Shwe News

“ဟန္တီကို ခ်ီးက်ဴးလိုက္တဲ့ အဆိုေတာ္ L ဆိုင္းဇီ”

ကိုရီးယားမွာ ျပဳလုပ္တဲ့ Asia Model Award ဆုေပးပြဲမွာ ဆုရခဲ့တဲ့ ဟန္တီအတြက္ အဆုိေတာ္ Lဆိုင္းဇီတစ္ေယာက္ ဂုဏ္ယူလို႕ေနတာပါ။ အရမ္းေတာ္လြန္းတဲ့ ဟန္တီကို ၾကည့္ၿပီး ခ်ီးက်ဴးလို႕ ေနပါတယ္။

Han Ti’s Skill Video

အဆုိေတာ္ L ဆိုင္းဇီဟာ ဇြန္လ(၉) ရက္ေန႕က ကိုရီးယားမွာ ျပဳလုပ္တဲ့ Asia Model Award 2019 ဆုေပးပြဲမွာ Model Star Award ဆုရရွိခဲ့တဲ့ ဟန္တီအတြက္ ဂုဏ္ယူလို႕ေနပါတယ္။ စင္ျမင့္ေပၚမွာ ကိုရီးယားစကာနဲ႕ ေက်းဇူးတင္ေၾကာင္း ေျပာသြားခဲ့တာကို ၾကည့္ၿပီး ခ်ီးက်ဴးစကား ဆိုထားပါေသးတယ္။

“အိုး..ခ်စ္စရာေလး ညီမေလး ဟန္သီ..ေတာ္လိုက္တာ။ ျမန္မာ့ဂုဏ္ကိုေဆာင္သြားတာပါပဲ..” ဆိုၿပီး ဇြန္လ(၁၀) ရက္ေန႕က သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေျပာထားတာ ေတြ႕ရပါတယ္။

ဟန္တီတစ္ေယာက္ ဆုယူရင္း ကုိရီယားစကားကုိ ကၽြမ္းကၽြမ္းက်င္က်င္ေျပာျပႏိုင္ခဲ့လုိ႔လည္း လာေရာက္အားေပးၾကတဲ့ ကုိရီးယားလူမ်ဳိး ပရိသတ္ေတြက အ့ံၾသမဆုံးျဖစ္ခဲ့ၾက တာကုိလည္း ေတြ႔ရပါတယ္။ ဟန္တီ့ကုိ အားေပးခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြကလည္း ဝမ္းသာမဆုံးျဖစ္ခဲ့တာကုိလည္း ေတြ႔ရပါတယ္။

ဟန္တီဟာ Miss Supranational 2014 ၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳ အလွမယ္အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး Top 10 Finalist အထိ တက္လွမ္းနိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Miss Supranational Asia & Oceania ေရြးခ်ယ္ခံရသူ တစ္ဦးျဖစ္သလို Miss Supranational Internet ဆုကိုလည္း ရရွိထားပါတယ္။

တရုတ္ႏုိင္ငံ Sanya ျပည္နယ္မွာ ျပဳလုပ္တဲ့ Miss World 2018 ၿပိဳင္ပြဲကုိလည္း ျမန္မာႏုိင္ငံကုိယ္စားျပဳ အလွမယ္အျဖစ္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ပါေသးတယ္။ ဟန္တီက အႏုပညာအလုပ္ေတြလည္း လုပ္ေနရသူျဖစ္သလုိ ပရဟိတလုပ္ငန္းေတြမွာလည္း Organization ေတြနဲ႔ ျဖစ္ေစ၊ Miss Myanmar Charity အဖြဲ႕နဲ႔ ျဖစ္ေစ၊ တစ္ေယာက္ တည္းျဖစ္ေစ အားသြန္ခြန္စုိက္ ေဆာင္ရြက္ေနသူျဖစ္ပါတယ္။ ဒါ့အျပင္ပညာေရးဘက္မွာလည္း ထူးခၽြန္သူတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားေနတာကုိ ေတြ႔ရပါတယ္။

Credit: Duwun

Unicode Version

ကိုရီးယားမှာ ပြုလုပ်တဲ့ Asia Model Award ဆုပေးပွဲမှာ ဆုရခဲ့တဲ့ ဟန်တီအတွက် အဆိုတော် Lဆိုင်းဇီတစ်ယောက် ဂုဏ်ယူလို့နေတာပါ။ အရမ်းတော်လွန်းတဲ့ ဟန်တီကို ကြည့်ပြီး ချီးကျူးလို့ နေပါတယ်။

Han Ti’s Skill Video

အဆိုတော် L ဆိုင်းဇီဟာ ဇွန်လ(၉) ရက်နေ့က ကိုရီးယားမှာ ပြုလုပ်တဲ့ Asia Model Award 2019 ဆုပေးပွဲမှာ Model Star Award ဆုရရှိခဲ့တဲ့ ဟန်တီအတွက် ဂုဏ်ယူလို့နေပါတယ်။ စင်မြင့်ပေါ်မှာ ကိုရီးယားစကာနဲ့ ကျေးဇူးတင်ကြောင်း ပြောသွားခဲ့တာကို ကြည့်ပြီး ချီးကျူးစကား ဆိုထားပါသေးတယ်။

“အိုး..ချစ်စရာလေး ညီမလေး ဟန်သီ..တော်လိုက်တာ။ မြန်မာ့ဂုဏ်ကိုဆောင်သွားတာပါပဲ..” ဆိုပြီး ဇွန်လ(၁၀) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာ တွေ့ရပါတယ်။

ဟန်တီတစ်ယောက် ဆုယူရင်း ကိုရီယားစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောပြနိုင်ခဲ့လို့လည်း လာရောက်အားပေးကြတဲ့ ကိုရီးယားလူမျိုး ပရိသတ်တွေက အံ့သြမဆုံးဖြစ်ခဲ့ကြ တာကိုလည်း တွေ့ရပါတယ်။ ဟန်တီ့ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း ဝမ်းသာမဆုံးဖြစ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ဟန်တီဟာ Miss Supranational 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Top 10 Finalist အထိ တက်လှမ်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Miss Supranational Asia & Oceania ရွေးချယ်ခံရသူ တစ်ဦးဖြစ်သလို Miss Supranational Internet ဆုကိုလည်း ရရှိထားပါတယ်။

တရုတ်နိုင်ငံ Sanya ပြည်နယ်မှာ ပြုလုပ်တဲ့ Miss World 2018 ပြိုင်ပွဲကိုလည်း မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ ဟန်တီက အနုပညာအလုပ်တွေလည်း လုပ်နေရသူဖြစ်သလို ပရဟိတလုပ်ငန်းတွေမှာလည်း Organization တွေနဲ့ ဖြစ်စေ၊ Miss Myanmar Charity အဖွဲ့နဲ့ ဖြစ်စေ၊ တစ်ယောက် တည်းဖြစ်စေ အားသွန်ခွန်စိုက် ဆောင်ရွက်နေသူဖြစ်ပါတယ်။ ဒါ့အပြင်ပညာရေးဘက်မှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်အောင် ကြိုးစားနေတာကို တွေ့ရပါတယ်။

Credit: Duwun

About the author

ilove

Leave a Comment