Shwe News

ရေသ့ေတာင္ေရာက္ေနလို႔ …႐ုံးခ်ိန္း ..မတက္ေရာက္ႏိုင္ခဲ့တဲ့… ေဝဠဳေက်ာ္

[Zawgyi Version]

ဒီေ န႕(ဇြန္လ၅ရက္)ေန႕မွာ ျပဳလုပ္တဲ့ ရံုးခ်ိန္းသို႕ တရားစြဲဆိုခံထားရတဲ့ သရုပ္ေဆာင္ ေဝဠဳေက်ာ္ တက္ေရာက္လာျခင္း မရွိခဲ့ပါဘူး။

ကာ မ လိမ္လည္ရယူမႈ ပုဒ္မ(၄၁၇)နဲ႕ တရားစြဲဆိုခံထားရတဲ့ သရုပ္ေဆာင္ ေဝဠဳေက်ာ္ဟာ ဒီေန႔(ဇြန္လ၅ရက္)မွာ ခ်ိန္းဆိုထားတဲ့ ရံုးခ်ိန္းသုိ႕ တက္ေရာက္လာခဲ့ျခင္း မရွိပါဘူး။ေဝဠဳေက်ာ္ဟာ ရေသ့ေတာင္သို႕ ေရာက္ေနတာေၾကာင့္ ခြင့္ယူထားတယ္လို႕ ေဝဠဳေက်ာ္ရဲ႕ ေရွ႕ေနက ဆုိပါတယ္။ ရံုးခ်ိန္းသို႕ တက္ေရာက္လာတဲ့ တရားလို သင္းသင္းေတာ့ ေဝဠဳေက်ာ္ ခြင့္ယူတဲ့ ကိစၥနဲ႕ ပတ္သက္လို႕ ယခုလို ေျပာျပခဲ့ပါတယ္။

“တ ရား ခံဘက္က ရက္ပ်က္တာ ၂ခ်ိန္း ရွိပါၿပီ။ သူတို႕ဘက္ကပဲ စပ်က္ေနတာပါ။ သူတုိ႕ဘက္ကျမန္ျမန္ၿပီးခ်င္တယ္လို႕ ေျပာေပမယ့္ ဒီေန႕ ထပ္ၿပီးေတာ့ ခြင့္ယူတယ္။ ကၽြန္မလည္း စီးပြားေရးရွိတယ္။ လူမႈေရးရွိပါတယ္။ သူတို႕က ေျပာတယ္ ပရဟိတလုိ႕ ကၽြန္မလည္း ပရဟိတလုပ္ဖူးပါတယ္။ ကၽြန္မတရားမွ်တမႈပဲ လိုခ်င္ပါတယ္”လို႕ ဒီေန႕ရံုးခ်ိန္းမွာ တရားလို သင္းသင္းက မီဒီယာေတြကို ေျပာခဲ့ပါတယ္။

ဆက္ လက္ၿပီးေတာ့ လိုင္းေပၚမွာ ျပန္႕ေနတဲ့ ရံုးေတာ္သို႕ သမီးရည္းစားအသံဖိုင္တင္သြင္းတဲ့ ကိစၥနဲ႕ ပတ္သက္ၿပီး ယခုလို ေျပာျပခဲ့ပါေသးတယ္။

“အ သံကိစၥက မိန္းကေလး တစ္ေယာက္က အရွက္သိကၡာအက်ခံၿပီး ဒီအသံဖိုင္ကိုသြင္းမလား ။ ေဝဠဳေက်ာ္မွာလည္း ဒီအသံဖိုင္ရွိတယ္။ အဲ့အခ်ိန္မွာတုန္းကေတာ့ သူနဲ႕ကိုယ္ သမီးရည္းစား ျဖစ္ေနေတာ့ ကိုယ့္ရည္းစား သူမ်ားေနာက္ကို ပါၿပီး ေဖာက္ျပန္မလားဆိုတဲ့ အေတြးနဲ႕ ကၽြန္မမိန္းမသားတစ္ေယာက္အေနနဲ႕ သူေျပာတာ လုပ္တာေပ့ါ။ ကိုယ္ကေတာ့ အရွက္ခံၿပီးေတာ့ ရည္းစားနဲ႕ ေနတဲ့ဟာႀကီးကို ဘယ္လို အသံဖမ္းထားမတုန္း ။ အဲ့ဒါေလးေျပာျပတာပါ။ မရွင္းေတာ့ဘူးလို႕ ေနမလို႕ပါပဲ။ ဒီအသံဖိုင္က ေဝဠဳေက်ာ္ သြင္းခိုင္းလို႕ သြင္းပါတယ္။ ေဝဠဳေက်ာ္ဆီမွာ ဒီအသံဖိုင္ရွိပါတယ္။ ကိုယ္နဲ႕ႀကိဳက္ခဲ့တုန္းက ခ်စ္သူရည္းစားေလး စပြန္ဆာထားေနတာမဟုတ္ဘူး” လို အသံဖိုင္ကိစၥနဲ႕ပတ္သက္ၿပီး ေျပာခဲ့တာပါ။

