Shwe News

“သမီးေလးေတြနဲ႔တူေအာင္ ဆံပင္ပုံစံေျပာင္းလိုက္တဲ့ လင္းလင္း”

သမီးေလးေတြ ဆံပင္နဲ႕တူေအာင္ ညွပ္ထားၿပီး သမီးႏွစ္ေယာက္နဲ႕ ခ်စ္ဇနီးကို အံ့ၾသေအာင္ လုပ္ခဲ့တာပါ။ သမီးေလးေတြက အေဖနဲ႕တူလို႕ ေခ်ာတာလို႕လည္း ေျပာထားေသးတယ္ေနာ္။

လင္းလင္းရဲ႕ ဆံပင္စတိုင္လ္ေၾကာင့္ ခ်စ္ဇနီးေလးေရာ သမီးေလးေတြပါ အံ့အားသင့္ခဲ့ရပါတယ္။ လင္းလင္းက သမီးေလးေတြရဲ႕ ဆံပင္စတိုင္လ္နဲ႕တူေအာင္လို႕ သူ႕ရဲ႕ ဆံပင္စတိုင္လ္ကို ေျပာင္းလိုက္တာပါ။ ေကတူေမာင္ႏွစ္မသံုးေယာက္ဆိုၿပီး လင္းလင္းက သူ႕ရဲ႕ ေဖ့စ္ဘြတ္ေလးမွာ ပံုေလးေတြ တင္ရင္း ေျပာထားတာေတြ႕ရပါတယ္။

“သမီးေတြနဲ႔ပတ္သတ္ရင္ ကမၻာေပၚကအေဖေတြဟာအ႐ူး ငေပါေတြဆိုတာ သိပ္မွန္တာဘဲ။ေကတူ ေမာင္ႏွမသံုးေယာက္ ယခုပံုမ်ားႏွင့္ movie ဖိုင္အားၾကည့္ျခင္းအားျဖင့္ ေမေမထရီဇာရဲ႕ ပရိတ္သတ္မ်ားအေနနဲ႔ သမီးေတြဟာ အေဖနဲ႔တူလို႔ ေခ်ာေမာျခင္းအား ကန္႔ကြက္မဲမရွိ လက္ခံေပးၾကေစကုန္ေသာဝ္” ဆိုၿပီး လင္းလင္းက ဇြန္လ(၁၄) ရက္ေန႕က သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ တင္ထားတာေတြ႕ရပါတယ္။

သမီးေလးေတြနဲ႕ အတူ ရိုက္ထားတဲ့ ပံုေလးေတြ ၾကည့္ၿပီး ပရိသတ္ေတြကလည္း သမီးေလးေတြက လင္းလင္းနဲ႕ တူေၾကာင္း ေျပာထားပါေသးတယ္။သမီးေလးႏွစ္ေယာက္မွာ အေဖနဲ႕တူတဲ့ အခ်က္ေလးေတြရွိတယ္ဆိုၿပီး လင္းလင္းက ေျပာျပထားတာေတြ႕ရပါတယ္။ ေခတ္နဲ႕သစ္က ေက်ာင္းဆင္းခ်ိန္ဆိုရင္ လြယ္အိတ္နဲ႕ေရဗူးေတြကို တရြတ္တိုက္ ဆြဲၿပီးသြားတာေလးေတြက အေဖနဲ႕တူတယ္ဆိုပါတယ္။

လင္းလင္းဟာ ဂီတေလာကမွာ တစ္ကိုယ္ေတာ္ပြဲေတြနဲ႔ ေအာင္ျမင္မႈ ရရွိထားသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ လင္းလင္း ကေတာ့ အဆိုေတာ္ခ်စ္သုေဝရဲ႕ ခင္ပြန္း၊ ပရိသတ္ေတြရဲ႕ အခ်စ္ေတြအမ်ားႀကီး ကိုပိုင္ဆိုင္ ထားတဲ့ ေမျမန္မာေခတ္ နဲ႔ ေမျမန္မာ သစ္ တို႔ရဲ႕ ေဖေဖ ျဖစ္ပါတယ္။

