Shwe News

Breaking News ! လက္ပစ္ဗုံးနဲ႔တူတဲ့ မီးျခစ္ေၾကာင့္ အင္းလ်ားကန္ေဘာင္မွာ ဗုံးလန႔္မႈျဖစ္ပြား

အင္းလ်ားကန္ေဘာင္မွာ လက္ပစ္ဗုံးလုိ႔ယူဆရတဲ့ အရာတစ္ခုေတြ႔တာေၾကာင့္ ဗုံးလန္႔မႈျဖစ္ပြားခဲ့ပါတယ္။

ဒီေန႔ ဇြန္လ ၁၂ ရက္ေန႔ ေန႔လည္ ၁ နာရီေလာက္က အမ်ားျပည္သူအပန္းေျဖေနရာတစ္ခုျဖစ္တဲ့ အင္းလ်ားကန္ေဘာင္ ျပည္လမ္းဖက္အျခမ္းမွာ လက္ပစ္ဗုံး ပုံသ႑ာန္ မီးျခစ္တစ္လုံးကုိ သန္႔ရွင္းေရးအဖြဲ႔ေတြ႔က ေတြ႔ရွိခဲ့တာပါ။

“စည္ပင္က သန္႔ရွင္းအဖြဲ႔ေတြက မုိင္းတစ္လုံးေတြ႔တယ္ဆုိျပီး လာအေၾကာင္းၾကားေတာ့ ကြ်န္ေတာ္တုိ႔လည္း လာရွာတာပါ။ ဒီေရာက္ေတာ့ အဲ့တာ တကယ္ ဗုံးမဟုတ္ပါဘူး။ ဗုံးပုံစံလုပ္ထားတဲ့ မီးျခစ္ပါ။ မီးျခစ္ကလည္း ဂတ္စ္မရွိေတာ့ပါဘူး။”လုိ႔ ကမာရြတ္ျမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴး ရဲမွဴးသိန္းဟန္ က Duwun ကုိေျပာပါတယ္။

အဲ့ဒီလုိ ဗုံးလန္႔မႈေၾကာင့္ ရဲတပ္ဖြဲ႔၀င္ေတြနဲ႔အတူ တပ္မေတာ္ မုိင္းရွင္းလင္းေရး တပ္ဖြဲ႔ေတြ မုိင္းရွာေခြးေတြနဲ႔ အင္းလ်ာကန္ေဘာင္အႏွံ႔ရွာေဖြေရးေတြျပဳလုပ္ခဲ့ၾကတယ္လုိ႔သိရပါတယ္။

Credit: Duwun

Unicode Version

အင်းလျားကန်ဘောင်မှာ လက်ပစ်ဗုံးလို့ယူဆရတဲ့ အရာတစ်ခုတွေ့တာကြောင့် ဗုံးလန့်မှုဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့ ဇွန်လ ၁၂ ရက်နေ့ နေ့လည် ၁ နာရီလောက်က အများပြည်သူအပန်းဖြေနေရာတစ်ခုဖြစ်တဲ့ အင်းလျားကန်ဘောင် ပြည်လမ်းဖက်အခြမ်းမှာ လက်ပစ်ဗုံး ပုံသဏ္ဍာန် မီးခြစ်တစ်လုံးကို သန့်ရှင်းရေးအဖွဲ့တွေ့က တွေ့ရှိခဲ့တာပါ။

“စည်ပင်က သန့်ရှင်းအဖွဲ့တွေက မိုင်းတစ်လုံးတွေ့တယ်ဆိုပြီး လာအကြောင်းကြားတော့ ကျွန်တော်တို့လည်း လာရှာတာပါ။ ဒီရောက်တော့ အဲ့တာ တကယ် ဗုံးမဟုတ်ပါဘူး။ ဗုံးပုံစံလုပ်ထားတဲ့ မီးခြစ်ပါ။ မီးခြစ်ကလည်း ဂတ်စ်မရှိတော့ပါဘူး။”လို့ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဟန် က Duwun ကိုပြောပါတယ်။

အဲ့ဒီလို ဗုံးလန့်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ တပ်မတော် မိုင်းရှင်းလင်းရေး တပ်ဖွဲ့တွေ မိုင်းရှာခွေးတွေနဲ့ အင်းလျာကန်ဘောင်အနှံ့ရှာဖွေရေးတွေပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။

Credit: Duwun

About the author

ilove

Leave a Comment