Shwe News
  • (Unicode Version)
ဘယ် သူက ဖမ်းဖမ်း ဘယ်သူကစစ်စစ် မတရားဖမ်းရင် မတရား ချလန်ဖြတ်ရင် မခံပါနဲ့
ခုတလော ပဲခူးတိုင်း ပြည်မြို့ဝန်းကျင်မှာ လိုက်ထရက်ကားတွေ လူတင်လို့ လုပ်ငန်းလိုင်စင်မပါလို့ဆိုပြီး ချလန်ဖြတ်ခံရတာ ဒဏ်ငွေရိုက်ခံရတာတွေ မကြာမကြာကြားနေရပါတယ်။ ယာဉ်ထိန်းရဲကပဲ ဖမ်းသလိုလို အခြားအဖွဲ့ကပဲဖမ်းသလိုလိုနဲ့ သတင်းတွေကစုံလို့။
ဘယ်သူကဖမ်းဖမ်း ဘယ်သူကစစ်စစ်ဗျာ မတရားဖမ်းတာ မတရားချလန်ဖြတ်တာဆို မခံပါနဲ့။ လိုက်ထရက်ကား လူတင်လို့တဲ့ ပစ္စည်းပဲတင်ရမှာမှန်တယ် ဒါပေမဲ့ မြန်မာတစ်နိုင်ငံလုံးလူတင်နေကြတာပဲ။ ဒါကို အဲ့ဒေသမှာမှ ကွက်ပြီးဖမ်းရသလား တစ်နိုင်ငံလုံးခွင့်ပြုထားတာပဲ ပြည်မြို့တစ်ခုပဲ ခွင့်မပြုပဲဖမ်းနေတာလား နဲနဲလေးစဉ်းစားပြီးမှလုပ်ပါဗျာ တစ်နိုင်ငံလုံးနဲ့ဆန့်ကျင်နေတာ ပြန်တွေးပါအုံး။
နောက်တစ်ခု လုပ်ငန်းလိုင်စင်မပါလို့တဲ့။ သူမှာမှ ဘာလုပ်ငန်းမှ မလုပ်လို့ လုပ်ငန်းလိုင်စင်လုပ်မထားတာ အဲ့ဒါကိုဖမ်းလို့ရတယ်လို့ ဘယ်ဥပဒေကပြောထားလို့လဲ။ ထားပါ နံပါတ်ကလဲအနီဖြစ်ပြီးလုပ်ငန်းသုံးပစ္စည်းတွေ ကုန်တွေ သယ်ယူပို့ဆောင်နေတယ်ဆို မေးစမ်း စစ်စမ်း လုပ်ငန်းလိုင်စင် ဘာမှတင်မထားရင် ဘာလုပ်ငန်းမှစစ်စရာကိုမလိုတာ ကိုယ်ပိုင်အိမ်သုံးလိုက်ထရက်ကို ဘယ်သူမှလဲနံပါတ်အနီယူမထားဘူး။
ကျွန်တော့်ကားဆရာတွေ အ အမခံနဲ့ဗျ။ နံပါတ်အနက် ကုန်ပစ္စည်းလဲတင်မလာ ဒါကိုလုပ်ငန်းဘယ်မလဲမေးရင် လုပ်ငန်းလိုတဲ့ကားလားလို့ ခပ်မာမာသာပြန်ပြောပစ်လိုက် ယာဉ်ထိန်းဖြစ်ဖြစ် အခြားအဖွဲ့ဖြစ်ဖြစ် မတရားပြောလာရင် ကိုသိထားတာကိုပြန်သာပြော။
ပုံလေးတွေကတော့ ပဲခူးတိုင်းသတင်းစုံထဲကယူထားတာပါ အဲ့ဒါယာဉ်ထိန်းချလန်မဟုတ်ပါဘူး အဲ့ဒီမှာယာဉ်ထိန်းမပါပါဘူး။
ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ (10.6.2019)
About the author
Crypoetess
Leave a Comment