အဆိုေတာ္ လင္းလင္းရဲ႕ (၅)ေခြေျမာက္ တစ္ကိုယ္ေတာ္အေခြကို မၾကာခင္ ပရိသတ္ေတြလက္ထဲ အ ေရာက္ပို႔ေပးႏိုင္ေတာ့မွာလို႕ သိရပါတယ္။ကိုယ္တိုင္ ဦးေဆာင္ၿပီး ဂီတအတြက္ အားစိုက္ထုတ္ထားတဲ့ လင္းလင္းရဲ႕ တစ္ကိုယ္ေတ္ာအေခြကို “ပထမ”လို႔ နာမည္ေပးထားတယ္လို႔ ဆိုပါတယ္။

Credit: Duwun

Unicode Version

သမီးလေးတွေ ဆံပင်နဲ့တူအောင် ညှပ်ထားပြီး သမီးနှစ်ယောက်နဲ့ ချစ်ဇနီးကို အံ့သြအောင် လုပ်ခဲ့တာပါ။ သမီးလေးတွေက အဖေနဲ့တူလို့ ချောတာလို့လည်း ပြောထားသေးတယ်နော်။

လင်းလင်းရဲ့ ဆံပင်စတိုင်လ်ကြောင့် ချစ်ဇနီးလေးရော သမီးလေးတွေပါ အံ့အားသင့်ခဲ့ရပါတယ်။ လင်းလင်းက သမီးလေးတွေရဲ့ ဆံပင်စတိုင်လ်နဲ့တူအောင်လို့ သူ့ရဲ့ ဆံပင်စတိုင်လ်ကို ပြောင်းလိုက်တာပါ။ ကေတူမောင်နှစ်မသုံးယောက်ဆိုပြီး လင်းလင်းက သူ့ရဲ့ ဖေ့စ်ဘွတ်လေးမှာ ပုံလေးတွေ တင်ရင်း ပြောထားတာတွေ့ရပါတယ်။

“သမီးတွေနဲ့ပတ်သတ်ရင် ကမ္ဘာပေါ်ကအဖေတွေဟာအရူး ငပေါတွေဆိုတာ သိပ်မှန်တာဘဲ။ကေတူ မောင်နှမသုံးယောက် ယခုပုံများနှင့် movie ဖိုင်အားကြည့်ခြင်းအားဖြင့် မေမေထရီဇာရဲ့ ပရိတ်သတ်များအနေနဲ့ သမီးတွေဟာ အဖေနဲ့တူလို့ ချောမောခြင်းအား ကန့်ကွက်မဲမရှိ လက်ခံပေးကြစေကုန်သောဝ်” ဆိုပြီး လင်းလင်းက ဇွန်လ(၁၄) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာတွေ့ရပါတယ်။

သမီးလေးတွေနဲ့ အတူ ရိုက်ထားတဲ့ ပုံလေးတွေ ကြည့်ပြီး ပရိသတ်တွေကလည်း သမီးလေးတွေက လင်းလင်းနဲ့ တူကြောင်း ပြောထားပါသေးတယ်။သမီးလေးနှစ်ယောက်မှာ အဖေနဲ့တူတဲ့ အချက်လေးတွေရှိတယ်ဆိုပြီး လင်းလင်းက ပြောပြထားတာတွေ့ရပါတယ်။ ခေတ်နဲ့သစ်က ကျောင်းဆင်းချိန်ဆိုရင် လွယ်အိတ်နဲ့ရေဗူးတွေကို တရွတ်တိုက် ဆွဲပြီးသွားတာလေးတွေက အဖေနဲ့တူတယ်ဆိုပါတယ်။

လင်းလင်းဟာ ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ လင်းလင်း ကတော့ အဆိုတော်ချစ်သုဝေရဲ့ ခင်ပွန်း၊ ပရိသတ်တွေရဲ့ အချစ်တွေအများကြီး ကိုပိုင်ဆိုင် ထားတဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာ သစ် တို့ရဲ့ ဖေဖေ ဖြစ်ပါတယ်။

အဆိုတော် လင်းလင်းရဲ့ (၅)ခွေမြောက် တစ်ကိုယ်တော်အခွေကို မကြာခင် ပရိသတ်တွေလက်ထဲ အ ရောက်ပို့ပေးနိုင်တော့မှာလို့ သိရပါတယ်။ကိုယ်တိုင် ဦးဆောင်ပြီး ဂီတအတွက် အားစိုက်ထုတ်ထားတဲ့ လင်းလင်းရဲ့ တစ်ကိုယ်တေ်ာအခွေကို “ပထမ”လို့ နာမည်ပေးထားတယ်လို့ ဆိုပါတယ်။

Credit: Duwun

About the author

ilove

Leave a Comment