Shwe News

“လက်ဖက်ရည်ဆိုင်တွင်း အုပ်စုဖွဲ့ ဓါးခုတ်မှု CCTV မှတ်တမ်းဗွီဒီယိုဖိုင်”

လက်ဖက်ရည်ဆိုင်တွင်း အုပ်စုဖွဲ့ ဝင်ရောက်ဓါးခုတ်မှု CCTV မှတ်တမ်းကနေတစ်ဆင့် ပြစ်မှုကျုးလွန်သူတွေကိုဖမ်းဆီးရမိ

CCTV Record Video

မြိတ်တွင် လက်ဖက်ရည်ဆိုင်တွင်းဝင်ရောက်ပြီး အုပ်စုဖွဲ့ဓါးခုတ်မှုကျူးလွန်သူတွေကို ရဲတပ်ဖွဲ့က ၄၈ နာရီအတွင်း ဖမ်းဆီးရမိခဲ့ပါတယ်။

မြိတ်မြို့၊ သာကေတရပ်၊ သဲကွင်း ၂ လမ်းရှိ ဧဒင်လက်ဖက်ရည်ဆိုင်တွင်း ဇွန်လ ၄ ရက်နေ့၊ ည ၈ နာရီခန့်က အုပ်စုဖွဲ့ဓါးခုတ်မှုဖြစ်ပွားတာကြောင့် လူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး မျက်မြင်သက်သေတွေနဲ့ CCTV မှတ်တမ်းတွေကနေတစ်ဆင့် ပြစ်မှုကျူးလွန်သူတွေကို အခုလိုဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါတယ်။ လတ်တလောမှာ ပြစ်မှုကျူးလွန်သူ ၇ ဦးကိုဖမ်းဆီးထားပြီး ကျန်ရှိနေသူတွေကို ဆက်လက်စုံစမ်းမှုတွေပြုလုပ်နေပါတယ်။

” ဓါးခုတ်မှုမှာပါဝင်တဲ့ တရားခံတချို့ကို ဇွန်လ ၆ ရက်နေ့မှာ ပြစ်မှုကျူးလွန်တဲ့အချိန်က အသုံးပြုတဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ ၆ ယောက်မိတယ်။ ၇ ရက်နေ့မှာ ၁ ယောက်ထပ်မိတယ်။ လောလောဆယ် ၇ ယောက်မိထားတယ် ။ ဒီနေ့ ရမာန်ယူပြီးရင် စစ်ဆေးပါမယ်။ ကျန်တဲ့တရားခံတွေကိုဖမ်းဆီးမိဖို့အတွက် စုံစမ်းစစ်ဆေးနေပါတယ်””လို့ မြို့မရဲစခန်းမှ တာဝန်မှူးက ပြောပါတယ်။

အခုဖမ်းဆီးရမိသူတွေဟာ ရေပုန်းနယ်မြေတွင်းမှ အုပ်ပိုင်စိုး(ခ)နောင်ပိုး (၁၈)နှစ်၊ ပြည့်ဖြိုးဝေ(ခ)ဆေးခါး (၁၈)နှစ်၊ ရဲမွန်ထွေး(ခ)ရဲရဲ (၁၈)နှစ်၊ ဇော်ပိုင်လင်း (၁၉)နှစ်၊ နေမြတ်ဦး (၁၉)နှစ်၊ ဇော်ပိုင် (၁၇)နှစ် ၊ တို့ကို ဖမ်းဆီးရမိပြီး ဇွန်လ ၇ ရက်နေ့မှာ ပုဂံကြီး (အသက်၊ မိဘအမည်စုံစမ်းဆဲ)ကို ထပ်မံဖမ်းဆီးရမိခဲ့တာပါ။

ဓါးခုတ်မှုကျူးလွန်သူများကို မြိတ်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။

SouthernerTVNews STV (via) မြတ်ထွဋ် (မြိတ်)

Unicode Version

About the author

ilove

Leave a Comment