Shwe News

“ဘယ်လိုပြသနာတွေပဲဖြစ်ဖြစ် အမတို့လင်​မယားကပိုနွေးထွေးကြပါတယ်ဆိုတဲ့ ပိုင်ဇေရဲထွန်းရဲ့ ဇနီး ဇင်သဲနိုင်”




Credit-စွယ်စုံ

Unicode Version

ပရိသတ်ကြီးရေ ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံကတော့ ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ စုံတွဲတစ်တွဲ ဖြစ်ခဲ့ပါတယ်။ မနေ့ညကစလို့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံဟာ ပရိသတ်တွေရဲ့ ဝေဖန်မှုကိုခံနေရတာပဲဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်း ရဲ့ ဖခင် ဦးရဲထွန်းတင်လိုက်တဲ့ post ကြောင့် ပရိသတ်တွေက သိရှိလာပြီး ဝေဖန်ခံရတာပဲဖြစ်ပါတယ်။

ပိုင်ဇေရဲထွန်းရဲ့ ဇနီးဖြစ်သူ ဇင်သဲနိုင်က “ဇင်သဲနိုင်က “လုပ်မယ်ဆို တခါထဲလုပ်နော်အဆုံးထိလုပ် လုပ်ဖြစ်အောင်လုပ် ဘာမှမမျှော်လင့်ပါနဲ့တော့လို့ လစဉ်စားစရိတ်လည်းဖုန်းဆက်ဆက်မတောင်းပါနဲ့လို့ ခွဲပေးထားတဲ့မျက်စိတစ်စုံစီနဲ့ ဖုန်းကြည်ကြည်လင်လင်လေးကြည့်ပီး သားသမီးအနာဂတ်လေးရိုက်ချိုးလိုက်ပါဦး သူများလို စိတ်ဓါတ်တွေကျပီး အနာဂတ်ပျောက်သွားမှာမဟုတ်ပါဘူးလို့ ကိုယ့်ကိုမနာလိုတဲ့သူတွေ ဒီလောက်များမှန်း သိလိုက်ရတာ ကျေးဇူးနော်” ဆိုပြီး တင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုက ပိုမိုမြင့်တက်လာခဲ့ပါတယ်။

ဝေဖန်နေတဲ့သူတွေကို ပိုင်ဇေရဲထွန်း ဇနီး ဇင်သဲနိုင်က “ညီမရေ ဘာတွေဖြစ်ဖြစ်အမတို့လင်မယားပိုနွေးထွေးကြပါတယ် အိမ်တွင်းရေးမှာအကြောင်းအရာမျိုးစုံရှိတာမို့အမ ပြောမပြချင်ဘူး” ဆိုပြီးပြောထားတာပဲဖြစ်ပါတယ်။ ယောက္ခမကတော့ အသက် ၇၀ ကျော်မှ တရားရုံးမှာ အမှုရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။

Credit-စွယ်စုံ

About the author

ilove

Leave a Comment