Shwe News

“တစ္ခ်ိန္သူမအသက္ကို ကယ္တင္ခဲ့တဲ့ အမည္မသိေသြးအလႉရွင္က လက္ရွိမွာသူမရဲ႕ ရည္းစားျဖစ္မွန္းသိခဲ့ရ”

ဖူးစားကံကပဲ ဆန္းၾကယ္တာလား၊ အရမ္းကို တိုက္ဆိုင္လြန္းတာလား မသိေအာင္ ျဖစ္ပ်က္ခဲ့တဲ့ တိုက္တိုက္ဆိုင္ဆိုင္ အျဖစ္အပ်က္ေတြ ကမာၻေပၚမွာ မ်ားစြာရွိေနပါတယ္။ ယခုလည္း လြန္ခဲ့တဲ့ ၁၁ႏွစ္ေက်ာ္ခန္႔က ေသေဘးကေန ကယ္တင္ေပးခဲ့တဲ့ အမည္မသိသူတစ္ဦးက လက္ရွိမွာ တိုက္တိုက္ဆိုင္ဆိုင္ ထိုသူရဲ႕ ရည္းစားျဖစ္မွန္းသိခဲ့ရပါတယ္။ ထိုင္ဝမ္က Lin Xiaofen ဆိုတဲ့ အမ်ိဳးသမီးတစ္ဦးဟာ လြန္ခဲ့တဲ့ ၁၁ ႏွစ္ေက်ာ္ခန္႔က ကား အက္စီးဒန္႔ တစ္ခုေၾကာင့္ အသည္းအသန္ ေသြးသြင္းဖို႔ လိုအပ္ခဲ့ပါတယ္။

ထိုအခ်ိန္မွာပဲ အမည္မသိသူတစ္ဦးက သူအမအတြက္ ေသြးလႉဒါန္းေပးခဲ့တာေၾကာင့္ ေသေဘးမွ သီသီေလး လြတ္ခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္တုန္းက သူမရဲ႕ အေျခအေနက တကယ့္ကို စိုးရိမ္ေနရတဲ့ အေျခအေနတစ္ခုပါ။ ဒါေပမဲ့ အဲ့ဒီအခ်ိန္က သူမကို ေသြးလႉဒါန္းသြားတဲ့သူကိုေတာ့ ဘယ္သူဘယ္ဝါမွန္း မသိခဲ့လိုက္ရပါဘူး။ အဲ့ဒီေနာက္ သူမရဲ႕ ဇာတိၿမိဳ႕ျဖစ္တဲ့ ထိုင္ဝမ္အေနာက္ေျမာက္ဘက္ရွိ Hsinchu ကိုျပန္လာခဲ့ၿပီး Lian Zhicheng ဆိုတဲ့ အမ်ိဳးသားနဲ႔ ခ်စ္ႀကိဳက္ခဲ့ပါတယ္။

သူမတို႔ရဲ႕ ခ်စ္သူသက္တမ္း ၂ႏွစ္ၾကာတဲ့ အခါမွာေတာ့ သူမရဲ႕ အဆိုးဝါးဆုံး အျဖစ္အပ်က္တစ္ခုကို ေျပာျပရင္ ေသြးလႉဒါန္းတဲ့ ကိစၥကိုပါ ေျပာဆိုခဲ့ပါတယ္။ အဲ့ဒီအခ်ိန္က သူမအသက္ကို ကယ္တင္တဲ့သူကို မသိလိုက္ရသလို ေက်းဇူးတင္စကားေတာင္ မေျပာလိုက္ရဘူးလို႔ဆိုပါတယ္။ အဲ့ဒီအခ်ိန္မွာ သူမရဲ႕ အျဖစ္အပ်က္နဲ႔ ဆက္စပ္ၿပီး သူမရည္းစားက သူလည္း အဲ့ဒီအခ်ိန္တုန္းက ေသြးလႉခဲ့ဖူးတယ္ဆိုတဲ့ အေၾကာင္းကို ေျပာျပလာခဲ့ပါတယ္။

တစ္ေယာက္နဲ႔ တစ္ေယာက္က စိတ္ခ်င္းဆက္ႏြယ္ေနတယ္လို႔ ခံစားရတယ္ အဲ့ဒါေၾကာင့္ အဲ့ဒီအခ်ိန္က ေသြးလႉခဲ့တာ သူ မျဖစ္ႏိုင္ဘူးလားလို႔ ေမးခဲ့ပါတယ္။ အဲ့ဒီေနာက္ ဒီအေၾကာင္းကို ၂ေယာက္သား စိတ္ဝင္စားလာကာ ယခင္က ေသြးလႉခဲ့တဲ့ ဘဏ္ကို သြားေရာက္ၿပီး ေသြးလႉခဲ့ တဲ့စာရင္းကို ရွာေဖြခဲ့ၾကပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ တိုက္ဆိုင္စြာပဲ သူမ လက္ရွိရည္စားရဲ႕ မွတ္ပုံတင္နံပါတ္နဲ႔အတူ အမည္စာရင္းကိုပါ ေတြ႕ခဲ့ရပါတယ္။

