Shwe News

“လူသားမ်ား မဖူးရေသာ ေစတီထူး ၃ ဆူဆိုတာရွိပါတယ္”

လူသားမ်ား မဖူးရတဲ့ေစတီထူး ၃ ဆူဆိုတာရွိပါတယ္

(၁) စူဠာမဏိေစတီေတာ္၊(၂) ဒုႆေစတီေတာ္၊(၃) မေဟသရေစတီေတာ္ တို႔ျဖစ္ၾကတယ္။

(၁) စူဠာမဏိေစတီေတာ္ဆိုတာတာဝတိ ံသာနတ္ျပည္မွာသိၾကားမင္းတည္ထားတဲ့ေစတီျဖစ္တယ္

သိဒၶတၳမင္းသားဟာက႑ကျမင္းကိုစီးျပီးေမာင္ဆန္ႏွင့္

အတူေတာထြက္ၾကရာမွာအေနာ္မာျမစ္ကိုေရာက္ေသာအခါက႑ကျမင္းႏွင့္ေမာင္ဆန္ကိုျပန္လႊတ္၍အေလာင္းေတာ္သည္ဆံေတာ္ကိုျဖတ္ျပီးေသာ္” ငါသည္ အကယ္စင္စစ္ဘုရားျဖစ္မည္ဆိုပါကဤ ဆံေတာ္သည္ေကာင္းကင္၌ ….တည္ေစသတည္း၊အကယ္၍ ….ဘုရားမျဖစ္ပါကေျမ၌က်ေစသတည္း ”

ဟု အဓိ႒ာန္ျပဳ၍ေကာင္းကင္သို႔….ေျမွာက္ပစ္လိုက္ရာမကိုဋ္ႏွင့္ ….တကြေသာ ဆံထုံးေတာ္သည္အထက္သို႔….တစ္ယူဇနာတိုင္တိုင္ တက္၍ေကာင္းကင္၌တည္၏

ထိုအခါ….သိၾကားမင္းသည္ဆံေတာ္ကိုျမင္၍ရတနာ ပန္းေတာင္းျဖင့္ခံယူျပီးလွ်င္မိမိေနရာတာဝတိ ံသာနတ္ျပည္၌စူဠာမဏိေစတီေတာ္ကိုတည္ထားကိုးကြယ္ေလ၏။

(၂) ဒုႆေစတီေတာ္ကေတာ့သိဒၶတၳမင္းသား

ဘုရားအေလာင္းေတာ္ဟာဆံေတာ္ကိုပယ္ျပီးေနာက္ယခု….ငါဝတ္ထားတဲ့အဝတ္ေတြဟာရဟန္းမ်ားႏွင့္မေလ်ာက္ပတ္ဘူး။သူတို႔ကိုလည္းပယ္စြန္႔မွ ေတာ္မယ္လို႔ႀကံစည္ေတာ္မူသတဲ့၊

အဲဒီအခါကႆဖဘုရားရွင္လက္ထက္ေတာ္ကမိတ္ေဆြျဖစ္ခဲ့ဖူးတဲ့ဃဋိကာရျဗဟၼာၾကီးဟာကမၻာဦးကနိမိတ္အျဖစ္ေပၚထြန္းလာတဲ့ၾကာရံုအတြင္းၾကာတစ္ပြင့္မွပရိကၡရာရွစ္ပါးကိုထိန္းသိမ္းထားရာကအေလာင္းေတာ္ထံလာေရာက္ ကပ္လွဴသတဲ့

အေလာင္းေတာ္ကထို ပရိကၡရာကို ဆင္ျမန္းျပီးဝတ္လဲေတာ္ကိုေျမွာက္ပစ္လိုက္တယ္။ဒီဝတ္လဲေတာ္ကိုျဗဟၼာမင္းကေဆာင္ယူျပီး ၊သုဒၶါဝါသျဗဟၼာဘုံမွာေစတီတည္ထားတယ္ ။ဒီေစတီဟာ၁၂ – ယူဇနာျမင့္တယ္လို႔ဗုဒၶဝံသအ႒ကထာ ၃၃၃ -မွာ ဆိုပါတယ္။

