Shwe News

“Model Star Awards ဆုကုိယူရင္ ကုိရီးယားလုိပဲ ေျပာသြားမယ္ဆုိတဲ့ ဟန္တီ”

လွပၿပီးခ်စ္စဖြယ္ေကာင္းတဲ့ မ်က္ႏွာ အမူအရာေလးေတြေၾကာင့္ ေယာက္်ားေလးေတြရဲ႕ အားေပးဝန္းရံမႈကုိ ရ႐ွိထားတဲ့
Miss Myanmar World 2018 ဆုရွင္တစ္ဦးျဖစ္တဲ့ ဟန္တီကေတာ့ မၾကာခင္မွာ ကုိရီးယာႏုိင္ငံက ခ်ီးျမင့္တဲ့ Model Star Awards ကုိ သြားယူရမွာ ျဖစ္ၿပီး စင္ေပၚမွာ ေက်းဇူးတင္စကားကုိ ကုိရီးယားလုိပဲ ေျပာသြားမယ္လုိ႔ 8days ရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျဖသြားခဲ့ပါတယ္။

ဟန္တီက “အရမ္းဝမ္းသာပါတယ္ တကယ္လည္းဟန္တီကုိ ဖိတ္ၾကားေပးတဲ့အတြက္အရမ္းေက်းဇူးတင္တယ္ ဘာလုိ႔လဲဆုိေတာ့ ဟန္တီက ဒီတစ္ေခါက္ Model Star Awards သြားယူရမွာဆုိေတာ့ အရမ္းလည္း ရင္ခုန္ေနပါတယ္။ အဓိကေတာ့ သူတုိ႔က ႏွစ္တုိင္း ႏွစ္တုိင္း ေပးလာတယ္ ၂၀၁၃ သြားၿပိဳင္တုန္းကဆုိရင္လည္း ပယ္အသီးသီးကလူေတြကို ေပးခဲ့တယ္ ဒီတစ္ေခါက္မွာ ဟန္တီကုိ ကမ္းလွမ္းလာတယ္ေပါ့ေနာ္ ဟန္တီက ဘာလုိ႔လဲလုိ႔ေမးလုိက္ေတာ့ ဟန္တီရဲ႕ အလုပ္ေတြ ပုိၿပီးေတာ့ တုိးတက္လာတယ္ ပုိၿပီးေတာ့ သူတုိ႔ အသိအမွတ္ျပဳတဲ့ အေနနဲ႔ ဖိတ္ေခၚတာေပါ့ေနာ္။

စိတ္လည္း ပူတယ္ တကယ္လည္း ေၾကာက္လည္းေၾကာက္တယ္ ဘာလုိ႔လဲဆုိေတာ့ ဟုိမွာ ေက်းဇူးတင္စကားေျပာရမွာဆုိရင္ ကုိရီးယားလုိ ေျပာရမွာဆုိေတာ့ ကုိရီးယားလုိေတြ ျပင္ဆင္သြားတယ္ အက်ႌကအစ လုံးဝအေသးစိတ္ ျပင္ဆင္ရတာေပါ့ေနာ္။ ဘာလုိ႔လဲဆုိေတာ့ ကုိယ္ကအာ႐ွနယ္ပယ္အသီးသီးရဲ႕ ေအာင္ျမင္ေနတဲ့သူေတြရဲ႕ အေ႐ွ႕မွာ စကားတက္ေျပာရမွာဆုိေတာ့ေလ ဆုတက္ယူမွာဆုိေတာ့ အရမ္းလည္းစိတ္ပူတယ္ ၿပီးေတာ့ ျမန္မာႏုိင္ငံ ကုိယ္စားျပဳ တစ္ေယာက္အေနနဲ႔ ဖိတ္ေခၚတာဆုိေတာ့ ဘယ္လုိ အေကာင္းဆုံး ျဖစ္ေအာင္ လုပ္ေပးရမလဲဆုိၿပီး အဖက္ဖက္က ျပင္ဆင္မႈေတြလည္း အမ်ားႀကီး ႐ွိတယ္ေပါ့ေနာ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

