Shwe News

“အမေနဲ့အတူ တစ်နှစ်ကျော်ကြာ အမှိုက်ပုံကြီးထဲမှာ ခက်ခက်ခဲခဲရုန်းကန် နေထိုင်ခဲ့ရတဲ့ သမီးလေး ခုတော့ ပျော်နေပြီ”









Source: Sai Lu Khay Fb

Unicode ဖြင့်ဖတ်ရန်

ဒီသမီးငယ်လေးကို Sai Lu Khay ဆိုတဲ့ ပရဟိတ လူငယ်လေးက မြို့ပြင်က အမှိုက်ပုံကြီးမှာ ရုတ်တရက်တွေ့ရှိပြီး ကယ်တင်ခဲ့တာဖြစ်ပါတယ်

သမီးလေးဟာ ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့အဝင် လမ်းမကြီးဘေးက အမှိုက်ပုံကြီးထဲမှာ အမေဖြစ်သူနဲ့အတူ တဲထိုးနေကြပြီး အမှိုက်ကောက်စားနေခဲ့ကြတာ တစ်နှစ်ကျော်ကြာခဲ့တယ်လို့ သိရပါတယ်

ခုတော့ ပရဟိတ လူငယ်လေးတစ်ဦးဖြစ်တဲ့ Sai Lu Khay ရဲ့ ကူညီမှုနဲ့အတူ ရပ်မိရပ်ဖတွေရဲ့ ဝိုင်းဝန်းပံ့ပိုးမှုတွေကြောင့် သမီးလေးဟာ ကျောင်းတက်နေပါပြီ

ကူညီပေးခဲ့တဲ့ ကိုစိုင်းလူခေးက အရမ်းကြည်နူးနေတဲ့ စိတ်နဲ့ ခုလို Post တင်ထားပါတယ် “အမေနဲ့အတူ အမှိုက်ပုံကြီးထဲ တစ်နှစ်ကျော်ကြာ ခက်ခက်ခဲခဲရုန်းကန် နေထိုင်ခဲ့ရတဲ့ ညီမလေး. .

အခုတော့လည်း ပထမတန်းမှာ အသွက်ဆုံး . စကားအတတ်ဆုံးအတန်းသူ/သား တွေရဲ့ အချစ်တော်ကြီးဖြစ်လို့. . ပညာတတ်ကြီးတစ်ယောက်ဖြစ်အောင်ကြိုးစားပြီး ကျောင်းဆရာမလုပ် မှာတဲ့ဗျား ကျောင်းပိတ်ရက်မှ ဆရာတော်ဘုရားထံခွင့်တောင်းပြီး ဆေးစစ်ပေးရင်း ပင်းတယဘုရားဖူးပို့ပေးရအူးမယ်. .

#မှတ်ချက် ညီမလေးအတွက်လှူဒါန်းပေးကြ ကူညီပေးကြတဲ့ တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်

အမေလည်းကျန်မာပျော်ရွှင်လျှက်ရှိပြီးသမီးနဲ့အတူနေထိုင်ပါတယ်ဗျ” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် မြန်မာ နိုင်ငံမှာ ဒီလို အခက်အခဲရှိနေတဲ့ ဘဝတွေ အများကြီးရှိပါတယ်.. .ခုလိုကူညီပေးမယ့် လူငယ်လေးတွေလဲ အများကြီးလိုအပ်ပါတယ်…ခုလို ကူညီတတ်တဲ့ Sai Lu Khay ဆိုတဲ့ လူငယ်လေးရဲ့ စိတ်ဓာတ်ကတော့ တကယ်ကို လေးစားစရာပါပဲ

သမီးလေးလည်း ရည်ရွယ်ထားတဲ့အတိုင်း ဆရာမကြီးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်နော်

Source: Sai Lu Khay Fb

About the author

ilove

Leave a Comment