(၃) မေဟသရေစတီေတာ္ကေတာ့ဟိမဝႏၱာေတာင္အတြင္းမွာမႏၵာဂီရိအမည္ရွိတဲ့ ေတာင္၌မေဟသရ အမည္ရွိတဲ့တန္ခိုးၾကီးေသာ နတ္တစ္ပါးရွိတယ္။

အခါတစ္ပါးဘုရားရွင္သည္ဟိမဝႏၱာအရပ္နံ႕သာေတာၾကြျပီးေန႔သန္႔သတဲ့၊ဒီအခါ ….မေဟသရနတ္မင္းကလာေရာက္ျပီး ….ဘုရားရွင္ႏွင့္ယွဥ္ျပိဳင္ ကစားလိုပါတယ္လို႔ေလွ်ာက္သတဲ့

ဒီအခါ ….ဘုရားရွင္ကဒီနတ္ဘီလူးဟာတန္ခိုးၾကီးသူျဖစ္တယ္။သာသနာေတာ္ကိုၾကည္ညိဳလာလွ်င္မ်ားစြာ အက်ဳိးရွိလိမ့္မယ္။

ဒါေၾကာင့္ …သူ႔အလိုကိုလိုက္ဦးမွလို႔” အခ်င္းနတ္မင္းငါႏွင့္ ဘယ္လိုကစားခ်င္သလဲလို႔ “ေမးသတဲ့။

မေဟသရနတ္ကရြာသူသားငယ္မ်ားကဲ့သို႔တူတူပုန္းတမ္းကစားခ်င္ပါတယ္လို႔ေလွ်ာက္ထားေတာ့…ဘုရားရွင္ကဒါျဖင့္ ….သင္က ဦးစြာပုန္းပါ၊ငါက….ေဖာ္ပါ့မယ္လို႔ ေျပာသတဲ့၊ဒီလိုဆိုလွ်င္မ်က္စိကိုပိတ္ထားပါ။

ကြ်ႏု္ပ္ပုန္းကြယ္ပါမည္ေလွ်ာက္ထားျပီးမေဟသရနတ္မင္းဟာသူကိုယ္ကိုကြယ္ကာေျမၾကီးအတြင္းေပ်ာက္ကြယ္ေစျပီးမွေဖာ္ပါလို႔ …..အသံျပဳလိုက္သတဲ့။

ဘုရားရွင္လည္းသူပုန္းေနတဲ့ေျမလႊာကိုယူလက္ဝဲလက္ဝါးေပၚတင္ျပီးမွအျခားေျမလႊႊာမ်ားကိုယက္ခ်ကာ ….အခ်င္း မေဟသရထေလာ့လို႔ဆိုသတဲ့။

ဒီအခါ …..မေဟသရ ကအမွန္မွာ …..ရွင္ၾကီးေဂါတမဟာငါ့ကိုမျမင္ဘဲရမ္းေျပာတာ ျဖစ္မယ္လို႔အၾကံျဖစ္ျပီးမထဘဲ ေနေသးသတဲ့၊

ဒီအခါ….ဘုရားရွင္ကအခ်င္း မေဟသရဒီလိုမၾကံႏွင့္၊ငါဟာ သင္ရဲ႕ကိုယ္ခႏၶာကိုမွ်မကဝမ္းတြင္းက ….အူေခြမ်ားထိေအာင္ျမင္တယ္လို႔ မိန္႔ေတာ္မူမွပုန္းရာက ထျပီးအရွင္ေဂါတမအရွင္ဟာ ….အမွန္တစ္ကယ္တန္ခိုးၾကီးပါတယ္၊

