Shwe News
  • Unicode Version
လက်သည်းနီဆိုးပြီး ဆယ်နာရီ အကြာမှာ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
လက်သည်း ဆိုးဆေးတွေကို ခဏခဏ အသုံး မပြုသင့်ပါဘူး ။ ခဏခဏ အသုံးပြုတဲ့အခါ လက်သည်းက
ခြောက်သွေ့လာပြီး အဝါရောင် ပြောင်းသွားပါတယ် ။ လက်သည်း ဆိုးဆေးတွေက ကျန်းမာရေးအတွက် အလွန်အန္တရာယ် များပါတယ် ။
လက်သည်း ဆိုးဆေးတွေက ကျန်းမာရေးကို အလွန် ထိခိုက် စေနိုင်ပါတယ် ။ လက်သည်းဆိုးဆေးတွေမှာ အဆိပ်
အာနိသင်တွေ ပါဝင်ပါတယ် ။ လက်သည်းနဲ့ ပတ်သက်နဲ့ အလှအပ ပစ္စည်းတွေမှာ အောက်ပါ ပစ္စည်းတွေ ပါဝင်ပါတယ် ။ ဒီပစ္စည်းတွေက ကျန်းမာရေးကို ထိခိုက်စေပါတယ်။
Toluene – လက်သည်းကို ချောမွေ့သွားစေတဲ့ ရောင်ခြယ်ပစ္စည်း ဖြစ်ပါတယ် ။Toluene က ကျောရိုးမကြီးကို ထိခိုက်စေပြီး
မျိုးပွားမှုကို ကမောက်ကမ ဖြစ်စေမှာပါ ။ခေါင်းကိုက်ခြင်း ၊ အားနည်းခြင်း ၊ မူးခြင်း၊ မအီမသာ ဖြစ်ခြင်းတို့က လက်သည်း ဆိုးဆေးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပါပဲ ။
Formaldehyde – အရောင်မရှိတဲ့ အငွေ့ဖြစ်ပြီး လက်သည်းအရောင်ကို ကြာရှည် စွဲစေပါတယ် ။ ဓာတ်မတည့်သူ ဖြစ်ရင်
အရေပြားနီပြီး ရောင်အန်း နာကျင်တာ ဖြစ်တတ်ပါတယ် ။ပိုဆိုးလာရင် နှလုံးခုန် မမှန်ခြင်း ၊ တက်ခြင်း ၊ အကြောဆွဲခြင်းနဲ့ ကင်ဆာရောဂါတွေအထိ ဖြစ်နိုင်ပါတယ် ။
Dibutyl Phthulate – သူ့ကိုတော့ လက်သည်းဆိုးဆေးတွေမှာ ရနံ့အဖြစ် အသုံးပြုကြပါတယ် ။ Digital Phthulate က
ဟော်မုန်း ကမောက်ကမ ဖြစ်ခြင်း ၊ မျိုးပွား အင်္ဂါနဲ့ပတ်သက်တဲ့ရောဂါ ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေပါ ဖြစ်စေပါတယ် ။
သိပ္ပံ ပညာရှင်တွေက အမျိုးသမီး 24 ယောက်ကို စောင့်ကြည့် လေ့လာခဲ့ပါတယ် ။
လက်သည်းဆိုးဆေး ဆိုးပြီး 6 နာရီအကြာမှာ လက်သည်း ဆိုးဆေးမှာ ပါဝင်တဲ့ Diphenyl Phosphateက triphenyl phosphate
အဖြစ် ကူးပြောင်းသွားပါတယ် ။ 10 နာရီကြာပြီးမှာတော့ ခန္ဓာကိုယ်ထဲက Diphenyl phosphateက 7 ဆ မြင့်တက်သွားခဲ့ပါတယ် ။
ကျန်းမာရေးအတွက် အန္တရာယ် မဖြစ်စေတဲ့ လက်သည်းဆိုးဆေးကို ဘယ်လို ရွေးချယ်ကြမလဲ ။
တချို့ လက်သည်းဆိုးဆေးတွေရဲ့ ဘူးတွေ ၊ အခွံတွေပေါ်မှာ စာလေးတွေ ရေးထားတာရှိပါတယ် ။
5-free Formaldehyde ၊ foliage ၊ digital ၊ phthalate နဲ့ ပရုတ်မပါဝင်ကြောင်း ဖော်ပြထားတာပါ ။
3-free အန္တရာယ်ရှိတံ့ formalde dibutyl ၊ phthalate နဲ့ toluene မပါဝင်ဘူးလို့ ဖော်ပြထားတာပါ ။
ကျန်းမာရေးက ကိုယ့် လက်ထဲမှာတင် ရှိတာကြောင့် လက်သည်းဆိုးဆေး မဝယ်ခင်မှာ ပါဝင် ပစ္စည်းတွေကို သေချာ ဖတ်ကြည့်သင့်ပါတယ် ။
Zombie ( Love အတိုစလေးများ )
About the author
Crypoetess
Leave a Comment