Shwe News

မိုရီဆာကီဝင္းနဲ႔အတူ …႐ုပ္ရွင္႐ိုက္မယ္ဆိုတဲ့… ေနတိုး

[Zawgyi Version]

ျမန္ မာႏိုင္ငံက ထိပ္တန္းမင္းသားတစ္ဦးျဖစ္တဲ့ ေနတိုးနဲ႕ ျမန္မာလူမ်ိဳး ဂ်ပန္အဆုိေတာ္၊ သရုပ္ေဆာင္ တစ္ဦးျဖစ္တဲ့ မိုရီဆာကီဝင္းတို႕ဟာ မၾကာခင္မွာ ရုပ္ရွင္အတူတူ ရိုက္ကူးေတာ့မွာပါ။ သူတို႕ႏွစ္ဦး ေတြ႕ဆံုမႈက ပရိသတ္ေတြအတြက္ အသစ္အဆန္းတစ္ခု ျဖစ္ေစမွာ အမွန္ပါပဲ။

မိန္း ကေလး ပရိသတ္ေတြရဲ႕ အားေပးမႈ အခိုင္အမာရရွိထားတဲ့ ေနတိုးနဲ႕ မိုရီဆာကီဝင္းတို႕ဟာ ၂၀၁၉ခုႏွစ္ထဲမွာ ရုပ္ရွင္အတူတူ ရိုက္ဖို႕အတြက္ ျပင္ဆင္လို႕ ေနပါတယ္။ Myanmar Media 7 ကေန သူတို႕ႏွစ္ဦးရိုက္ကူးမယ့္ ဇာတ္အတြက္ ျပင္ဆင္ေပးေနၿပီး ေနတိုးကုိယ္တိုင္ကလည္း ဒီဇာတ္ကားအတြက္ ရင္ခုန္ေနတယ္လို႕ ဆုိပါတယ္။

“Media 7 က ႀကိဳးစားေနတယ္။ ရိုက္ဖို႕အတြက္ေတာ့ အကုန္လံုးအဆင္ေျပတယ္။ သေဘာမတူစရာ အေၾကာင္းလည္း မရွိဘူး။ ကၽြန္ေတာ္တို႕အေနနဲ႕ အရမ္းလည္း ရင္ခုန္တယ္။ ပရိသတ္ေတြအေနနဲ႕ ၾကည့္ခ်င္မယ္လို႕ ထင္တယ္”လို႕ ေနတိုးက ဇြန္လ(၇) ရက္ေန႕က ျပဳလုပ္တဲ့ Scotch ပြဲမွာ ေျပာျပခဲ့တာပါ။

Photo : ေနတိုး

ဇာတ္ ကားရိုက္ကူးဖို႕အတြက္ ပထမအႀကိမ္ ေရးထားတဲ့ ဇာတ္မွာ ဆင္ဆာပိုင္းအရ အနည္းငယ္ ၿငိေနတာေၾကာင့္ ဇာတ္ညႊန္းဆရာဘက္က ဇာတ္အသစ္ထပ္ေရးေပးေနတယ္လို႕ ဆုိပါတယ္။ ဒီဇာတ္ကားဟာ သူတို႕ႏွစ္ဦးအတြက္ ကာရိုက္တာ အေျပာင္းအလဲေတြ ရွိႏိုင္မယ့္ ဇာတ္ကားတစ္ခု ျဖစ္မယ္လို႕ ေနတိုးက ေျပာပါတယ္။

“ဇာတ္ လမ္းကေတာ့ ကၽြန္ေတာ္တို႕ႏွစ္ေယာက္စလံုးရဲ႕ ကာရိုက္တာကို ခ်ိန္းသြားေစမယ့္ ဇာတ္လမ္းမ်ိဳးပဲ ျဖစ္မွာပါ။ ဒါရိုက္တာက ၾသရသျဖစ္တယ္။ ကၽြန္ေတာ္တုိ႕နဲ႕ လိုက္ဖက္မယ့္ ဇာတ္ေကာင္ဆိုတာထက္ကို ကၽြန္ေတာ္တုိ႕ ကိုယ္တုိင္က တကယ္ကို စိန္ေခၚမႈမ်ားစြာနဲ႕ အရမ္းႀကီး ႀကိဳးစားရမယ့္ ဇာတ္ေကာင္မ်ိဳး ျဖစ္ဖို႕ ၉၀ ရာခိုင္ႏႈန္းေလာက္မ်ားပါတယ္။ အဲ့လိုမ်ိဳးဘက္ကိုပဲ ဦးတည္ထားတယ္။ ကိုယ္နဲ႕ လုိုက္တဲ့ ဇာတ္ရုပ္ေတြကို လုပ္ခဲ့တာမ်ားၿပီ။ဆုိေတာ့ ကိုယ္နဲ႕ မလုိက္ဖက္တဲ့ဇာတ္ေကာင္တစ္ခုကို လိုက္ဖက္ေအာင္ႀကိဳးစားခြင့္ ႀကိဳးစားဖို႕ ပိုမ်ားပါတယ္” လို႕ ဆက္လက္ေျပာျပခဲ့ပါတယ္။

