai Min Maung

မင္းေသြး ကြယ္လြန္ၿပီးတဲ့ေနာက္မွာလည္း မိသားစုဝင္ေတြက အဆက္မျပတ္ အလွဴအတန္းေတြ လုပ္ေပးခဲ့ၾကတာကုိေတြ႔ရပါတယ္။ အစ္ကုိျဖစ္သူ ေနတုိးကလည္း မင္းေသြးရဲ႕ ဆႏၵအရ ရခုိင္ၿပည္နယ္ မာန္ေအာင္ကၽြန္းမွာ တည္ထား ကုိးကြယ္ခဲ့တဲ့ မာန္ေအာင္ၿမိဳ႕နယ္ သံေက်ာက္ေတာင္ မဟာေဇယ်သိဒၶိမဟာမုနိရွင္ ေတာ္ျမတ္ဘုရာႀကီး ဘုရားအေနကဇာတင္လွဴဒါန္းခဲ့ၿပီးျဖစ္ပါတယ္။ မင္းေသြးရဲ႕ တစ္ကုိယ္ေတာ္အေခြကုိလည္း အစ္ကုိျဖစ္သူ ေနတုိးက အၿပီးသတ္ေဆာင္ရြက္ေပးမယ္ ဆုိတာကုိလည္း မီဒီယာအင္တာဗ်ဴးေတြမွာ ေျဖဆုိခဲ့ဖူးပါတယ္။

credit- Duwun

  • [Unicode Version]

ကွယ် လွန်သွားတာ ၈ လပြည့်ပြီဖြစ်တဲ့ မင်းသွေးအတွက် မိသားစုဝင်တွေနဲ့အတူ အနုပညာမောင်နှမတွေက အလှူအတန်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ မင်းသွေးဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

Photo: Wai Min Maung

၂၀၁၉ ခုနှစ် ဇွန်လ ၃ ရက်နေ့ကတော့ သရုပ်ဆောင်မင်းသွေး ကွယ်လွန်ခဲ့တာ ၈ လပြည့်ပြီဖြစ်ပါတယ်။ မင်းသွေးကို ချစ်ကြတဲ့ မိသားစုဝင်တွေနဲ့ အနုပညာရှင်တွေကတော့ ဆရာတော် အရှင်ဆန္ဒာဓိက ထံမှာ အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

‘’ကွယ်လွန်သူ မင်းသွေး(ထူူးမော်) ၈လပြည့်အား ရည်းစူး၍ မုန်းစွဲ အဖွဲ့သားများနှင့် 7th Sense Film Production မှ ဆရာတော်အရှင်ဆန္ဒာဓိကထံသို့ထာဝရငြိမ်းချမ်းရေးစေတီတော်အတွက်အလှူ ငွေများပေးအပ်လှူဒါန်းခဲ့ပါတယ်။ ရောက်ရာဘုံဘဝကနေ မင်းသွေး သာဓုခေါ်ဆိုနိုင်ပါစေ’’ ဆိုပြီးတော့ 7th Sense Film Production ရဲ့ ထုတ်လုပ်သူ ကိုဝေမင်းမောင်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ညနေ ၅နာရီ ၁၀ မိနစ်က ရေးသားခဲ့တာ တွေ့ရပါတယ်။

Photo: Wai Min Maung

၂၀၁၈ခုနှစ်၊ အောက်တိုဘာ (၃) ရက်နေ့က ရုတ်တရက် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ပြီးတဲ့နောက်မှာလည်း ပရိသတ်တွေရော၊ အနုပညာရှင်တွေကပါ ဝမ်းနည်းကြေကွဲခဲ့ကြရပါတယ်။ အဲ့ဒီနောက် မင်းသွေး ပါဝင်ထားတဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကား၊ သတ်ကွင်း ရုပ်ရှင်ဇာတ်ကား၊ မဟူရာ ရုပ်ရှင်ရုံ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်း ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ ဒီ ဇာတ်ကားတွေကနေတဆင့်လည်း မင်းသွေးကို ပရိသတ်တွေက သတိရစေခဲ့တဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။

Photo: Wai Min Maung

မင်းသွေး ကွယ်လွန်ပြီးတဲ့နောက်မှာလည်း မိသားစုဝင်တွေက အဆက်မပြတ် အလှူအတန်းတွေ လုပ်ပေးခဲ့ကြတာကိုတွေ့ရပါတယ်။ အစ်ကိုဖြစ်သူ နေတိုးကလည်း မင်းသွေးရဲ့ ဆန္ဒအရ ရခိုင်ပြည်နယ် မာန်အောင်ကျွန်းမှာ တည်ထား ကိုးကွယ်ခဲ့တဲ့ မာန်အောင်မြို့နယ် သံကျောက်တောင် မဟာဇေယျသိဒ္ဓိမဟာမုနိရှင် တော်မြတ်ဘုရာကြီး ဘုရားအနေကဇာတင်လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ မင်းသွေးရဲ့ တစ်ကိုယ်တော်အခွေကိုလည်း အစ်ကိုဖြစ်သူ နေတိုးက အပြီးသတ်ဆောင်ရွက်ပေးမယ် ဆိုတာကိုလည်း မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Credit- Duwun

About the author

Crypoetess

Leave a Comment