သို႔ေသာ္….အရွင္ပုန္းပါဦး၊အရွင့္ကို …..ကြ်ႏု္ပ္ ရွာပါဦးမယ္လို႔ ေျပာသတဲ့၊ျမတ္စြာဘုရားကငါပုန္းရမည္ဆိုေသာ္သင္၏မ်က္လုံးမ်ားကိုလက္ႏွင့္ ဖုံးအုပ္ထားပါလို႔မိန္႔ေတာ္မူျပီးကိုယ္ေတာ္ကို ….ပရမာဏုျမဴမွ်ေလာက္ဖန္ဆင္းေလျပီးေနာက္နတ္မင္းရဲ႕ …မ်က္စိႏွစ္ဖက္ၾကားမွာပုန္းေတာ္မူကာေကာင္းကင္က …အသံေပးလိုက္တယ္။

မေဟသရနတ္လည္းမ်က္ႏွာကိုဖြင့္၊ထက္ဝန္းက်င္အႏွံ႕ၾကည့္ေသာ္လည္း ….ဘုရားရွင္ကို မျမင္ဘူးတဲ့၊ဒါေၾကာင့္……ေရေျမေတာေတာင္သမုဒၵရာမက်န္ေအာင္ဘယ္လိုရွာေဖြလို႕မွ်မေတြ႔ေတာ့မွဘုရားရွင္ကိုပန္းေပးရသတဲ့၊အဲဒီအခါမွဘုရားရွင္ကမေဟသရနတ္မင္းရဲ႕မ်က္ေမွာက္အၾကားကဆင္းသက္ေတာ္မူလာသတဲ့။

ဘုရားရွင္ရဲ႕တန္ခိုးေတာ္မ်ားျမင္ရမွမေဟသရနတ္မင္းဟာဘုရားရွင္အားၾကည္ညိဳကာ….ဘုရားရွင္ထံသရဏဂံုယူ၍ဥပသကာအျဖစ္ခံယူျပီးေနာက္ျမတ္စြာဘုရားရွင္ဟာလူသားျဖစ္ေသာ္လည္းလူတို႔စားေသာဆြမ္းကြမ္းမ်ားႏွင့္ မတန္ဘူး။

ဒါေၾကာင့္ ….မႏၵာဂိရီေတာင္မွာအျမဲ သီတင္းသုံးပါ။နတ္ဆြမ္းကြမ္းမ်ားကိုအျမဲဆက္ကပ္ပါမယ္လို႔ေလွ်ာက္ထားသတဲ့ ၊

ဘုရားရွင္ကခြင့္မေပးတဲ့အတြက္ဘုရားရွင္ရဲ႕ရုပ္ပြားသ႑ာန္ေတာ္ကိုကိုးကြယ္ခြင့္ကိုေပးေတာ္မူပါလို႔ ေလွ်ာက္ထားသတဲ့၊

ဘုရားရွင္ကအခြင့္ေပးတဲ့အခါမႏၵာဂီရိေတာင္မွာရတနာခုႏွစ္ပါးတို႔ႏွင့္ဆန္းၾကယ္တဲ့ေက်ာင္းေတာ္ၾကီးကို ေဆာက္တယ္။

ထို….ေက်ာင္းေတာ္ၾကီးအတြင္းမွာ …ဂႏၶကုဋီတိုက္ကိုဖန္ဆင္းတယ္။ဂႏၶကုဋီတိုက္အတြင္းမွာ ….လကၡဏာေတာ္ႀကီးငယ္တို႔ျဖင့္တင့္တယ္တဲ့

ဘုရားရွင္ရဲ႕ရုပ္တုေတာ္ကို ျပဳလုပ္ျပီးေမ်ာက္မင္းတစ္ေကာင္ကိုအျခံအရံႏွင့္တကြေက်ာင္းပရိေဘာဂကိုျပဳျပင္ ေဆာင္ရြက္ဖို႔ အပ္ႏွံထားသတဲ့။

ဒါက ….မေဟသရေစတီေတာ္ပါ။

ေစတီဆိုတာဓာတုေစတီ၊ဥဒၵိႆေစတီ၊ပရိေဘာဂေစတီ၊ဓမၼေစတီ ရယ္လို႔၄ဆူရွိတယ္။

ေစတီလို႔ဆိုလိုက္လွ်င္ေရႊတိဂံုေစတီလိုေစတီကိုပဲ ျမင္တတ္တယ္၊အမွန္ကေတာ့မဟာျမတ္မုနိလိုရုပ္ပြားေတာ္ဟာလည္း ေစတီပါပဲ။