Photo : အဝင္း

ေန တိုး က မိုရီဆာကီဝင္းနဲ႕ အျပင္မွာ မဆံုဖူးေသးဘူးလို႕ ဆုိပါတယ္။ ဒါေပမယ့္လည္း မိုရီဆာကီဝင္းရဲ႕ အင္တာဗ်ဴးေတြၾကည့္ၿပီး အဝင္းဟာ အရမ္းေပ်ာ္တတ္တဲ့ သူတစ္ဦးျဖစ္ၿပီးလူေတြကို ေပ်ာ္ရႊင္ေစတဲ့ လူတစ္ေယာက္လို႕ ျမင္မိတယ္လို႕ ေနတိုးက ေျပာပါတယ္။ ဆက္လက္ၿပီးေတာ့ အဝင္းအေပၚ သူ႕ရဲ႕ အျမင္ေလးကိုလည္းယခုလို ေျပာျပသြားပါေသးတယ္။

“သူက အရမ္း ေပ်ာ္တတ္တယ္။ ေပ့ါေပ့ါပါးပါးနဲ႕။လူေတြကို ေပ်ာ္ရႊင္ေစတဲ့ လူတစ္ေယာက္လို႕ ျမင္ပါတယ္။ ကာရိုက္တာတစ္ခုကို သရုပ္ေဆာင္ကိုေတာ့ မၾကည့္ဖူးေသးဘူးေပ့ါေနာ္။ ဒါေပမယ့္လည္း သူ႕ရဲ႕ အျပင္ပံုစံကို ၾကည့္ျခင္းအားျဖင့္ အရမ္းေပ်ာ္ရႊင္စရာေကာင္းပါတယ္။ ကၽြန္ေတာ္အေန သူ႕ရဲ႕ အင္တာဗ်ဴးေတြ ခဏခဏ ၾကည့္ရတယ္။ အင္တာဗ်ဴးေျဖရင္ သူ႕စိတ္ကို ျမင္ရတယ္။ လူတစ္ေယာက္က စကားေျပာၾကည့္လိုက္တယ္ဆိုရင္ပဲ အတြင္းစိတ္ကို သိသာေစတယ္ဆိုေတာ့ သူရဲ႕ စိတ္က ျဖဴစင္ၿပီးေတာ့မွ ေပ်ာ္ရႊင္စရာေကာင္းတဲ့ စိတ္အခံရွိတယ္။ ေနာက္ၿပီးေတာ့ သူလုပ္တဲ့အလုပ္တုိင္ကို ေစတနာပါမိေနတယ္လို႕ ကၽြန္ေတာ္ျမင္တယ္” လို႕ သူက ဆုိပါတယ္။

Photo : ေနတိုး

သူတို႕ႏွစ္ဦးရဲ႕ ဆံုဆည္းမႈကေတာ့ ပရိသတ္ေတြအတြက္ အသစ္အဆန္း ျဖစ္ေစမွာ အမွန္ပါပဲ။ ယင္းရုပ္ရွင္ဇာတ္ကားကို ဒါရိုက္တာ ၾသရသက ပံုေဖာ္ရိုက္ကူးမွာ ျဖစ္ၿပီး ၂၀၁၉ခုႏွစ္ထဲမွာ ရိုက္ကူးျဖစ္မယ္လို႕ သိရပါတယ္။

ေနတိုး(Nay Toe)က အကယ္ဒမီဆုမ်ားစြာ ပိုင္ဆိုင္ထားၿပီး ဂုဏ္သတင္းေကာင္းမ်ားနဲ႔ ရပ္တည္ေနတဲ့ ထိပ္တန္း မင္းသားတစ္လက္ ျဖစ္ပါတယ္။ မိုးညအိမ္မက္ျမဴ (၂၀၀၉)၊ နကၡတ္မွားတဲ့တိုက္ပြဲ (၂၀၁၅)၊ တာေတႀကီး (၂၀၁၇) စတဲ့ ရုပ္ရွင္ဇာတ္ကား(၃) ကားမွာ အေကာင္းဆံုး အမ်ဳိးသားဇာတ္ေဆာင္ဆုေတြကို ရ႐ွိထားပါတယ္။ ၂၀၁၉ ခုႏွစ္မွာေတာ့ Cult Critic Movie Award ႏိုင္ငံတကာ ရုပ္ရွင္ပြဲေတာ္ က ခ်ီးျမငိ့တဲ့ The Best Actor ဆုကုိ မဟူရာ ရုပ္ရွင္ရုံ ရုပ္ရွင္ကားနဲ႔ ရရွိခဲ့တာျဖစ္ပါတယ္။

