Shwe News

“အေရွ႕ေတာင္အာရွမွာ အလွဆံုးလို႕ တင္စားထားတဲ့ ဟိုက္ပါေရတံခြန္၏ အလွတရားကို ဖ်က္ဆီးလိုက္တဲ့ SSPP/SSA”

ျပည္သူေတြရဲ့ အသက္ေတြကို ဖက္ရြက္ေလာက္ေတာင္ တန္ဖိုးမထားေတာ့ဘူးလား SSPP/SSA

“ ငါမရေတာ့ဘူး။ ငါ့ကိုထားခဲ့ေတာ့ ”၊ထိုစကားသည္ ဒဏ္ရာျဖင့္ လဲက်ေနေသာ စိုင္းလံုးေက်ာက္ ၏ ေနာက္ဆုံး ထြက္သက္ စကားျဖစ္သည္။ စိုင္းလံုးေက်ာက္ သည္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ ၆ ရက္ေန႕က ရွမ္းျပည္နယ္ေတာင္ပိုင္း ဟိုက္ပါေရတံခြန္သို႕ သြားေရာက္လည္ပတ္စဥ္ ေရတံခြန္အနီး SSPP/SSA အဖြဲ႕ ႏွင့္ ထိပ္တိုက္တိုးခဲ့ၿပီး အိမ္အျပန္လမ္းခရီးတြင္ မထင္မွတ္ဘဲ ကံဆိုးမိုးေမွာင္က်ခဲ့ျခင္းျဖစ္သည္။ “ငါတို႔ကို မပစ္နဲ႕၊ မပစ္ ပါနဲ႕။

ငါတို႔က ျပည္သူလူထုေတြပဲ။ ဟိုက္ပါေရတံခြန္ကို လာလည္တာ ”ဟု ရွမ္းဘာသာစကားျဖင့္ ေအာ္ဟစ္ေျပာဆိုခဲ့ၾကသည္။ သို႔ေသာ္ ျခံဳထဲမွွ ေသနတ္ျဖင့္ တုန႔္ျပန္မႈေၾကာင့္ ေမာ္ေတာ္ယာဥ္ လမ္းေဘးသို႕ တိမ္းေမွာက္ခဲ့ၿပီး စိုင္းလံုးေက်ာက္ မွာ က်ည္ဆံထိမွန္ခဲ့သျဖင့္ ၎ႏွင့္အတူပါလာသူ စိုင္းလွေထြး၊ ေက်ာ္ေက်ာ္ဦးႏွင့္ ယာဥ္ေမာင္းအား “ငါမရေတာ့ဘူး။ ငါ့ကိုထားခဲ့ ” ဟူသည့္စကားျဖင့္ ထိုေနရာတြင္ လဲက် က်န္ရစ္ေနခဲ့ပါသည္။ လဲက် က်န္ေနခဲ့ေသာ စိုင္းလံုးေက်ာက္အား SSPP/SSA တပ္သားမ်ားက ဦးေခါင္းအား ေသနတ္ျဖင့္ေတ့ပစ္ခဲ့ေၾကာင္း ဒဏ္ရာျဖင့္ ထြက္ေျပးလြတ္ေျမာက္လာတဲ့ ရွမ္းျပည္ေတာင္ပိုင္း၊ မိုင္းရွဴးၿမိဳ႕နယ္၊ပန္စြဲရြာ သားျဖစ္သူ စိုင္းလွေထြး ႏွင့္ ေက်ာ္ေက်ာ္ဦး တို႕က ျပန္လည္ေျပာျပခဲ့ျခင္းျဖစ္သည္။