အခုေစတီသုံးမ်ဳိးမွာမေဟသရေစတီဟာရုပ္ပြားေတာ္ေစတီျဖစ္ပါတယ္။

(ထီးခ်ဳိင့္ျမိဳ႕ တည္ေတာဆရာေတာ္)

Unicode Version

လူသားများ မဖူးရတဲ့စေတီထူး ၃ ဆူဆိုတာရှိပါတယ်

(၁) စူဠာမဏိစေတီတော်၊(၂) ဒုဿစေတီတော်၊(၃) မဟေသရစေတီတော် တို့ဖြစ်ကြတယ်။

(၁) စူဠာမဏိစေတီတော်ဆိုတာတာဝတိ ံသာနတ်ပြည်မှာသိကြားမင်းတည်ထားတဲ့စေတီဖြစ်တယ်

သိဒ္ဓတ္ထမင်းသားဟာကဏ္ဍကမြင်းကိုစီးပြီးမောင်ဆန်နှင့်

အတူတောထွက်ကြရာမှာအနော်မာမြစ်ကိုရောက်သောအခါကဏ္ဍကမြင်းနှင့်မောင်ဆန်ကိုပြန်လွှတ်၍အလောင်းတော်သည်ဆံတော်ကိုဖြတ်ပြီးသော်” ငါသည် အကယ်စင်စစ်ဘုရားဖြစ်မည်ဆိုပါကဤ ဆံတော်သည်ကောင်းကင်၌ ….တည်စေသတည်း၊အကယ်၍ ….ဘုရားမဖြစ်ပါကမြေ၌ကျစေသတည်း ”

ဟု အဓိဋ္ဌာန်ပြု၍ကောင်းကင်သို့….မြှောက်ပစ်လိုက်ရာမကိုဋ်နှင့် ….တကွသော ဆံထုံးတော်သည်အထက်သို့….တစ်ယူဇနာတိုင်တိုင် တက်၍ကောင်းကင်၌တည်၏

ထိုအခါ….သိကြားမင်းသည်ဆံတော်ကိုမြင်၍ရတနာ ပန်းတောင်းဖြင့်ခံယူပြီးလျှင်မိမိနေရာတာဝတိ ံသာနတ်ပြည်၌စူဠာမဏိစေတီတော်ကိုတည်ထားကိုးကွယ်လေ၏။

(၂) ဒုဿစေတီတော်ကတော့သိဒ္ဓတ္ထမင်းသား

ဘုရားအလောင်းတော်ဟာဆံတော်ကိုပယ်ပြီးနောက်ယခု….ငါဝတ်ထားတဲ့အဝတ်တွေဟာရဟန်းများနှင့်မလျောက်ပတ်ဘူး။သူတို့ကိုလည်းပယ်စွန့်မှ တော်မယ်လို့ကြံစည်တော်မူသတဲ့၊

အဲဒီအခါကဿဖဘုရားရှင်လက်ထက်တော်ကမိတ်ဆွေဖြစ်ခဲ့ဖူးတဲ့ဃဋိကာရဗြဟ္မာကြီးဟာကမ္ဘာဦးကနိမိတ်အဖြစ်ပေါ်ထွန်းလာတဲ့ကြာရုံအတွင်းကြာတစ်ပွင့်မှပရိက္ခရာရှစ်ပါးကိုထိန်းသိမ်းထားရာကအလောင်းတော်ထံလာရောက် ကပ်လှူသတဲ့

အလောင်းတော်ကထို ပရိက္ခရာကို ဆင်မြန်းပြီးဝတ်လဲတော်ကိုမြှောက်ပစ်လိုက်တယ်။ဒီဝတ်လဲတော်ကိုဗြဟ္မာမင်းကဆောင်ယူပြီး ၊သုဒ္ဓါဝါသဗြဟ္မာဘုံမှာစေတီတည်ထားတယ် ။ဒီစေတီဟာ၁၂ – ယူဇနာမြင့်တယ်လို့ဗုဒ္ဓဝံသအဋ္ဌကထာ ၃၃၃ -မှာ ဆိုပါတယ်။

