Shwe News

၂မိနစ်​​တောင်​ မကြာလိုက်ဘူး… ရှိတာတွေ အကုန်ယူသွားကြတဲ့… မန်းလေးက ကုသိုလ်ဖြစ် အစားအစာ Box 😢😢(ရုပ်သံ)









  • Unicode Version

မရှိဆင်းရဲသူ နွမ်းပါးသူတွေ အတွက် ..ရည်ရွယ်ပြီး ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်ပေမယ့်…

ဒီလို အလေ့အထနဲ့ ရင်းနှီးကျွမ်းဝင်လေ့ မရှိတဲ့ မြန်မာနိုင်ငံမှာ ဒါကို အလှူလုပ်တယ်ထင်ပြီး ဝင်ယူသွားလိုက်ကြတာ.. ၂ မိနစ်တောင် မကြာလိုက်ပါဘူးခင်ဗျာ..

ယူလိုက်တဲ့သူတွေကိုလည်း အပြစ်လို့ မဆိုသာပါဘူး။

မြန်မာဓလေ့မှာ.. စတုဒီသာ..နိဗ္ဗာန်ဈေးဆိုတာ.. အယုတ်အလတ်အမြတ်မရွေး ပါဝင်နိုင်တဲ့ ဓလေ့မဟုတ်လား..

ဒါကို ရင်းနှီးကျွမ်းဝင်နေတော့.. ဒီလိုပဲ ထင်ပြီး ယူကြတာ ဖြစ်နိုင်ပါတယ်..

နောက်များဆို.. အစားအစာ BOX အလှူ… မရှိဆင်းရဲပြီး..နွမ်းပါးသူ.. အိမ်ယာမဲ့သူတွေအတွက်သာ ဖြစ်ပါသည်လို့..ရေးထားရင်တော့.

ရနိုင်ကောင်းမယ်ထင်ပါတယ်..။ မြန်မာလူမျိုးဆိုတာ ..နဂိုကတည်းက ငဲ့ညှာသနားတတ်တဲ့ စိတ်ရှိသူတွေ ပါ..။

  • ရုပ်သံဖိုင်ကြည့်ရန် နှိပ်ပါ..

About the author

Crypoetess

Leave a Comment