မပစ္နိုင္ပါဘူးေလဆိုၿပီးသြားၾကတာ။ ခါတိုင္း လဲ ဟိုက္ပါေရတံခြန္ကို သြားေနၾကပါ။ SSPP/SSA အဖြဲ႕ အခုလို တရားဥပေဒမဲ့ ရွမ္းလူမ်ဳိးအခ်င္းခ်င္းရက္စက္မယ္လို႕ မထင္ထားမိပါဘူး။ ေက်း႐ြာေဒသခံမ်ား ျပန္သြားၾကည့္ ခ်ိန္၌ ဆီးအိုင္၊ ေသြးအိုင္ထဲတြင္ ေသဆုံးေနသည္ စိုင္းလံုးေက်ာက္ ကို ေတြ႕ျမင္ရသည့္အတြက္ ဝမ္ပန္ေလာ့ေက်းရြာမွာရွိတဲ့ ၂၅ ကုတင္ဆန္႕ ေဆးရံုသို႕ ပို႕ေဆာင္ခဲ့ၾကပါတယ္။ ရွမ္းျပည္နယ္ေကာင္းစားဖို႕လုပ္ေနတယ္ဆိုၿပီး သူတို႕က အၿမဲတမ္းေျပာေနတာဘဲ၊ ဒီေန႕အထိေတာ့ ရွမ္းျပည္နယ္အတြက္ ေကာင္းေအာင္ လုပ္ေဆာင္ေပးတာ တစ္ခုမွမေတြ႕ရေသးပါဘူူး၊ အခုလို ရွမ္းလူမ်ိဳး အခ်င္းခ်င္း တရားဥပေဒမဲ့သတ္ျဖတ္လိုက္ျခင္းဟာ SSPP/SSA အဖြဲ႕အေနနဲ႕ ဓါးျပအဖြဲ႕၊ ျပန္ေပးအဖြဲ႕သာသာပဲရွိတယ္ ဆိုတာ ေၾကညာလိုက္ျခင္းပဲျဖစ္ပါတယ္။

SSPP/SSA အဖြဲ႕ရဲ႕ လုပ္ရပ္ေတြေၾကာင့္ ကၽြန္ေတာ္တို႕ရွမ္းလူမ်ဳိးေတြအေပၚ ဟသၤာ ကိုးေသာင္းဇာတ္တူသားစားလို႕ ပ်က္စီးသြားရသလိုပဲ တျဖည္းျဖည္း ရြံမုန္းလာၾကၿပီ။ SSPP/SSA အဖြဲ႕အေနနဲ႕ တရား ဥပေဒမဲ့သတ္ျဖတ္ျခင္းခံရတဲ့ ယခုျဖစ္စဥ္အေပၚ တရားဥပေဒအရ ေျဖရွင္းေပးဖို႕ လိုအပ္ေနပါၿပီ၊ လူသတ္မႈက်ဴးလြန္သြားတဲ့ တရားခံ ကို တရားဥပေဒအရအေရးယူေဆာင္ရြက္ေပးဖို႕ မတရား သတ္ျဖတ္ျခင္းခံရတဲ့ စိုင္းလံုးေက်ာက္ ကိုယ္စား ရွမ္းလူထုတစ္ရပ္ လံုးက ေတာင္းဆိုပါရေစ။

Credit- မိုင္းရွဴးသား စိုင္းခမ္းလံု

မွတ္ခ်က္-အခ်ိဳ႕ပံုမ်ားမွာႏွလံုးမခိုင္သူမ်ားၾကည့္ရႈရန္မသင့္ေသာေၾကာင့္ ထည့္သြင္းထားျခင္းမရွိပါ။

Unicode Version

ပြည်သူတွေရဲ့ အသက်တွေကို ဖက်ရွက်လောက်တောင် တန်ဖိုးမထားတော့ဘူးလား SSPP/SSA

“ ငါမရတော့ဘူး။ ငါ့ကိုထားခဲ့တော့ ”၊ထိုစကားသည် ဒဏ်ရာဖြင့် လဲကျနေသော စိုင်းလုံးကျောက် ၏ နောက်ဆုံး ထွက်သက် စကားဖြစ်သည်။ စိုင်းလုံးကျောက် သည် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ဟိုက်ပါရေတံခွန်သို့ သွားရောက်လည်ပတ်စဉ် ရေတံခွန်အနီး SSPP/SSA အဖွဲ့ နှင့် ထိပ်တိုက်တိုးခဲ့ပြီး အိမ်အပြန်လမ်းခရီးတွင် မထင်မှတ်ဘဲ ကံဆိုးမိုးမှောင်ကျခဲ့ခြင်းဖြစ်သည်။ “ငါတို့ကို မပစ်နဲ့၊ မပစ် ပါနဲ့။