Photo : အဝင္း

အ ဝင္း က ျမန္မာႏုိင္ငံသားတစ္ဦးျဖစ္ၿပီး ဂ်ပန္ႏုိင္ငံမွာ ႀကီးျပင္းလာတဲ့ လူငယ္တစ္ေယာက္ျဖစ္ပါတယ္။ အဲ့ဒီေနာက္ ဂ်ပန္ႏုိင္ငံမွာပဲ PrizmaX ဆုိတဲ့ Boys Band နဲ႔ အတူ အႏုပညာအလုပ္ေတြလုပ္ေနတာပါ။ အဝင္းပါဝင္တဲ့ PrizmaX ဂီတအဖြဲ႔ကလည္း ဂ်ပန္ႏုိင္ငံမွာ လူငယ္အႀကိဳက္ ေအာင္ျမင္လ်ွက္ရွိတဲ့ အဖြဲ႕ျဖစ္ပါတယ္။ အခုဆုိရင္ ျမန္မာႏိုင္ငံမွာလည္း အႏုပညာအလုပ္ေတြ လုပ္ေနၿပီး ရုပ္ရွင္ဇာတ္ကားႀကီးေတြ ရို္က္ကူးလ်က္ရွိပါတယ္။

  • Credit- Duwun
    [Unicode Version]

မြန်မာနိုင်ငံက ထိပ်တန်းမင်းသားတစ်ဦးဖြစ်တဲ့ နေတိုးနဲ့ မြန်မာလူမျိုး ဂျပန်အဆိုတော်၊ သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ မိုရီဆာကီဝင်းတို့ဟာ မကြာခင်မှာ ရုပ်ရှင်အတူတူ ရိုက်ကူးတော့မှာပါ။ သူတို့နှစ်ဦး တွေ့ဆုံမှုက ပရိသတ်တွေအတွက် အသစ်အဆန်းတစ်ခု ဖြစ်စေမှာ အမှန်ပါပဲ။

မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ နေတိုးနဲ့ မိုရီဆာကီဝင်းတို့ဟာ ၂၀၁၉ခုနှစ်ထဲမှာ ရုပ်ရှင်အတူတူ ရိုက်ဖို့အတွက် ပြင်ဆင်လို့ နေပါတယ်။ Myanmar Media 7 ကနေ သူတို့နှစ်ဦးရိုက်ကူးမယ့် ဇာတ်အတွက် ပြင်ဆင်ပေးနေပြီး နေတိုးကိုယ်တိုင်ကလည်း ဒီဇာတ်ကားအတွက် ရင်ခုန်နေတယ်လို့ ဆိုပါတယ်။

“Media 7 က ကြိုးစားနေတယ်။ ရိုက်ဖို့အတွက်တော့ အကုန်လုံးအဆင်ပြေတယ်။ သဘောမတူစရာ အကြောင်းလည်း မရှိဘူး။ ကျွန်တော်တို့အနေနဲ့ အရမ်းလည်း ရင်ခုန်တယ်။ ပရိသတ်တွေအနေနဲ့ ကြည့်ချင်မယ်လို့ ထင်တယ်”လို့ နေတိုးက ဇွန်လ(၇) ရက်နေ့က ပြုလုပ်တဲ့ Scotch ပွဲမှာ ပြောပြခဲ့တာပါ။

Photo : နေတိုး

ဇာတ် ကားရိုက်ကူးဖို့အတွက် ပထမအကြိမ် ရေးထားတဲ့ ဇာတ်မှာ ဆင်ဆာပိုင်းအရ အနည်းငယ် ငြိနေတာကြောင့် ဇာတ်ညွှန်းဆရာဘက်က ဇာတ်အသစ်ထပ်ရေးပေးနေတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားဟာ သူတို့နှစ်ဦးအတွက် ကာရိုက်တာ အပြောင်းအလဲတွေ ရှိနိုင်မယ့် ဇာတ်ကားတစ်ခု ဖြစ်မယ်လို့ နေတိုးက ပြောပါတယ်။

