Shwe News

“လူကုိမေပါက္ခင္မွာ ေသခ်င္ေယာင္ေဆာင္ေနေလ့ရွိတဲ့ ဇြန္ဘီေျမြ အမ်ဳိးအစား”

ေျမြေတြဟာ အလြန္ေၾကာက္စရာေကာင္းျပီး အႏၱရာယ္မ်ားလြန္းတဲ့ သတၱဝါေတြပဲျဖစ္ပါတယ္ ။အခုဆိုရင္ ၾသစေတးသ်မွ ေျမြေတြဟာ သားေကာင္ကုိ ေထာင္ေျခာက္ဆင္ဖုိ႕အတြက္ ေသခ်င္ေယာင္ေဆာင္ျပီး ေစာင့္ေနတာမ်ိဳးေတြ ျပဳလုပ္လာတာကုိေတြ႕ရပါတယ္ ။အခုျပထားတဲ့ပံုကေတာ့ ေျမာက္ကာရိုလုိင္းနားမွ ဥယ်ာဥ္မွဴးတစ္ေယာက္ ရိုက္ကူးခဲ့တဲ့ ေသခ်င္ေယာင္ေဆာင္ျပီး သားေကာင္ကုိ ေစာင့္ဆုိင္းေနတဲ့ ပံုပဲျဖစ္ပါတယ္ ။ပန္းျခံတစ္ဝိုက္ ဒီပံုနဲ႕အတူ သတိေပးခ်က္ထုတ္ျပန္ထားျပီးေတာ့ ဒီလုိ ဇြန္ဘီေျမြေတြကုိ ေတြ႕ခဲ့ရင္လည္း အနားမကပ္ဖုိ႕ ေဒသခံျပည္သူေတြကုိ သတိေပးထားပါတယ္ ။

ပံုမွာျပထားတဲ့ေျမြကေတာ့ hognose ေျမြလုိ႕သိၾကတဲ့ Puff Adders ေျမြတစ္ေကာင္ျဖစ္ျပီး အနားေရာက္လာတဲ့သားေကာင္ကုိ အဆက္မျပတ္ေပါက္တတ္တဲ့ေျမြအမ်ိဳးအစားပဲျဖစ္ပါတယ္ ။ဒီေျမြမ်ိဳးစိတ္ေတြဟာ ေျမာက္အေမရိကတစ္ဝိုက္မွာ က်င္လည္က်က္စားတတ္ၾကတဲ့ ေျမြအမ်ိဳးအစားေတြျဖစ္ျပီး အေသေကာင္လုိ ဟန္ေဆာင္ႏုိင္ၾကတဲ့ ေျမြအမ်ိဳးအစားတစ္ခုလည္းျဖစ္ပါတယ္ ။သူတုိ႕ဟာ ငွက္နဲ႕ ေျမြကို စားေသာက္တဲ့ သတၱဝါေတြရန္မွ တိမ္းေရွာင္ႏုိင္ဖုိ႕အတြက္ ေသခ်င္ေယာင္ေဆာင္ျပီး အလစ္မွာထြက္ေျပးၾကတာပဲျဖစ္ပါတယ္။

ပံုမွာျပထားတဲ့ ပါးစပ္ဟျပီး ေသခ်င္ေယာင္ေဆာင္ေနတဲ့ေျမြမ်ိဳးစိတ္ေတြဟာ ပံုမွန္အားျဖင့္ေတာ့ အခြင့္အေရးရတာနဲ႕ထြက္ေျပးတတ္တဲ့ ေျမြအမ်ိဳးအစားေတြပဲျဖစ္ပါတယ္ ။ေျမာက္ကာရိုလုိင္းနားမွ တြားသြားသတၱဝါ ႏွင့္ကုန္းေနေရေနသတၱဝါ ေစာင့္ေရွာက္ေရးဌာနကေတာ့ ဒီေျမြေတြဟာ အဆိပ္မရွိတဲ့အတြက္ အႏၱရာယ္မရွိတဲ့ေျမြေတြျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္ ။ဒါေပမယ့္လည္း ေျမြေဟာက္တစ္ေကာင္လုိ ပါးပ်ဥ္းေထာင္ ႏွာမွဴတ္ျပီး ကိုက္တတ္ေလ့ရွိပါတယ္ ။

သူတို႕ကို သတၱဝါတစ္ေကာင္ေကာင္က တိုက္ခိုက္လာျပီဆုိရင္ ပါးစပ္ဟျပီး ပက္လက္လွန္ကာ ေသခ်င္ေယာင္ေဆာင္လုိက္ေလ့ရွိပါတယ္ ။ေသခ်င္ေယာင္ေဆာင္တတ္တဲ့အရည္အခ်င္းတစ္ခုထဲရွိတာမဟုတ္ပဲ ဖားျပဳတ္ေတြကုိ အနံ႕ခံျပီးလုိက္ဖုိ႕အတြက္ အနံ႕ခံအာရံုအရမ္းေကာင္းတဲ့ ႏွာေခါင္းတစ္စံုလည္းပါရွိပါေသးတယ္ ။ထုိ႕အျပင္ ပါးစပ္အတြင္းပိုင္းမွာရွိတဲ့ ခြ်န္ထက္ေနတဲ့သြားေတြကလည္း သားေကာင္ကုိျမိဳတဲ့အခါ အလြယ္တကူျမိဳလို႕ရေအာင္ လုပ္ေဆာင္ေပးပါတယ္ ။hognose ေျမြေတြဟာ ေႏြရာသီအတြင္းမွာ မ်ိဳးပြားေလ့ရွိၾကျပီး တစ္ၾကိမ္ဥခ်လ်င္ ဥေပါင္း ၅၀ ေလာက္ဥေလ့ရွိပါတယ္ ။ဥေပါက္ဖုိ႕အခ်ိန္ ၂ လတာၾကာျမင့္ျပီး ဥမွေပါက္ကာစအေကာင္ ႏွင့္ သက္ၾကီးေကာင္ဟာ ပံုသ႑ာန္တစ္ေထရာထဲနီးပါးဆင္တူပါတယ္ ။