ဒါေၾကာင့္ ဒီေန႕မွာ အမႈမစစ္ျဖစ္ခဲ့သလို ရံုးခ်ိန္းကိုလည္း ဇြန္လ(၁၉) ရက္ေန႕သို႕ ထပ္မံ ခ်ိန္းဆုိုလိုက္တယ္လို႕ သိရပါတယ္။ သင္းသင္းဟာ သရုပ္ေဆာင္ ေဝဠဳေက်ာ္ကို ကာမလိမ္လည္ရယူမ ပုဒ္မ(၄၁၇)နဲ႕ ဇန္နဝါရီ (၈) ရက္ေန႕က ရန္ကုန္ၿမိဳ႕၊ သကၤန္းကၽြန္းၿမိဳ႕နယ္ တရားရံုးမွာ ဦးတိုုက္ေလွ်ာက္ခဲ့တာ ျဖစ္ပါတယ္။ ပထမဆံုးအႀကိမ္ ရံုးခ်ိန္မွာ သရုပ္ေဆာင္ ေဝဠဳေက်ာ္အတြက္ မိဘမ်ားက သိန္း(၅၀)နဲ႕ အခ်ဳပ္လြတ္အာမခံ ရယူသြားခဲ့တာျဖစ္ပါတယ္။

Credit- Duwun

  • [Unicode Version]

ဒီနေ့(ဇွန်လ၅ရက်)နေ့မှာ ပြုလုပ်တဲ့ ရုံးချိန်းသို့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော် တက်ရောက်လာခြင်း မရှိခဲ့ပါဘူး။

ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော်ဟာ ဒီနေ့(ဇွန်လ၅ရက်)မှာ ချိန်းဆိုထားတဲ့ ရုံးချိန်းသို့ တက်ရောက်လာခဲ့ခြင်း မရှိပါဘူး။ဝေဠုကျော်ဟာ ရသေ့တောင်သို့ ရောက်နေတာကြောင့် ခွင့်ယူထားတယ်လို့ ဝေဠုကျော်ရဲ့ ရှေ့နေက ဆိုပါတယ်။ ရုံးချိန်းသို့ တက်ရောက်လာတဲ့ တရားလို သင်းသင်းတော့ ဝေဠုကျော် ခွင့်ယူတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ယခုလို ပြောပြခဲ့ပါတယ်။

“တရားခံဘက်က ရက်ပျက်တာ ၂ချိန်း ရှိပါပြီ။ သူတို့ဘက်ကပဲ စပျက်နေတာပါ။ သူတို့ဘက်ကမြန်မြန်ပြီးချင်တယ်လို့ ပြောပေမယ့် ဒီနေ့ ထပ်ပြီးတော့ ခွင့်ယူတယ်။ ကျွန်မလည်း စီးပွားရေးရှိတယ်။ လူမှုရေးရှိပါတယ်။ သူတို့က ပြောတယ် ပရဟိတလို့ ကျွန်မလည်း ပရဟိတလုပ်ဖူးပါတယ်။ ကျွန်မတရားမျှတမှုပဲ လိုချင်ပါတယ်”လို့ ဒီနေ့ရုံးချိန်းမှာ တရားလို သင်းသင်းက မီဒီယာတွေကို ပြောခဲ့ပါတယ်။

ဆက်လက်ပြီးတော့ လိုင်းပေါ်မှာ ပြန့်နေတဲ့ ရုံးတော်သို့ သမီးရည်းစားအသံဖိုင်တင်သွင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ယခုလို ပြောပြခဲ့ပါသေးတယ်။

“အသံကိစ္စက မိန်းကလေး တစ်ယောက်က အရှက်သိက္ခာအကျခံပြီး ဒီအသံဖိုင်ကိုသွင်းမလား ။ ဝေဠုကျော်မှာလည်း ဒီအသံဖိုင်ရှိတယ်။ အဲ့အချိန်မှာတုန်းကတော့ သူနဲ့ကိုယ် သမီးရည်းစား ဖြစ်နေတော့ ကိုယ့်ရည်းစား သူများနောက်ကို ပါပြီး ဖောက်ပြန်မလားဆိုတဲ့ အတွေးနဲ့ ကျွန်မမိန်းမသားတစ်ယောက်အနေနဲ့ သူပြောတာ လုပ်တာပေ့ါ။ ကိုယ်ကတော့ အရှက်ခံပြီးတော့ ရည်းစားနဲ့ နေတဲ့ဟာကြီးကို ဘယ်လို အသံဖမ်းထားမတုန်း ။ အဲ့ဒါလေးပြောပြတာပါ။ မရှင်းတော့ဘူးလို့ နေမလို့ပါပဲ။ ဒီအသံဖိုင်က ဝေဠုကျော် သွင်းခိုင်းလို့ သွင်းပါတယ်။ ဝေဠုကျော်ဆီမှာ ဒီအသံဖိုင်ရှိပါတယ်။ ကိုယ်နဲ့ကြိုက်ခဲ့တုန်းက ချစ်သူရည်းစားလေး စပွန်ဆာထားနေတာမဟုတ်ဘူး” လို အသံဖိုင်ကိစ္စနဲ့ပတ်သက်ပြီး ပြောခဲ့တာပါ။

ဒါကြောင့် ဒီနေ့မှာ အမှုမစစ်ဖြစ်ခဲ့သလို ရုံးချိန်းကိုလည်း ဇွန်လ(၁၉) ရက်နေ့သို့ ထပ်မံ ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။ သင်းသင်းဟာ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမ ပုဒ်မ(၄၁၇)နဲ့ ဇန်နဝါရီ (၈) ရက်နေ့က ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာ ဦးတိုုက်လျှောက်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ရုံးချိန်မှာ သရုပ်ဆောင် ဝေဠုကျော်အတွက် မိဘများက သိန်း(၅၀)နဲ့ အချုပ်လွတ်အာမခံ ရယူသွားခဲ့တာဖြစ်ပါတယ်။

Credit- Duwun

About the author

Crypoetess

Leave a Comment