စင္ေပၚမွာ ကုိရီးယားလုိ ေျပာမွာလားလုိ႔ ေမးျမန္းရာ “ဟန္တီ ကုိရီးယားလုိေျပာမွာပါ English လုိလည္း နည္းနည္းေလးထည့္ေျပာမယ္ ဒါေပမဲ့ ကုိရီးယားလုိ အဓိက ေျပာမယ္ အဲ့တာမွလည္း ဒီကိုရီးယားကလူေတြက ပုိၿပီးေတာ့ နားလည္ မယ္ ကုိရီးယားပြဲျဖစ္တဲ့အတြက္ ကုိရီးယားလုိေျပာရင္ သူတုိ႔ကလည္း ျမန္မာတစ္ေယာက္က ကုီရီးယားလုိ ေျပာတတ္ပါလားဆုိတာေလးကုိသူတုိ႔ သိသြားေအာင္လုိ႔ေပါ့ေနာ္။ ကုိရီးယားစာက အရင္ကတည္းက အရမ္းသင္ခ်င္ေနတာ ၿပီးေတာ့ အရင္တုန္းကလည္း Basic သင္ဖူးတယ္။

အခု Korea offer ေတြနဲ႔ အလုပ္လုပ္လာတဲ့ အခါမွာပုိၿပီးေတာ့ တတ္ခ်င္လာတယ္ သူတုိ႔နဲ႔ စကားေျပာတဲ့အခါ Communicate လုပ္ခ်င္တယ္။ အဲ့တာေၾကာင့္ အခု ကုိရီးယားစာ သင္ေနတယ္။ အခုမွ Level 1 ပဲ႐ွိပါေသးတယ္ ဒါေပမဲ့ ေကာင္းေကာင္း ေရးတတ္ဖတ္တတ္ၿပီ။ မသိတာေလးေတြဆုိ ႐ွာၿပီးေတာ့ ေျပာတတ္ဆုိတတ္ပါၿပီ အဆင္ေျပပါတယ္။ ဟန္တီကေတာ့ ျမန္မာစကားရယ္ ၿပီးေတာ့ English ရယ္ အခု Korean ၿပီးေတာ့ Chinese ၿပီးေတာ့ Japanese က နည္းနည္းေလး သင္ဖူးတယ္ေပါ့ေနာ္။ ထပ္ၿပီးေတာ့ တ႐ုတ္စာေရာ ဂ်ပန္စာေရာ သင္ခ်င္တယ္ေပါ့ေနာ္။

Credit: ဟီးဟီးဟားဟား

Unicode Version

လှပပြီးချစ်စဖွယ်ကောင်းတဲ့ မျက်နှာ အမူအရာလေးတွေကြောင့် ယောက်ျားလေးတွေရဲ့ အားပေးဝန်းရံမှုကို ရရှိထားတဲ့
Miss Myanmar World 2018 ဆုရှင်တစ်ဦးဖြစ်တဲ့ ဟန်တီကတော့ မကြာခင်မှာ ကိုရီးယာနိုင်ငံက ချီးမြင့်တဲ့ Model Star Awards ကို သွားယူရမှာ ဖြစ်ပြီး စင်ပေါ်မှာ ကျေးဇူးတင်စကားကို ကိုရီးယားလိုပဲ ပြောသွားမယ်လို့ 8days ရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေသွားခဲ့ပါတယ်။

ဟန်တီက “အရမ်းဝမ်းသာပါတယ် တကယ်လည်းဟန်တီကို ဖိတ်ကြားပေးတဲ့အတွက်အရမ်းကျေးဇူးတင်တယ် ဘာလို့လဲဆိုတော့ ဟန်တီက ဒီတစ်ခေါက် Model Star Awards သွားယူရမှာဆိုတော့ အရမ်းလည်း ရင်ခုန်နေပါတယ်။ အဓိကတော့ သူတို့က နှစ်တိုင်း နှစ်တိုင်း ပေးလာတယ် ၂၀၁၃ သွားပြိုင်တုန်းကဆိုရင်လည်း ပယ်အသီးသီးကလူတွေကို ပေးခဲ့တယ် ဒီတစ်ခေါက်မှာ ဟန်တီကို ကမ်းလှမ်းလာတယ်ပေါ့နော် ဟန်တီက ဘာလို့လဲလို့မေးလိုက်တော့ ဟန်တီရဲ့ အလုပ်တွေ ပိုပြီးတော့ တိုးတက်လာတယ် ပိုပြီးတော့ သူတို့ အသိအမှတ်ပြုတဲ့ အနေနဲ့ ဖိတ်ခေါ်တာပေါ့နော်။

