Shwe News

အာဆီယံ ယူ-၁၆ ဆီမီးဖိုင္နယ္မွာ ျမန္မာ နဲ႔ ထိုင္းနဲ႔ ထိပ္တိုက္ေတြ႕ျပီ

ဒီေန႔ ညေန (၃း၃၀)ခြဲမွာ ယွဥ္ျပိဳင္ကစားခဲ့တဲ့ အာဆီယံ ယူ-၁၆ ေဘာလုံးျပိဳင္ပြဲရဲ႕ အုပ္စု (က) ေနာက္ဆံုးပြဲအျဖစ္ ဗီယက္နမ္အသင္း နဲ႔ ျမန္မာအသင္းတို႔ ကစားခဲ့ၾကရာမွာ (၂-၂)ဂိုး နဲ႔ သေရျဖစ္ခဲ့ပါတယ္။ ျမန္မာအသင္းအေနနဲ႔ အနည္းဆံုး သေရကစားႏိုင္ရံုနဲ႔ အၾကိဳဗိုလ္လုပြဲကို တက္ေရာက္ႏိုင္မွာ ျဖစ္ျပီး လိုခ်င္တဲ့ ရလာဒ္ကို ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ႏွစ္သင္းစလံုးဟာ ရမွတ္ (၉)မွတ္စီ ရယူထားႏိုင္ၾကျပီး ျမန္မာအသင္းက ရဂိုး (၁၅)ဂိုး၊ ေပးဂိုး (၅)ဂိုးရွိျပီး ဂိုးကြာျခားခ်က္ (၁၀) ဂိုးအထိ အသာရရွိထားျပီး ဗီယက္နမ္အသင္းကေတာ့ ရဂိုး (၁၃)ဂိုး၊ ေပးဂိုး (၅)ဂိုးရွိကာ ဂိုးကြာျခားခ်က္ (၈)ဂိုးသာ အသာရရွိထားတာမို႔ ျမန္မာအသင္းက သေရကစားရံုနဲ႔ ေနာက္တစ္ဆင့္ကို တက္ေရာက္မယ့္ အခြင့္အေရးကို ပိုင္ဆိုင္ခဲ့တာ ျဖစ္ပါတယ္။

ျမန္မာ ယူ-၁၆ အသင္းဟာ ပြဲကို ဦးေဆာင္ကစားႏိုင္ခဲ့ျပီး (၂)ၾကိမ္တိုင္တိုင္ ဦးေဆာင္ႏိုင္ခဲ့ျပီး ဗီယက္နမ္အသင္းက ေနာက္ကလိုက္လံေခ်ပခဲ့ရတာ ျဖစ္ပါတယ္။ ပထမပိုင္းမွာ ျမန္မာအသင္းက လမင္းေထြးရဲ႕ (၁၂)မိနစ္မွာ သြင္းဂိုးနဲ႔ ဦးေဆာင္ခဲ့ျပီး ဗီယက္နမ္အသင္းက ဒင္သန္ထရမ္က (၂၇)မိနစ္မွာ ျပန္လည္ေခ်ပသြားခဲ့ပါတယ္။

ဒုတိယပိုင္းမွာ ျမန္မာအသင္းက မိနစ္ (၅၉)မိနစ္မွာ သြင္းယူခဲ့တဲ့ ေဇာ္၀င္းသိန္းရဲ႕ သြင္းဂိုးေၾကာင့္ ေနာက္ထပ္တစ္ၾကိမ္ ဦးေဆာင္ႏိုင္ခဲ့ျပီး ဗီယက္နမ္အတြက္ ပထမေခ်ပဂိုးသြင္းယူေပးခဲ့တဲ့့ ဒင္သန္ထရမ္ကပဲ (၇၀)မိနစ္မွာ ျပန္လည္ေခ်ပခဲ့တာေၾကာင့္ တစ္ဖက္ႏွစ္ဂိုးစီ ျဖစ္ခဲ့ပါတယ္။ ပြဲျပီးခါနီးမွာ ဗီယက္နမ္အသင္းက တရစပ္တိုက္စစ္ဆင္ကစားခဲ့ျပီး အပိုင္ကန္သြင္းခ်က္ေတြ တိုင္ထိထြက္ခဲ့သလို ျမန္မာဂိုးသမားရဲ႕ လက္စြမ္းျပကာကြယ္ခဲ့မႈေၾကာင့္ ေနာက္ထပ္ ဂိုးမရခဲ့ပဲ သေရအျဖစ္သာ ျပီးဆံံုးခဲ့ပါတယ္။

