Shwe News

“ကေလးအသံဆူလို႔ ေရေႏြးပူနဲ႔ ေလာင္းပက္တဲ့ ကိုယ္ဝန္ေဆာင္မိခင္ (႐ုပ္သံ)”

စားေသာက္ဆိုင္ထဲမွာ ရင္ခြင္ပိုက္အရြယ္ ကေလးေလးတစ္ေယာက္ ဆူညံေအာင္ လုပ္ေနတာကို နားမခံနိုင္ေတာ့တဲ့ ကိုယ္ဝန္ေဆာင္သည္ အမ်ိဳးသမီးတစ္ဦးက ေရေႏြးပူကို ပန္းကန္လုံးထဲထည့္ကာ ကေလးရွိရာေနရာကို သြာၿပီး ေရးေႏြးပူနဲ႔ ပက္ခဲ့မွုတစ္ခု ဇြန္လ ၁၁ ရက္ေန႔က ျဖစ္ပြားခဲ့ပါတယ္။

တ႐ုတ္နိုင္ငံ ဟန္နန္ျပည္နယ္မွာရွိတဲ့ ရွန္းခ်န္ၿမိဳ႕က စားေသာက္ဆိုင္ တစ္ဆိုင္မွာ ျဖစ္ခဲ့တာပါ။ အသက္ ၂၈ ႏွစ္အရြယ္ ‘ရန္’ ဟုသာ သိရတဲ့အမ်ိဳးသမီးဟာ သူမကိုယ္တိုင္လည္း ၇ လ သား ကိုယ္ဝန္ လြယ္ထားရၿပီး စားေသာက္ဆိုင္မွာ စားေသာက္ေနစဥ္ အနီးနားစားပြဲရွိ မိသားစုမွ ၁၁ လသမီးေလးက ဇြန္းကိုကိုင္ၿပီး စားပြဲခုံကို ေခါက္ေနခဲ့တာေၾကာင့္ ဆူညံတဲ့အသံကို နားမခံနိုင္ေတာ့ပဲ ေဒါသတႀကီး တမင္ရည္ရြယ္ကာ ေရေႏြးပူနဲ႔ ပက္ခဲ့တာကို စီစီတီဗီ႐ုပ္သံမွာ ေတြ႕ခဲ့ရပါတယ္။

အျဖစ္ပ်က္မျဖစ္ပြားခင္က ‘ရန္’ ဟာ ဆူညံသံကို နားမခံနိုင္ေၾကာင္း ကေလးရဲ့မိခင္ျဖစ္သူကို သြားရန္ေတြ႕ခဲ့ပါတယ္။ အဲဒီေနာက္ သူ႔အမ်ိဳးသားက ဆိုင္ထဲက သြားၾကရေအာင္လို႔ ေျဖာင့္ဖ်ၿပီး ဆိုင္ထဲကေန ထြက္လာခဲ့ၿပီးျဖစ္ပါတယ္။
ဒါေပမယ့္ မေက်နပ္တဲ့စိတ္ကို ထိန္းမထားနိုင္ေတာ့တဲ့ ‘ရန္’ က ၁၀ မိနစ္ေလာက္အၾကာမွာ ဆိုင္ထဲကို ျပန္ဝင္လာၿပီး ေရေႏြးပူပူကို ပန္းကန္လုံးတစ္လုံးထဲ အျပည့္ျဖည့္ကာ ကေလးဆီ တည့္တည့္ေလၽွာက္သြားၿပီး ပက္လိုက္တာ ျဖစ္ပါတယ္။ အဲဒီေနာက္ ဆိုင္ထဲက ထြက္သြားခဲ့ပါတယ္။

ရုပ္သံၾကည့္ရန္

ဒီအျဖစ္ပ်က္ကို ျမင္လိုက္ရတဲ့ အျခားသူေတြက ဆိုင္ထဲကေန သူေနာက္ကို လိုက္ထြက္သြားၾကတာေတြ႕ရပါတယ္။ ခ်က္ျခင္းဆိုသလို ရဲကို ဖုန္းဆက္ တိုင္ၾကားခံလိုက္ရပါတယ္။ ကေလးကိုေတာ့ နီးစပ္ရာ ေဆး႐ုံကိုေခၚသြားၿပီး အပူေလာင္ဒဏ္ရာေတြ ေဆးကုေပးခဲ့ပါတယ္။ ဆရာဝန္ရဲ့အဆိုအရ ကေလးဟာ ႐ုတ္တရက္တိုက္ခိုက္ခံလိုက္ရတဲ့အတြက္ အႀကီးအက်ယ္ ေရွာ့ခ္ရေနၿပီး အစားအေသာက္ဆိုလည္း ဘာမွ မစားေတာ့ဘူးလို႔ ဆိုပါတယ္။

‘ရန္’ ကိုေတာ့ ရဲေတြက ဖမ္းဆီးခဲ့ၿပီး ၁၅ ရက္ ထိန္းသိမ္ခံရကာ တ႐ုတ္ယြမ္ေငြ ၅၀၀ (က်ပ္ တစ္သိန္းေက်ာ္) ဒဏ္ေငြရိုက္ခဲ့ပါတယ္။ သူမဟာ ကိုယ္ဝန္ ၇ လရွိ ျဖစ္ေနတဲ့အတြက္ေၾကာင့္ အခ်ဳပ္မက်ခဲ့ပါဘူး။ သူမအေနနဲ႔ ကေလးရဲ့ ေဆးကုသစရိတ္ကိုလည္း က်ခံရမွာျဖစ္ပါတယ္။
တ႐ုတ္နိုင္ငံရဲ့ ဥပေဒမွာ အမ်ိဳးသမီးေတြကို ကိုယ္ဝန္ႀကီးနဲ႔ သို႔မဟုတ္ မိခင္ေစာင့္ေရွာက္ရမယ့္အရြယ္ ကေလးရွိေနပါက အခ်ဳပ္ခ်၊ ေထာင္ခ်ျခင္းကို တားျမစ္ထားပါတယ္။

