Shwe News

“ေဖ်ာ္ေျဖပြဲအၿပီးမွာ အမႈိက္သိမ္းခဲ့ၾကတဲ့ ပရိသတ္ေတြကို ေလးစားတယ္ဆိုတဲ့ စိုင္းစိုင္း”

စုိင္းစုိင္းခမ္းလႈိင္ဟာ သူ႔ရဲ႕ ေဖ်ာ္ေျဖပြဲအၿပီးမွာ အမႈိက္သိမ္းေပးခဲ့ၾကတဲ့ ပရိသတ္ေတြကုိ ေက်းဇူးတင္စကားဆုိခဲ့ပါတယ္။ စုိင္းစုိင္းရဲ႕ Birthday Show ကုိေတာ့ ရန္ကုန္မွာ ျပဳလုပ္ခဲ့တာျဖစ္ၿပီး Sai Sai Mandalay Show ကုိေတာ့ မႏၱေလးမွာ ျပဳလုပ္ခဲ့တာပါ။

စုိင္းစုိင္းခမ္းလႈိင္က သူ႔ရဲ႕ Birthday Show ပြဲနဲ႔ Sai Sai mandalay Show ပြဲ နွစ္ပြဲစလုံး ရဲ႕ အဆုံးသတ္မွာ အမႈိက္သိမ္းေပးၾကတဲ့ ပရိသတ္ေတြေၾကာင့္လည္း မေမ့ႏုိင္စရာ အမွတ္တရ ရွိခဲ့ပါတယ္တဲ့။ သူ႔ရင္ထဲက ေက်းဇူးတင္စကားကုိလည္း အခုလုိ ေျပာျပထားတာ ေတြ႔ရပါတယ္။

‘’ပြဲအၿပီးမွာ ဝိုင္းၿပီး အမွိုက္သိမ္းေပးၾကတာ ဒီႏွစ္ရဲ႕ အမွတ္တရတစ္ခုပါပဲ။ ရန္ကုန္ပြဲေရာ၊ မႏၲေလးပြဲေရာ ၂ပြဲလံုးမွာ စံခ်ိန္တင္ ပရိသတ္မ်ားခဲ့ၿပီးေတာ့ ေအးေအးခ်မ္းခ်မ္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ အားေပးခဲ့ၾကတဲ့ ပရိသတ္မ်ားကို အထူး ေလးစားစြာ ေက်းဇူးတင္ပါေၾကာင္း ေျပာၾကားရင္းနဲ႔ ကၽြန္ေတာ့္မွာရွိတဲ့ပံုေတြကေတာ့ ဒါအကုန္ပဲဗ်ိဳ႕ ။ 15/16 TV မွာေပၚမွာျပန္ဆံုၾကပါမယ္ Stay Tuned with Sai #SaiMdy19 #Bdayshow19’’ ဆုိၿပီးေတာ့ ဇြန္ လ ၅ ရက္ေန႔ ည ၁၁ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာျဖစ္ပါတယ္။

မႏၱေလးမွာ (၂)ႏွစ္ေက်ာ္ၾကာမွ ျပဳလုပ္ခဲ့တဲ့ စိုင္းစိုင္းရဲ႕ ရိႈးပြဲႀကီးကေတာ့ တကယ့္ကို အားရစရာပါပဲ။စိုင္းစိုင္းရဲ႕ SAISAI MANDALAY SHOW ပြဲႀကီးကို ေမလ(၂၅) ရက္ေန႕က မႏၱေလးၿမိဳ႕မွာ ျပဳလုပ္ခဲ့တာပါ။ ကြင္းလံုးျပည့္ လာေရာက္အားေပးခဲ့တဲပရိသတ္ေတြေၾကာင့္ စိုင္းစိုင္းတစ္ေယာက္ အရမ္းကို ေပ်ာ္လို႕ေနပါတယ္။

