Shwe News

“အဘြားအတြက္ ရည္စူးၿပီး အလႉအတန္းေတြ ျပဳလုပ္ေနတဲ့ ပိုပို”

ပိုပိုက သူသိပ္ခ်စ္ရတဲ့ အဘြားအတြက္ ရည္စူးၿပီး အလွဴအတန္းေတြ ျပဳလုပ္ေနတာပါ။ အဘြားကိုလည္း အရမ္းသတိရေနတယ္တဲ့။

ပိုပိုဟာ သူမရဲ႕ ဘဝထဲက ထြက္ခြာသြားခဲ့တဲ့ အဘြားအတြက္ ရည္စူးၿပီး အလွဴအတန္းေတြ ျပဳလုပ္လ်က္ရွိပါတယ္။ ပိုပိုရဲ႕ အဘြားဆံုးတာ ဒီေန႕မွာဆိုရင္ (၈)ႏွစ္တိတိျပည့္ခဲ့ပါၿပီ။ အလွဴအတန္းလုပ္တိုင္း အဘြားအတြက္ အမွ်ေပးေဝတတ္သလို အဘြာအတြက္ ရည္စူးၿပီလည္း အၿမဲတမ္းလိုလို အလွဴေတြျပဳလုပ္တတ္သူပါ။

“လြန္ခ့ဲတ့ဲ ၈ ႏွစ္က ဒီလိုအခ်ိန္မွာ ဆံုးပါးသြားတ့ဲ အဘြား ေဒၚအံုးၾကည္အတြက္ ဘုန္းဘုန္းႀကီးဆီ ဆြမ္းသြားကပ္ ခ့ဲတယ္ အဘြား ေကာင္းရာသုဂတိမွာ ေပ်ာ္စံႏိုင္ပါေစ I miss U my Grandma” ဆိုၿပီး ဇြန္လ(၁၂) ရက္ေန႕က သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားခဲ့ပါတယ္။

ပိုပိုဟာ အဘြားကို အရမ္းခ်စ္တဲ့ ေျမးမေလးတစ္ေယာက္ျဖစ္ပါတယ္။ ပိုပိုရဲ႕ အဘြားဟာ ပိုပို အသက္(၂၂)ႏွစ္ျပည့္ၿပီး ေနာက္မွာ ဆံုးပါးသြားခဲ့တာပါ။ ပိုပိုဟာ သူမရဲ႕ အဘြားအတြက္ ရည္စူးၿပီး ပဲခူးတိုင္းဘက္က ရြာေလးတစ္ရြာမွာ ေစတီေလးတစ္ဆူ တည္ထားခဲ့တယ္လို႕လည္း သိရပါတယ္။ ပိုပိုဟာ အလွဴနဲ႕ ပတ္သက္လာရင္ လက္မေႏွးတတ္သူ တစ္ဦးပါ။ေန႕စဥ္သံဃာေတာ္မ်ားအတြက္ ဆြမ္းဆပ္ကပ္လွဴဒါန္း သလုိ မၾကာခဏဆိုသလိုလည္း အလွဴအတန္းေတြျပဳလုပ္တက္သူတစ္ဦးလည္း ျဖစ္ပါတယ္။

ဂီတေလာကမွာ ေနရာတစ္ေနရာရရွိလာတဲ့ ပိုပိုဟာ ပထမဆုံးတစ္ကုိယ္ေတာ္ေတးစီးရီးျဖစ္တဲ့ ခ်စ္ဖူးခဲ့သမွ် တစ္ကိုယ္ေတာ္ အယ္လ္ဘမ္၊ အလြမ္း သီခ်င္းႀကိဳက္တဲ့ ေရဒီယုိ အယ္လ္ဘမ္ တုိ႔ကုိ ထြက္ရွိခဲ့ၿပီးေတာ့ Master Piece မီနီအယ္လ္ဘမ္လည္း ထြက္ရွိထားသူျဖစ္ပါတယ္။

သူမက ဂီတပိုင္းမွာသာမက ဇာတ္ကားရိုက္ကူးမႈေတြလည္း လုပ္လာသူပါ။ သူမပါဝင္ထားတဲ့ ေၾကာက္ေၾကာက္ေၾကာက္ ရုပ္ရွင္ဇာတ္ကားႀကီး ဟာ လည္း ပရိသတ္အားေပးမႈ ရရွိခဲ့တဲ့ ဇာတ္ကားတစ္ကားျဖစ္ပါတယ္။

Credit: Duwun

Unicode Version

ပိုပိုက သူသိပ်ချစ်ရတဲ့ အဘွားအတွက် ရည်စူးပြီး အလှူအတန်းတွေ ပြုလုပ်နေတာပါ။ အဘွားကိုလည်း အရမ်းသတိရနေတယ်တဲ့။

ပိုပိုဟာ သူမရဲ့ ဘဝထဲက ထွက်ခွာသွားခဲ့တဲ့ အဘွားအတွက် ရည်စူးပြီး အလှူအတန်းတွေ ပြုလုပ်လျက်ရှိပါတယ်။ ပိုပိုရဲ့ အဘွားဆုံးတာ ဒီနေ့မှာဆိုရင် (၈)နှစ်တိတိပြည့်ခဲ့ပါပြီ။ အလှူအတန်းလုပ်တိုင်း အဘွားအတွက် အမျှပေးဝေတတ်သလို အဘွာအတွက် ရည်စူးပြီလည်း အမြဲတမ်းလိုလို အလှူတွေပြုလုပ်တတ်သူပါ။

“လွန်ခဲ့တဲ့ ၈ နှစ်က ဒီလိုအချိန်မှာ ဆုံးပါးသွားတဲ့ အဘွား ဒေါ်အုံးကြည်အတွက် ဘုန်းဘုန်းကြီးဆီ ဆွမ်းသွားကပ် ခဲ့တယ် အဘွား ကောင်းရာသုဂတိမှာ ပျော်စံနိုင်ပါစေ I miss U my Grandma” ဆိုပြီး ဇွန်လ(၁၂) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားခဲ့ပါတယ်။

ပိုပိုဟာ အဘွားကို အရမ်းချစ်တဲ့ မြေးမလေးတစ်ယောက်ဖြစ်ပါတယ်။ ပိုပိုရဲ့ အဘွားဟာ ပိုပို အသက်(၂၂)နှစ်ပြည့်ပြီး နောက်မှာ ဆုံးပါးသွားခဲ့တာပါ။ ပိုပိုဟာ သူမရဲ့ အဘွားအတွက် ရည်စူးပြီး ပဲခူးတိုင်းဘက်က ရွာလေးတစ်ရွာမှာ စေတီလေးတစ်ဆူ တည်ထားခဲ့တယ်လို့လည်း သိရပါတယ်။ ပိုပိုဟာ အလှူနဲ့ ပတ်သက်လာရင် လက်မနှေးတတ်သူ တစ်ဦးပါ။နေ့စဉ်သံဃာတော်များအတွက် ဆွမ်းဆပ်ကပ်လှူဒါန်း သလို မကြာခဏဆိုသလိုလည်း အလှူအတန်းတွေပြုလုပ်တက်သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဂီတလောကမှာ နေရာတစ်နေရာရရှိလာတဲ့ ပိုပိုဟာ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားသူဖြစ်ပါတယ်။

သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ သူမပါဝင်ထားတဲ့ ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားကြီး ဟာ လည်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Credit: Duwun

About the author

ilove

Leave a Comment