(၃) မဟေသရစေတီတော်ကတော့ဟိမဝန္တာတောင်အတွင်းမှာမန္ဒာဂီရိအမည်ရှိတဲ့ တောင်၌မဟေသရ အမည်ရှိတဲ့တန်ခိုးကြီးသော နတ်တစ်ပါးရှိတယ်။

အခါတစ်ပါးဘုရားရှင်သည်ဟိမဝန္တာအရပ်နံ့သာတောကြွပြီးနေ့သန့်သတဲ့၊ဒီအခါ ….မဟေသရနတ်မင်းကလာရောက်ပြီး ….ဘုရားရှင်နှင့်ယှဉ်ပြိုင် ကစားလိုပါတယ်လို့လျှောက်သတဲ့

ဒီအခါ ….ဘုရားရှင်ကဒီနတ်ဘီလူးဟာတန်ခိုးကြီးသူဖြစ်တယ်။သာသနာတော်ကိုကြည်ညိုလာလျှင်များစွာ အကျိုးရှိလိမ့်မယ်။

ဒါကြောင့် …သူ့အလိုကိုလိုက်ဦးမှလို့” အချင်းနတ်မင်းငါနှင့် ဘယ်လိုကစားချင်သလဲလို့ “မေးသတဲ့။

မဟေသရနတ်ကရွာသူသားငယ်များကဲ့သို့တူတူပုန်းတမ်းကစားချင်ပါတယ်လို့လျှောက်ထားတော့…ဘုရားရှင်ကဒါဖြင့် ….သင်က ဦးစွာပုန်းပါ၊ငါက….ဖော်ပါ့မယ်လို့ ပြောသတဲ့၊ဒီလိုဆိုလျှင်မျက်စိကိုပိတ်ထားပါ။

ကျွနု်ပ်ပုန်းကွယ်ပါမည်လျှောက်ထားပြီးမဟေသရနတ်မင်းဟာသူကိုယ်ကိုကွယ်ကာမြေကြီးအတွင်းပျောက်ကွယ်စေပြီးမှဖော်ပါလို့ …..အသံပြုလိုက်သတဲ့။

ဘုရားရှင်လည်းသူပုန်းနေတဲ့မြေလွှာကိုယူလက်ဝဲလက်ဝါးပေါ်တင်ပြီးမှအခြားမြေလွှွှာများကိုယက်ချကာ ….အချင်း မဟေသရထလော့လို့ဆိုသတဲ့။

ဒီအခါ …..မဟေသရ ကအမှန်မှာ …..ရှင်ကြီးဂေါတမဟာငါ့ကိုမမြင်ဘဲရမ်းပြောတာ ဖြစ်မယ်လို့အကြံဖြစ်ပြီးမထဘဲ နေသေးသတဲ့၊

ဒီအခါ….ဘုရားရှင်ကအချင်း မဟေသရဒီလိုမကြံနှင့်၊ငါဟာ သင်ရဲ့ကိုယ်ခန္ဓာကိုမျှမကဝမ်းတွင်းက ….အူခွေများထိအောင်မြင်တယ်လို့ မိန့်တော်မူမှပုန်းရာက ထပြီးအရှင်ဂေါတမအရှင်ဟာ ….အမှန်တစ်ကယ်တန်ခိုးကြီးပါတယ်၊

သို့သော်….အရှင်ပုန်းပါဦး၊အရှင့်ကို …..ကျွနု်ပ် ရှာပါဦးမယ်လို့ ပြောသတဲ့၊မြတ်စွာဘုရားကငါပုန်းရမည်ဆိုသော်သင်၏မျက်လုံးများကိုလက်နှင့် ဖုံးအုပ်ထားပါလို့မိန့်တော်မူပြီးကိုယ်တော်ကို ….ပရမာဏုမြူမျှလောက်ဖန်ဆင်းလေပြီးနောက်နတ်မင်းရဲ့ …မျက်စိနှစ်ဖက်ကြားမှာပုန်းတော်မူကာကောင်းကင်က …အသံပေးလိုက်တယ်။