Credit: Popolay

Unicode Version

စားသောက်ဆိုင်ထဲမှာ ရင်ခွင်ပိုက်အရွယ် ကလေးလေးတစ်ယောက် ဆူညံအောင် လုပ်နေတာကို နားမခံနိုင်တော့တဲ့ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦးက ရေနွေးပူကို ပန်းကန်လုံးထဲထည့်ကာ ကလေးရှိရာနေရာကို သွာပြီး ရေးနွေးပူနဲ့ ပက်ခဲ့မှုတစ်ခု ဇွန်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

တရုတ်နိုင်ငံ ဟန်နန်ပြည်နယ်မှာရှိတဲ့ ရှန်းချန်မြို့က စားသောက်ဆိုင် တစ်ဆိုင်မှာ ဖြစ်ခဲ့တာပါ။ အသက် ၂၈ နှစ်အရွယ် ‘ရန်’ ဟုသာ သိရတဲ့အမျိုးသမီးဟာ သူမကိုယ်တိုင်လည်း ၇ လ သား ကိုယ်ဝန် လွယ်ထားရပြီး စားသောက်ဆိုင်မှာ စားသောက်နေစဉ် အနီးနားစားပွဲရှိ မိသားစုမှ ၁၁ လသမီးလေးက ဇွန်းကိုကိုင်ပြီး စားပွဲခုံကို ခေါက်နေခဲ့တာကြောင့် ဆူညံတဲ့အသံကို နားမခံနိုင်တော့ပဲ ဒေါသတကြီး တမင်ရည်ရွယ်ကာ ရေနွေးပူနဲ့ ပက်ခဲ့တာကို စီစီတီဗီရုပ်သံမှာ တွေ့ခဲ့ရပါတယ်။

အဖြစ်ပျက်မဖြစ်ပွားခင်က ‘ရန်’ ဟာ ဆူညံသံကို နားမခံနိုင်ကြောင်း ကလေးရဲ့မိခင်ဖြစ်သူကို သွားရန်တွေ့ခဲ့ပါတယ်။ အဲဒီနောက် သူ့အမျိုးသားက ဆိုင်ထဲက သွားကြရအောင်လို့ ဖြောင့်ဖျပြီး ဆိုင်ထဲကနေ ထွက်လာခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမယ့် မကျေနပ်တဲ့စိတ်ကို ထိန်းမထားနိုင်တော့တဲ့ ‘ရန်’ က ၁၀ မိနစ်လောက်အကြာမှာ ဆိုင်ထဲကို ပြန်ဝင်လာပြီး ရေနွေးပူပူကို ပန်းကန်လုံးတစ်လုံးထဲ အပြည့်ဖြည့်ကာ ကလေးဆီ တည့်တည့်လျှောက်သွားပြီး ပက်လိုက်တာ ဖြစ်ပါတယ်။ အဲဒီနောက် ဆိုင်ထဲက ထွက်သွားခဲ့ပါတယ်။

ရုပ်သံကြည့်ရန်

ဒီအဖြစ်ပျက်ကို မြင်လိုက်ရတဲ့ အခြားသူတွေက ဆိုင်ထဲကနေ သူနောက်ကို လိုက်ထွက်သွားကြတာတွေ့ရပါတယ်။ ချက်ခြင်းဆိုသလို ရဲကို ဖုန်းဆက် တိုင်ကြားခံလိုက်ရပါတယ်။ ကလေးကိုတော့ နီးစပ်ရာ ဆေးရုံကိုခေါ်သွားပြီး အပူလောင်ဒဏ်ရာတွေ ဆေးကုပေးခဲ့ပါတယ်။ ဆရာဝန်ရဲ့အဆိုအရ ကလေးဟာ ရုတ်တရက်တိုက်ခိုက်ခံလိုက်ရတဲ့အတွက် အကြီးအကျယ် ရှော့ခ်ရနေပြီး အစားအသောက်ဆိုလည်း ဘာမှ မစားတော့ဘူးလို့ ဆိုပါတယ်။

‘ရန်’ ကိုတော့ ရဲတွေက ဖမ်းဆီးခဲ့ပြီး ၁၅ ရက် ထိန်းသိမ်ခံရကာ တရုတ်ယွမ်ငွေ ၅၀၀ (ကျပ် တစ်သိန်းကျော်) ဒဏ်ငွေရိုက်ခဲ့ပါတယ်။ သူမဟာ ကိုယ်ဝန် ၇ လရှိ ဖြစ်နေတဲ့အတွက်ကြောင့် အချုပ်မကျခဲ့ပါဘူး။ သူမအနေနဲ့ ကလေးရဲ့ ဆေးကုသစရိတ်ကိုလည်း ကျခံရမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ဥပဒေမှာ အမျိုးသမီးတွေကို ကိုယ်ဝန်ကြီးနဲ့ သို့မဟုတ် မိခင်စောင့်ရှောက်ရမယ့်အရွယ် ကလေးရှိနေပါက အချုပ်ချ၊ ထောင်ချခြင်းကို တားမြစ်ထားပါတယ်။

Credit: Popolay

About the author

ilove

Leave a Comment