“ဇာတ်လမ်းကတော့ ကျွန်တော်တို့နှစ်ယောက်စလုံးရဲ့ ကာရိုက်တာကို ချိန်းသွားစေမယ့် ဇာတ်လမ်းမျိုးပဲ ဖြစ်မှာပါ။ ဒါရိုက်တာက သြရသဖြစ်တယ်။ ကျွန်တော်တို့နဲ့ လိုက်ဖက်မယ့် ဇာတ်ကောင်ဆိုတာထက်ကို ကျွန်တော်တို့ ကိုယ်တိုင်က တကယ်ကို စိန်ခေါ်မှုများစွာနဲ့ အရမ်းကြီး ကြိုးစားရမယ့် ဇာတ်ကောင်မျိုး ဖြစ်ဖို့ ၉၀ ရာခိုင်နှုန်းလောက်များပါတယ်။ အဲ့လိုမျိုးဘက်ကိုပဲ ဦးတည်ထားတယ်။ ကိုယ်နဲ့ လိုက်တဲ့ ဇာတ်ရုပ်တွေကို လုပ်ခဲ့တာများပြီ။ဆိုတော့ ကိုယ်နဲ့ မလိုက်ဖက်တဲ့ဇာတ်ကောင်တစ်ခုကို လိုက်ဖက်အောင်ကြိုးစားခွင့် ကြိုးစားဖို့ ပိုများပါတယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : အဝင်း

နေတိုးက မိုရီဆာကီဝင်းနဲ့ အပြင်မှာ မဆုံဖူးသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း မိုရီဆာကီဝင်းရဲ့ အင်တာဗျူးတွေကြည့်ပြီး အဝင်းဟာ အရမ်းပျော်တတ်တဲ့ သူတစ်ဦးဖြစ်ပြီးလူတွေကို ပျော်ရွှင်စေတဲ့ လူတစ်ယောက်လို့ မြင်မိတယ်လို့ နေတိုးက ပြောပါတယ်။ ဆက်လက်ပြီးတော့ အဝင်းအပေါ် သူ့ရဲ့ အမြင်လေးကိုလည်းယခုလို ပြောပြသွားပါသေးတယ်။

“သူက အရမ်း ပျော်တတ်တယ်။ ပေ့ါပေ့ါပါးပါးနဲ့။လူတွေကို ပျော်ရွှင်စေတဲ့ လူတစ်ယောက်လို့ မြင်ပါတယ်။ ကာရိုက်တာတစ်ခုကို သရုပ်ဆောင်ကိုတော့ မကြည့်ဖူးသေးဘူးပေ့ါနော်။ ဒါပေမယ့်လည်း သူ့ရဲ့ အပြင်ပုံစံကို ကြည့်ခြင်းအားဖြင့် အရမ်းပျော်ရွှင်စရာကောင်းပါတယ်။ ကျွန်တော်အနေ သူ့ရဲ့ အင်တာဗျူးတွေ ခဏခဏ ကြည့်ရတယ်။ အင်တာဗျူးဖြေရင် သူ့စိတ်ကို မြင်ရတယ်။ လူတစ်ယောက်က စကားပြောကြည့်လိုက်တယ်ဆိုရင်ပဲ အတွင်းစိတ်ကို သိသာစေတယ်ဆိုတော့ သူရဲ့ စိတ်က ဖြူစင်ပြီးတော့မှ ပျော်ရွှင်စရာကောင်းတဲ့ စိတ်အခံရှိတယ်။ နောက်ပြီးတော့ သူလုပ်တဲ့အလုပ်တိုင်ကို စေတနာပါမိနေတယ်လို့ ကျွန်တော်မြင်တယ်” လို့ သူက ဆိုပါတယ်။

Photo : နေတိုး

သူတို့နှစ်ဦးရဲ့ ဆုံဆည်းမှုကတော့ ပရိသတ်တွေအတွက် အသစ်အဆန်း ဖြစ်စေမှာ အမှန်ပါပဲ။ ယင်းရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ သြရသက ပုံဖော်ရိုက်ကူးမှာ ဖြစ်ပြီး ၂၀၁၉ခုနှစ်ထဲမှာ ရိုက်ကူးဖြစ်မယ်လို့ သိရပါတယ်။

နေတိုး(Nay Toe)က အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားပြီး ဂုဏ်သတင်းကောင်းများနဲ့ ရပ်တည်နေတဲ့ ထိပ်တန်း မင်းသားတစ်လက် ဖြစ်ပါတယ်။ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာ ရုပ်ရှင်ပွဲတော် က ချီးမြငိ့တဲ့ The Best Actor ဆုကို မဟူရာ ရုပ်ရှင်ရုံ ရုပ်ရှင်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

Photo : အဝင်း

အဝင်းက မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံမှာ ကြီးပြင်းလာတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီနောက် ဂျပန်နိုင်ငံမှာပဲ PrizmaX ဆိုတဲ့ Boys Band နဲ့ အတူ အနုပညာအလုပ်တွေလုပ်နေတာပါ။ အဝင်းပါဝင်တဲ့ PrizmaX ဂီတအဖွဲ့ကလည်း ဂျပန်နိုင်ငံမှာ လူငယ်အကြိုက် အောင်မြင်လျှက်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာလည်း အနုပညာအလုပ်တွေ လုပ်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလျက်ရှိပါတယ်။

Credit- Duwun

About the author

Crypoetess

Leave a Comment