Shwe News

ပရိသတ်အားပေးကြမ်းနေတဲ့ ..Dee Dee နဲ့ ဒိုရာအဲလက်စ်တို့ရဲ့ …MTV သီချင်းသစ်

အွန်လိုင်းေ ပ်ါမှာ လူငယ်လူကြီး မရွေး Motivation ကောင်းကောင်းရနိုင်တဲ့ ဗီဒီယိုလေးတွေကို အမြဲတမ်းလိုလို ချပြနေရင်း ပရိသတ်လက်ခံအားပေးလာတဲ့ ဒီဒီးကိုတော့ တော်တော်များများ သိကြမှာပါ။ ဒီဒီးကတော့ ပြီးခဲ့တဲ့ ရက်ပို င်းတုန်းကတော့ အဲလက်စ်ရဲ့ သမီးဖြစ်သူ ဒိုရာအဲလက်စ်နဲ့ MTV တူတူ ရိုက်ခဲ့တာကြောင့် ချစ်သူတွေဆိုပြီး ကောလဟာလတွေကို ဖြေရှင်းလိုက်ရပါသေးတယ်။ သူတို့နှစ်ယောက်ကတော့ Different ဆိုတဲ့ သီချင်းလေးကို ပရိသတ်တွေကို ချပြဖို့အတွက် MTV တူတူ ရိုက်နေတာ ဖြစ်ပြီး လက်ရှိမှာတော့ အဲ့သီချင်း MTV လေးက ထွက်လာပြီ ဖြစ်ပါတယ်။

အဲ လက်စ်ရဲ့ သမီးဖြစ်သူ ဒိုရာအဲလက်စ် သီဆိုထားတဲ့ Different ဆိုတဲ့ သီချင်းလေးရဲ့ MTV မှာတော့ ဒီဒီးတယောက်က ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ သီချင်းလေးကတော့ တပုဒ်လုံး အင်္ဂလိပ်လိုဆိုထားတာ ဖြစ်ပြီး MTV ကိုလည်း ပြည်ပက နေရာတော်တော်များများမှာ ရိုက်ထားတာ ဖြစ်ပါတယ်။ သီချင်းလေးကလည်း အဓိပ္ပါယ်တော်တော်ရှိပြီး ခံစားချက်တူတဲ့သူတိုင်း ရင်ထဲကိုရောက်စေမှာ အမှန်ပါပဲ။

အဲလ က်စ်တယောက်ထဲ နာမည်ကြီးတာ မဟုတ်ပဲ သူ့ရဲ့ သမီးဖြစ်သူ ဒိုရာအဲလက်စ်ကလည်း လုံးဝကို အရည်အချင်း ပြည့်မီတဲ့အဆိုတော် တယောက်ဖြစ်ပါတယ်။ ဒိုရာအဲလက်စ်ရဲ့ အသံလေးကတော့ ကြားလိုက်တဲ့သူတိုင်းရဲ့ ရင်ထဲကို အေးချမ်းသွားစေပြီး တခေါက် နားထောင်လိုက်ရုံနဲ့ သဘောကျသွားမှာ အသေချာပါပဲ။

ပြော ချင်လွန်းလို့ ပရိသတ်ကြီးလည်း အဲလက်စ်သမီး ဒိုရာအဲလက်စ်ရဲ့ အလန်းစား သီချင်း MTV သစ်လေးကိုတော့ ကြည့်ရှုခံစားလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ သီချင်းလေးကလည်း နာရီပိုင်းအတွင်းမှာ ကြည့်ရှုသူ ၂ သိန်းကျော်ရှိတဲ့အထိကို အားပေးမှု ကြမ်းကြတာလည်း ဖြစ်ပါတယ်။

Credit- Can’t Wait to Talk

  • ရုပ်သံဖိုင်အား နားဆင်ရန်နှိပ်ပါ

  • Unicode Version

About the author

Crypoetess

Leave a Comment