Writer -Min Thu (Daily Hot News )

Unicode Version

မြွေတွေဟာ အလွန်ကြောက်စရာကောင်းပြီး အန္တရာယ်များလွန်းတဲ့ သတ္တဝါတွေပဲဖြစ်ပါတယ် ။အခုဆိုရင် သြစတေးသျမှ မြွေတွေဟာ သားကောင်ကို ထောင်ခြောက်ဆင်ဖို့အတွက် သေချင်ယောင်ဆောင်ပြီး စောင့်နေတာမျိုးတွေ ပြုလုပ်လာတာကိုတွေ့ရပါတယ် ။အခုပြထားတဲ့ပုံကတော့ မြောက်ကာရိုလိုင်းနားမှ ဥယျာဉ်မှူးတစ်ယောက် ရိုက်ကူးခဲ့တဲ့ သေချင်ယောင်ဆောင်ပြီး သားကောင်ကို စောင့်ဆိုင်းနေတဲ့ ပုံပဲဖြစ်ပါတယ် ။ပန်းခြံတစ်ဝိုက် ဒီပုံနဲ့အတူ သတိပေးချက်ထုတ်ပြန်ထားပြီးတော့ ဒီလို ဇွန်ဘီမြွေတွေကို တွေ့ခဲ့ရင်လည်း အနားမကပ်ဖို့ ဒေသခံပြည်သူတွေကို သတိပေးထားပါတယ် ။

ပုံမှာပြထားတဲ့မြွေကတော့ hognose မြွေလို့သိကြတဲ့ Puff Adders မြွေတစ်ကောင်ဖြစ်ပြီး အနားရောက်လာတဲ့သားကောင်ကို အဆက်မပြတ်ပေါက်တတ်တဲ့မြွေအမျိုးအစားပဲဖြစ်ပါတယ် ။ဒီမြွေမျိုးစိတ်တွေဟာ မြောက်အမေရိကတစ်ဝိုက်မှာ ကျင်လည်ကျက်စားတတ်ကြတဲ့ မြွေအမျိုးအစားတွေဖြစ်ပြီး အသေကောင်လို ဟန်ဆောင်နိုင်ကြတဲ့ မြွေအမျိုးအစားတစ်ခုလည်းဖြစ်ပါတယ် ။သူတို့ဟာ ငှက်နဲ့ မြွေကို စားသောက်တဲ့ သတ္တဝါတွေရန်မှ တိမ်းရှောင်နိုင်ဖို့အတွက် သေချင်ယောင်ဆောင်ပြီး အလစ်မှာထွက်ပြေးကြတာပဲဖြစ်ပါတယ်။

ပုံမှာပြထားတဲ့ ပါးစပ်ဟပြီး သေချင်ယောင်ဆောင်နေတဲ့မြွေမျိုးစိတ်တွေဟာ ပုံမှန်အားဖြင့်တော့ အခွင့်အရေးရတာနဲ့ထွက်ပြေးတတ်တဲ့ မြွေအမျိုးအစားတွေပဲဖြစ်ပါတယ် ။မြောက်ကာရိုလိုင်းနားမှ တွားသွားသတ္တဝါ နှင့်ကုန်းနေရေနေသတ္တဝါ စောင့်ရှောက်ရေးဌာနကတော့ ဒီမြွေတွေဟာ အဆိပ်မရှိတဲ့အတွက် အန္တရာယ်မရှိတဲ့မြွေတွေဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ် ။ဒါပေမယ့်လည်း မြွေဟောက်တစ်ကောင်လို ပါးပျဉ်းထောင် နှာမှူတ်ပြီး ကိုက်တတ်လေ့ရှိပါတယ် ။

သူတို့ကို သတ္တဝါတစ်ကောင်ကောင်က တိုက်ခိုက်လာပြီဆိုရင် ပါးစပ်ဟပြီး ပက်လက်လှန်ကာ သေချင်ယောင်ဆောင်လိုက်လေ့ရှိပါတယ် ။သေချင်ယောင်ဆောင်တတ်တဲ့အရည်အချင်းတစ်ခုထဲရှိတာမဟုတ်ပဲ ဖားပြုတ်တွေကို အနံ့ခံပြီးလိုက်ဖို့အတွက် အနံ့ခံအာရုံအရမ်းကောင်းတဲ့ နှာခေါင်းတစ်စုံလည်းပါရှိပါသေးတယ် ။ထို့အပြင် ပါးစပ်အတွင်းပိုင်းမှာရှိတဲ့ ချွန်ထက်နေတဲ့သွားတွေကလည်း သားကောင်ကိုမြိုတဲ့အခါ အလွယ်တကူမြိုလို့ရအောင် လုပ်ဆောင်ပေးပါတယ် ။hognose မြွေတွေဟာ နွေရာသီအတွင်းမှာ မျိုးပွားလေ့ရှိကြပြီး တစ်ကြိမ်ဥချလျင် ဥပေါင်း ၅၀ လောက်ဥလေ့ရှိပါတယ် ။ဥပေါက်ဖို့အချိန် ၂ လတာကြာမြင့်ပြီး ဥမှပေါက်ကာစအကောင် နှင့် သက်ကြီးကောင်ဟာ ပုံသဏ္ဍာန်တစ်ထေရာထဲနီးပါးဆင်တူပါတယ် ။

Writer -Min Thu (Daily Hot News )

About the author

ilove

Leave a Comment