ဒါ့ေၾကာင့္ သင့္လည္း သင့္အနာဂတ္ရဲ႕ ဇနီးေလာင္းကို ကယ္တင္ႏိုင္ဖို႔ ေသြးလႉဒါန္းေပးပါ။ ဒါက တကယ့္ကို မြန္ျမတ္တဲ့ လုပ္ရပ္တစ္ခုပဲျဖစ္ပါတယ္။

Ref-extra.ie

Lifestyle_Myanmar ( Thar_Nage )

Unicode Version

ဖူးစားကံကပဲ ဆန်းကြယ်တာလား၊ အရမ်းကို တိုက်ဆိုင်လွန်းတာလား မသိအောင် ဖြစ်ပျက်ခဲ့တဲ့ တိုက်တိုက်ဆိုင်ဆိုင် အဖြစ်အပျက်တွေ ကမ္ဘာပေါ်မှာ များစွာရှိနေပါတယ်။ ယခုလည်း လွန်ခဲ့တဲ့ ၁၁နှစ်ကျော်ခန့်က သေဘေးကနေ ကယ်တင်ပေးခဲ့တဲ့ အမည်မသိသူတစ်ဦးက လက်ရှိမှာ တိုက်တိုက်ဆိုင်ဆိုင် ထိုသူရဲ့ ရည်းစားဖြစ်မှန်းသိခဲ့ရပါတယ်။ ထိုင်ဝမ်က Lin Xiaofen ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ လွန်ခဲ့တဲ့ ၁၁ နှစ်ကျော်ခန့်က ကား အက်စီးဒန့် တစ်ခုကြောင့် အသည်းအသန် သွေးသွင်းဖို့ လိုအပ်ခဲ့ပါတယ်။

ထိုအချိန်မှာပဲ အမည်မသိသူတစ်ဦးက သူအမအတွက် သွေးလှူဒါန်းပေးခဲ့တာကြောင့် သေဘေးမှ သီသီလေး လွတ်ခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက သူမရဲ့ အခြေအနေက တကယ့်ကို စိုးရိမ်နေရတဲ့ အခြေအနေတစ်ခုပါ။ ဒါပေမဲ့ အဲ့ဒီအချိန်က သူမကို သွေးလှူဒါန်းသွားတဲ့သူကိုတော့ ဘယ်သူဘယ်ဝါမှန်း မသိခဲ့လိုက်ရပါဘူး။ အဲ့ဒီနောက် သူမရဲ့ ဇာတိမြို့ဖြစ်တဲ့ ထိုင်ဝမ်အနောက်မြောက်ဘက်ရှိ Hsinchu ကိုပြန်လာခဲ့ပြီး Lian Zhicheng ဆိုတဲ့ အမျိုးသားနဲ့ ချစ်ကြိုက်ခဲ့ပါတယ်။

သူမတို့ရဲ့ ချစ်သူသက်တမ်း ၂နှစ်ကြာတဲ့ အခါမှာတော့ သူမရဲ့ အဆိုးဝါးဆုံး အဖြစ်အပျက်တစ်ခုကို ပြောပြရင် သွေးလှူဒါန်းတဲ့ ကိစ္စကိုပါ ပြောဆိုခဲ့ပါတယ်။ အဲ့ဒီအချိန်က သူမအသက်ကို ကယ်တင်တဲ့သူကို မသိလိုက်ရသလို ကျေးဇူးတင်စကားတောင် မပြောလိုက်ရဘူးလို့ဆိုပါတယ်။ အဲ့ဒီအချိန်မှာ သူမရဲ့ အဖြစ်အပျက်နဲ့ ဆက်စပ်ပြီး သူမရည်းစားက သူလည်း အဲ့ဒီအချိန်တုန်းက သွေးလှူခဲ့ဖူးတယ်ဆိုတဲ့ အကြောင်းကို ပြောပြလာခဲ့ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက်က စိတ်ချင်းဆက်နွယ်နေတယ်လို့ ခံစားရတယ် အဲ့ဒါကြောင့် အဲ့ဒီအချိန်က သွေးလှူခဲ့တာ သူ မဖြစ်နိုင်ဘူးလားလို့ မေးခဲ့ပါတယ်။ အဲ့ဒီနောက် ဒီအကြောင်းကို ၂ယောက်သား စိတ်ဝင်စားလာကာ ယခင်က သွေးလှူခဲ့တဲ့ ဘဏ်ကို သွားရောက်ပြီး သွေးလှူခဲ့ တဲ့စာရင်းကို ရှာဖွေခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာတော့ တိုက်ဆိုင်စွာပဲ သူမ လက်ရှိရည်စားရဲ့ မှတ်ပုံတင်နံပါတ်နဲ့အတူ အမည်စာရင်းကိုပါ တွေ့ခဲ့ရပါတယ်။

ဒါ့ကြောင့် သင့်လည်း သင့်အနာဂတ်ရဲ့ ဇနီးလောင်းကို ကယ်တင်နိုင်ဖို့ သွေးလှူဒါန်းပေးပါ။ ဒါက တကယ့်ကို မွန်မြတ်တဲ့ လုပ်ရပ်တစ်ခုပဲဖြစ်ပါတယ်။

Ref-extra.ie

Lifestyle_Myanmar ( Thar_Nage )

About the author

ilove

Leave a Comment