ျမန္မာအသင္းကေတာ့ ရမွတ္ (၁၀)မွတ္ ရရွိျပီး ဂိုးကြာျခားခ်က္အသာစီးေၾကာင့္ အၾကိဳဗုိလ္လုပြဲကို တက္ေရာက္သြားခဲ့ျပီ ျဖစ္ပါတယ္။ အုပ္စု (ခ) မွာ ထိုင္းအသင္းက အုပ္စုပထမရရွိခဲ့တာေၾကာင့္ ျမန္မာအသင္း နဲ႔ ထိုင္းအသင္းတို႔ အၾကိဳဗုိလ္လုပြဲမွာ ထိပ္တိုက္ေတြ႕ဆံုၾကေတာ့့မွာ ျဖစ္ပါတယ္။ ဆီမီးဖိုင္နယ္ပြဲစဥ္ေတြကိုေတာ့ ၾသဂုတ္လ (၉) ရက္ေန႔မွာ ဆက္လက္ကစားသြားမွာ ျဖစ္ပါတယ္။

Via: Duwun
ဓာတ္ပုံ – MFF

  • Unicode

ဒီနေ့ ညနေ (၃း၃၀)ခွဲမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲရဲ့ အုပ်စု (က) နောက်ဆုံးပွဲအဖြစ် ဗီယက်နမ်အသင်း နဲ့ မြန်မာအသင်းတို့ ကစားခဲ့ကြရာမှာ (၂-၂)ဂိုး နဲ့ သရေဖြစ်ခဲ့ပါတယ်။ မြန်မာအသင်းအနေနဲ့ အနည်းဆုံး သရေကစားနိုင်ရုံနဲ့ အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်မှာ ဖြစ်ပြီး လိုချင်တဲ့ ရလာဒ်ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

နှစ်သင်းစလုံးဟာ ရမှတ် (၉)မှတ်စီ ရယူထားနိုင်ကြပြီး မြန်မာအသင်းက ရဂိုး (၁၅)ဂိုး၊ ပေးဂိုး (၅)ဂိုးရှိပြီး ဂိုးကွာခြားချက် (၁၀) ဂိုးအထိ အသာရရှိထားပြီး ဗီယက်နမ်အသင်းကတော့ ရဂိုး (၁၃)ဂိုး၊ ပေးဂိုး (၅)ဂိုးရှိကာ ဂိုးကွာခြားချက် (၈)ဂိုးသာ အသာရရှိထားတာမို့ မြန်မာအသင်းက သရေကစားရုံနဲ့ နောက်တစ်ဆင့်ကို တက်ရောက်မယ့် အခွင့်အရေးကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ ယူ-၁၆ အသင်းဟာ ပွဲကို ဦးဆောင်ကစားနိုင်ခဲ့ပြီး (၂)ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပြီး ဗီယက်နမ်အသင်းက နောက်ကလိုက်လံချေပခဲ့ရတာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ မြန်မာအသင်းက လမင်းထွေးရဲ့ (၁၂)မိနစ်မှာ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပြီး ဗီယက်နမ်အသင်းက ဒင်သန်ထရမ်က (၂၇)မိနစ်မှာ ပြန်လည်ချေပသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ မြန်မာအသင်းက မိနစ် (၅၉)မိနစ်မှာ သွင်းယူခဲ့တဲ့ ဇော်ဝင်းသိန်းရဲ့ သွင်းဂိုးကြောင့် နောက်ထပ်တစ်ကြိမ် ဦးဆောင်နိုင်ခဲ့ပြီး ဗီယက်နမ်အတွက် ပထမချေပဂိုးသွင်းယူပေးခဲ့တဲ့ ဒင်သန်ထရမ်ကပဲ (၇၀)မိနစ်မှာ ပြန်လည်ချေပခဲ့တာကြောင့် တစ်ဖက်နှစ်ဂိုးစီ ဖြစ်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဗီယက်နမ်အသင်းက တရစပ်တိုက်စစ်ဆင်ကစားခဲ့ပြီး အပိုင်ကန်သွင်းချက်တွေ တိုင်ထိထွက်ခဲ့သလို မြန်မာဂိုးသမားရဲ့ လက်စွမ်းပြကာကွယ်ခဲ့မှုကြောင့် နောက်ထပ် ဂိုးမရခဲ့ပဲ သရေအဖြစ်သာ ပြီးဆံုံးခဲ့ပါတယ်။

မြန်မာအသင်းကတော့ ရမှတ် (၁၀)မှတ် ရရှိပြီး ဂိုးကွာခြားချက်အသာစီးကြောင့် အကြိုဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ အုပ်စု (ခ) မှာ ထိုင်းအသင်းက အုပ်စုပထမရရှိခဲ့တာကြောင့် မြန်မာအသင်း နဲ့ ထိုင်းအသင်းတို့ အကြိုဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဆုံကြတော့မှာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ သြဂုတ်လ (၉) ရက်နေ့မှာ ဆက်လက်ကစားသွားမှာ ဖြစ်ပါတယ်။

Via: Duwun
ဓာတ်ပုံ – MFF

About the author

Wai Phyo Oo

Leave a Comment