ငါတို့က ပြည်သူလူထုတွေပဲ။ ဟိုက်ပါရေတံခွန်ကို လာလည်တာ ”ဟု ရှမ်းဘာသာစကားဖြင့် အော်ဟစ်ပြောဆိုခဲ့ကြသည်။ သို့သော် ခြုံထဲမှ သေနတ်ဖြင့် တုန့်ပြန်မှုကြောင့် မော်တော်ယာဉ် လမ်းဘေးသို့ တိမ်းမှောက်ခဲ့ပြီး စိုင်းလုံးကျောက် မှာ ကျည်ဆံထိမှန်ခဲ့သဖြင့် ၎င်းနှင့်အတူပါလာသူ စိုင်းလှထွေး၊ ကျော်ကျော်ဦးနှင့် ယာဉ်မောင်းအား “ငါမရတော့ဘူး။ ငါ့ကိုထားခဲ့ ” ဟူသည့်စကားဖြင့် ထိုနေရာတွင် လဲကျ ကျန်ရစ်နေခဲ့ပါသည်။ လဲကျ ကျန်နေခဲ့သော စိုင်းလုံးကျောက်အား SSPP/SSA တပ်သားများက ဦးခေါင်းအား သေနတ်ဖြင့်တေ့ပစ်ခဲ့ကြောင်း ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်လာတဲ့ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ပန်စွဲရွာ သားဖြစ်သူ စိုင်းလှထွေး နှင့် ကျော်ကျော်ဦး တို့က ပြန်လည်ပြောပြခဲ့ခြင်းဖြစ်သည်။

မပစ်နိုင်ပါဘူးလေဆိုပြီးသွားကြတာ။ ခါတိုင်း လဲ ဟိုက်ပါရေတံခွန်ကို သွားနေကြပါ။ SSPP/SSA အဖွဲ့ အခုလို တရားဥပဒေမဲ့ ရှမ်းလူမျိုးအချင်းချင်းရက်စက်မယ်လို့ မထင်ထားမိပါဘူး။ ကျေးရွာဒေသခံများ ပြန်သွားကြည့် ချိန်၌ ဆီးအိုင်၊ သွေးအိုင်ထဲတွင် သေဆုံးနေသည် စိုင်းလုံးကျောက် ကို တွေ့မြင်ရသည့်အတွက် ဝမ်ပန်လော့ကျေးရွာမှာရှိတဲ့ ၂၅ ကုတင်ဆန့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြပါတယ်။ ရှမ်းပြည်နယ်ကောင်းစားဖို့လုပ်နေတယ်ဆိုပြီး သူတို့က အမြဲတမ်းပြောနေတာဘဲ၊ ဒီနေ့အထိတော့ ရှမ်းပြည်နယ်အတွက် ကောင်းအောင် လုပ်ဆောင်ပေးတာ တစ်ခုမှမတွေ့ရသေးပါဘူူး၊ အခုလို ရှမ်းလူမျိုး အချင်းချင်း တရားဥပဒေမဲ့သတ်ဖြတ်လိုက်ခြင်းဟာ SSPP/SSA အဖွဲ့အနေနဲ့ ဓါးပြအဖွဲ့၊ ပြန်ပေးအဖွဲ့သာသာပဲရှိတယ် ဆိုတာ ကြေညာလိုက်ခြင်းပဲဖြစ်ပါတယ်။

SSPP/SSA အဖွဲ့ရဲ့ လုပ်ရပ်တွေကြောင့် ကျွန်တော်တို့ရှမ်းလူမျိုးတွေအပေါ် ဟင်္သာ ကိုးသောင်းဇာတ်တူသားစားလို့ ပျက်စီးသွားရသလိုပဲ တဖြည်းဖြည်း ရွံမုန်းလာကြပြီ။ SSPP/SSA အဖွဲ့အနေနဲ့ တရား ဥပဒေမဲ့သတ်ဖြတ်ခြင်းခံရတဲ့ ယခုဖြစ်စဉ်အပေါ် တရားဥပဒေအရ ဖြေရှင်းပေးဖို့ လိုအပ်နေပါပြီ၊ လူသတ်မှုကျူးလွန်သွားတဲ့ တရားခံ ကို တရားဥပဒေအရအရေးယူဆောင်ရွက်ပေးဖို့ မတရား သတ်ဖြတ်ခြင်းခံရတဲ့ စိုင်းလုံးကျောက် ကိုယ်စား ရှမ်းလူထုတစ်ရပ် လုံးက တောင်းဆိုပါရစေ။

Credit- မိုင်းရှူးသား စိုင်းခမ်းလုံ

မှတ်ချက်-အချို့ပုံများမှာနှလုံးမခိုင်သူများကြည့်ရှုရန်မသင့်သောကြောင့် ထည့်သွင်းထားခြင်းမရှိပါ။

About the author

ilove

Leave a Comment