စိတ်လည်း ပူတယ် တကယ်လည်း ကြောက်လည်းကြောက်တယ် ဘာလို့လဲဆိုတော့ ဟိုမှာ ကျေးဇူးတင်စကားပြောရမှာဆိုရင် ကိုရီးယားလို ပြောရမှာဆိုတော့ ကိုရီးယားလိုတွေ ပြင်ဆင်သွားတယ် အင်္ကျီကအစ လုံးဝအသေးစိတ် ပြင်ဆင်ရတာပေါ့နော်။ ဘာလို့လဲဆိုတော့ ကိုယ်ကအာရှနယ်ပယ်အသီးသီးရဲ့ အောင်မြင်နေတဲ့သူတွေရဲ့ အရှေ့မှာ စကားတက်ပြောရမှာဆိုတော့လေ ဆုတက်ယူမှာဆိုတော့ အရမ်းလည်းစိတ်ပူတယ် ပြီးတော့ မြန်မာနိုင်ငံ ကိုယ်စားပြု တစ်ယောက်အနေနဲ့ ဖိတ်ခေါ်တာဆိုတော့ ဘယ်လို အကောင်းဆုံး ဖြစ်အောင် လုပ်ပေးရမလဲဆိုပြီး အဖက်ဖက်က ပြင်ဆင်မှုတွေလည်း အများကြီး ရှိတယ်ပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။

စင်ပေါ်မှာ ကိုရီးယားလို ပြောမှာလားလို့ မေးမြန်းရာ “ဟန်တီ ကိုရီးယားလိုပြောမှာပါ English လိုလည်း နည်းနည်းလေးထည့်ပြောမယ် ဒါပေမဲ့ ကိုရီးယားလို အဓိက ပြောမယ် အဲ့တာမှလည်း ဒီကိုရီးယားကလူတွေက ပိုပြီးတော့ နားလည် မယ် ကိုရီးယားပွဲဖြစ်တဲ့အတွက် ကိုရီးယားလိုပြောရင် သူတို့ကလည်း မြန်မာတစ်ယောက်က ကီုရီးယားလို ပြောတတ်ပါလားဆိုတာလေးကိုသူတို့ သိသွားအောင်လို့ပေါ့နော်။ ကိုရီးယားစာက အရင်ကတည်းက အရမ်းသင်ချင်နေတာ ပြီးတော့ အရင်တုန်းကလည်း Basic သင်ဖူးတယ်။

အခု Korea offer တွေနဲ့ အလုပ်လုပ်လာတဲ့ အခါမှာပိုပြီးတော့ တတ်ချင်လာတယ် သူတို့နဲ့ စကားပြောတဲ့အခါ Communicate လုပ်ချင်တယ်။ အဲ့တာကြောင့် အခု ကိုရီးယားစာ သင်နေတယ်။ အခုမှ Level 1 ပဲရှိပါသေးတယ် ဒါပေမဲ့ ကောင်းကောင်း ရေးတတ်ဖတ်တတ်ပြီ။ မသိတာလေးတွေဆို ရှာပြီးတော့ ပြောတတ်ဆိုတတ်ပါပြီ အဆင်ပြေပါတယ်။ ဟန်တီကတော့ မြန်မာစကားရယ် ပြီးတော့ English ရယ် အခု Korean ပြီးတော့ Chinese ပြီးတော့ Japanese က နည်းနည်းလေး သင်ဖူးတယ်ပေါ့နော်။ ထပ်ပြီးတော့ တရုတ်စာရော ဂျပန်စာရော သင်ချင်တယ်ပေါ့နော်။

Credit: ဟီးဟီးဟားဟား

About the author

ilove

Leave a Comment