“စံခ်ိန္တင္ပရိသတ္နဲ႔ SAISAI MANDALAY SHOWအားလံုးနဲ႔အတူ ႀကီးက်ယ္ခမ္းနားစြာ ေအးခ်မ္းေပ်ာ္ရႊင္စြာ သီဆိုေဖ်ာ္ေျဖခြင့္ရခဲ့တဲ့အတြက္ ပါဝင္တဲ့ အႏုပညာရွင္ အတတ္ပညာရွင္ေတြေရာ သူငယ္ခ်င္းမိတ္ေဆြေတြေရာ စီစဥ္သူေတြ Sponsor ေတြ အဖြဲ႕သားေတြေရာ အထူးသျဖင့္ အနယ္နယ္အရပ္ရပ္က ေရႊပြဲလာ ဧည့္ပရိသတ္ႀကီးနဲ႔တကြ ဒီကြင္းထဲမွာ ရွိၾကကုန္ေသာ လူေတြအကုန္လံုး အျပင္ မႏၲေလးတစ္ၿမိဳ႕လံုး ကို ေက်းဇူးတင္ပါတယ္” ဆိုၿပီး သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားဖူးပါတယ္။

စိုင္းစိုင္းရဲ႕ ရိႈးပြဲကို ၾကည့္တဲ့ ပရိသတ္ေတြကလည္း ေနာက္ႏွစ္ေတြမွာ ဒီထက္ က်ယ္တဲ့ ကြင္းျပင္မွာ လုပ္ဖို႕ အၾကံေပးထားပါေသးတယ္။ စိုင္းစိုင္းရဲ႕ ေအာင္ျမင္မႈေတြကေတာ့ အခုထက္ထိကို ေလ်ာ့မသြားခဲ့ပါဘူး။ စုိင္းစုိင္း(Sai Sai)က ၂၀၁၉ ခုႏွစ္ ဧၿပီလ ၁၀ ရက္ေန႔မွာ အသက္ ၄၀ ျပည့္ခဲ့တာျဖစ္ပါတယ္။

သူဟာ ၁၈ ႏွစ္အရြယ္ကတည္းက အႏုပညာအလုပ္ေတြ စတင္လုပ္ေဆာင္ခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ သူဟာ အခုလုိ ထိပ္တန္းစာရင္းဝင္အႏုပညာရွင္တစ္ေယာက္ျဖစ္လာဖုိ႔ အခက္အခဲေပါင္းမ်ားစြာကုိလည္း ေက်ာ္ျဖတ္ခဲ့ရပါတယ္တဲ့။ ဒီအခက္အခဲေတြကုိ ၾကံ႕ႀကံ႕ခံ ရင္ဆုိင္ႏုိင္ခဲ့လုိ႔လည္း အခုလုိ ေအာင္ျမင္ေနရတာျဖစ္တယ္ဆုိတာကုိ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆုိခဲ့ဖူးပါတယ္။

သူဟာ ၂၀၁၉ ခုႏွစ္ ဧၿပီလ ၁၀ ရက္ေန႔မွာ အသက္ ၄၀ ျပည့္ခဲ့တာျဖစ္ပါတယ္။ သူဟာ ၁၈ ႏွစ္အရြယ္ကတည္းက အႏုပညာအလုပ္ေတြ စတင္လုပ္ေဆာင္ခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ သူဟာ အခုလုိ ထိပ္တန္းစာရင္းဝင္အႏုပညာရွင္တစ္ေယာက္ျဖစ္လာဖုိ႔ အခက္အခဲေပါင္းမ်ားစြာကုိလည္း ေက်ာ္ျဖတ္ခဲ့ရပါတယ္တဲ့။ ဒီအခက္အခဲေတြကုိ ၾကံ႕ႀကံ႕ခံ ရင္ဆုိင္ႏုိင္ခဲ့လုိ႔လည္း အခုလုိ ေအာင္ျမင္ေနရတာျဖစ္တယ္ဆုိတာကုိ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆုိခဲ့ဖူးပါတယ္။

Credit: Duwun

Unicode Version

စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ ဖျော်ဖြေပွဲအပြီးမှာ အမှိုက်သိမ်းပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ စိုင်းစိုင်းရဲ့ Birthday Show ကိုတော့ ရန်ကုန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး Sai Sai Mandalay Show ကိုတော့ မန္တလေးမှာ ပြုလုပ်ခဲ့တာပါ။

စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ Birthday Show ပွဲနဲ့ Sai Sai mandalay Show ပွဲ နှစ်ပွဲစလုံး ရဲ့ အဆုံးသတ်မှာ အမှိုက်သိမ်းပေးကြတဲ့ ပရိသတ်တွေကြောင့်လည်း မမေ့နိုင်စရာ အမှတ်တရ ရှိခဲ့ပါတယ်တဲ့။ သူ့ရင်ထဲက ကျေးဇူးတင်စကားကိုလည်း အခုလို ပြောပြထားတာ တွေ့ရပါတယ်။

‘’ပွဲအပြီးမှာ ဝိုင်းပြီး အမှိုက်သိမ်းပေးကြတာ ဒီနှစ်ရဲ့ အမှတ်တရတစ်ခုပါပဲ။ ရန်ကုန်ပွဲရော၊ မန္တလေးပွဲရော ၂ပွဲလုံးမှာ စံချိန်တင် ပရိသတ်များခဲ့ပြီးတော့ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ အားပေးခဲ့ကြတဲ့ ပရိသတ်များကို အထူး လေးစားစွာ ကျေးဇူးတင်ပါကြောင်း ပြောကြားရင်းနဲ့ ကျွန်တော့်မှာရှိတဲ့ပုံတွေကတော့ ဒါအကုန်ပဲဗျို့ ။ 15/16 TV မှာပေါ်မှာပြန်ဆုံကြပါမယ် Stay Tuned with Sai #SaiMdy19 #Bdayshow19’’ ဆိုပြီးတော့ ဇွန် လ ၅ ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။

မန္တလေးမှာ (၂)နှစ်ကျော်ကြာမှ ပြုလုပ်ခဲ့တဲ့ စိုင်းစိုင်းရဲ့ ရှိုးပွဲကြီးကတော့ တကယ့်ကို အားရစရာပါပဲ။စိုင်းစိုင်းရဲ့ SAISAI MANDALAY SHOW ပွဲကြီးကို မေလ(၂၅) ရက်နေ့က မန္တလေးမြို့မှာ ပြုလုပ်ခဲ့တာပါ။ ကွင်းလုံးပြည့် လာရောက်အားပေးခဲ့တဲပရိသတ်တွေကြောင့် စိုင်းစိုင်းတစ်ယောက် အရမ်းကို ပျော်လို့နေပါတယ်။

“စံချိန်တင်ပရိသတ်နဲ့ SAISAI MANDALAY SHOWအားလုံးနဲ့အတူ ကြီးကျယ်ခမ်းနားစွာ အေးချမ်းပျော်ရွှင်စွာ သီဆိုဖျော်ဖြေခွင့်ရခဲ့တဲ့အတွက် ပါဝင်တဲ့ အနုပညာရှင် အတတ်ပညာရှင်တွေရော သူငယ်ချင်းမိတ်ဆွေတွေရော စီစဉ်သူတွေ Sponsor တွေ အဖွဲ့သားတွေရော အထူးသဖြင့် အနယ်နယ်အရပ်ရပ်က ရွှေပွဲလာ ဧည့်ပရိသတ်ကြီးနဲ့တကွ ဒီကွင်းထဲမှာ ရှိကြကုန်သော လူတွေအကုန်လုံး အပြင် မန္တလေးတစ်မြို့လုံး ကို ကျေးဇူးတင်ပါတယ်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားဖူးပါတယ်။

စိုင်းစိုင်းရဲ့ ရှိုးပွဲကို ကြည့်တဲ့ ပရိသတ်တွေကလည်း နောက်နှစ်တွေမှာ ဒီထက် ကျယ်တဲ့ ကွင်းပြင်မှာ လုပ်ဖို့ အကြံပေးထားပါသေးတယ်။ စိုင်းစိုင်းရဲ့ အောင်မြင်မှုတွေကတော့ အခုထက်ထိကို လျော့မသွားခဲ့ပါဘူး။ စိုင်းစိုင်း(Sai Sai)က ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။

သူဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

သူဟာ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Credit: Duwun

About the author

ilove

Leave a Comment