မဟေသရနတ်လည်းမျက်နှာကိုဖွင့်၊ထက်ဝန်းကျင်အနှံ့ကြည့်သော်လည်း ….ဘုရားရှင်ကို မမြင်ဘူးတဲ့၊ဒါကြောင့်……ရေမြေတောတောင်သမုဒ္ဒရာမကျန်အောင်ဘယ်လိုရှာဖွေလို့မျှမတွေ့တော့မှဘုရားရှင်ကိုပန်းပေးရသတဲ့၊အဲဒီအခါမှဘုရားရှင်ကမဟေသရနတ်မင်းရဲ့မျက်မှောက်အကြားကဆင်းသက်တော်မူလာသတဲ့။

ဘုရားရှင်ရဲ့တန်ခိုးတော်များမြင်ရမှမဟေသရနတ်မင်းဟာဘုရားရှင်အားကြည်ညိုကာ….ဘုရားရှင်ထံသရဏဂုံယူ၍ဥပသကာအဖြစ်ခံယူပြီးနောက်မြတ်စွာဘုရားရှင်ဟာလူသားဖြစ်သော်လည်းလူတို့စားသောဆွမ်းကွမ်းများနှင့် မတန်ဘူး။

ဒါကြောင့် ….မန္ဒာဂိရီတောင်မှာအမြဲ သီတင်းသုံးပါ။နတ်ဆွမ်းကွမ်းများကိုအမြဲဆက်ကပ်ပါမယ်လို့လျှောက်ထားသတဲ့ ၊

ဘုရားရှင်ကခွင့်မပေးတဲ့အတွက်ဘုရားရှင်ရဲ့ရုပ်ပွားသဏ္ဍာန်တော်ကိုကိုးကွယ်ခွင့်ကိုပေးတော်မူပါလို့ လျှောက်ထားသတဲ့၊

ဘုရားရှင်ကအခွင့်ပေးတဲ့အခါမန္ဒာဂီရိတောင်မှာရတနာခုနှစ်ပါးတို့နှင့်ဆန်းကြယ်တဲ့ကျောင်းတော်ကြီးကို ဆောက်တယ်။

ထို….ကျောင်းတော်ကြီးအတွင်းမှာ …ဂန္ဓကုဋီတိုက်ကိုဖန်ဆင်းတယ်။ဂန္ဓကုဋီတိုက်အတွင်းမှာ ….လက္ခဏာတော်ကြီးငယ်တို့ဖြင့်တင့်တယ်တဲ့

ဘုရားရှင်ရဲ့ရုပ်တုတော်ကို ပြုလုပ်ပြီးမျောက်မင်းတစ်ကောင်ကိုအခြံအရံနှင့်တကွကျောင်းပရိဘောဂကိုပြုပြင် ဆောင်ရွက်ဖို့ အပ်နှံထားသတဲ့။

ဒါက ….မဟေသရစေတီတော်ပါ။

စေတီဆိုတာဓာတုစေတီ၊ဥဒ္ဒိဿစေတီ၊ပရိဘောဂစေတီ၊ဓမ္မစေတီ ရယ်လို့၄ဆူရှိတယ်။

စေတီလို့ဆိုလိုက်လျှင်ရွှေတိဂုံစေတီလိုစေတီကိုပဲ မြင်တတ်တယ်၊အမှန်ကတော့မဟာမြတ်မုနိလိုရုပ်ပွားတော်ဟာလည်း စေတီပါပဲ။

အခုစေတီသုံးမျိုးမှာမဟေသရစေတီဟာရုပ်ပွားတော်စေတီဖြစ်ပါတယ်။

(ထီးချိုင့်မြို့ တည်တောဆရာတော်)

About the author

ilove

Leave a Comment