Shwe News
“ဦးကျော်သူရဲ့ သူ့ဘဝနဲ့ ရင်းပြီးပေးလိုက်တဲ့ သင်ခန်းစာ စကားများ”
(ကျော်သူ)
Unicode Version
( Admin ၏ဝန်ခံချက်။ ဦးကျော်သူ၏ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်တွင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန် ဆေးလိပ်သောက်သူများအတွက် ဆင်ခြင်နိုင်ရန်အတွက် ပြန်လည်တင်ပေးခြင်းဖြစ်ပါသည်။ )
စီးကရက်ကြောင့် ဆေးရုံတက် ခဲ့ရတဲ့ ဦးကျော်သူ ရဲ့ စကား များ…
စီးကရက်၏အလှတန်ဆာဆင်ခြင်း။ ။ ယနေ့နှလုံးခွဲစိတ်မှုအမာရွတ်များအားသူနာပြုဆရာမကဆေးကြောသန့်စင်ပေးစဉ်ဇနီးဖြစ်သူရွှေဇီးကွက်မှအမှတ်တရရိုက်ပေးတဲ့ပုံတွေကိုမြင်မိကာကယ်မီကယ်ဓါတုပစ္စည်းများဖြင့်စီမံထုတ်လုပ်ထားသည့်စီးကရက်၏ ဆိုးကျိုးပြစ်ဒဏ်ကိုခံစားမိတော့သည်။
နံရိုးများကိုဖြတ်တောက် နှလုံးသားတွေကို အပြင်ထုတ် ခြေသလုံးနဲ့လက်ဖျံကိုလှီးပြီးသွေးကြောများကိုထုတ် နှလုံးသားမှာသွေးကြောများအစားထိုးတပ်ဆင်ခဲ့ရသည့်ဒဏ်ရာဒဏ်ချက်များကမြင်မကောင်းတော့ပေ။တစ်ကိုယ်လုံးချုပ်ရာပေါင်း(၆၀)ကျော်ခန့်နှင့်စီးကရက်၏အလှတန်ဆာဆင်ခြင်းကိုခံခဲ့ရပြီ။
ထို့ကြောင့် အစ်ကိုကြီးတို့ ညီငယ်တို့ သားငယ်တို့ စီးကရက်ကိုမသောက်ကြဖို့တိုက်တွန်းလိုက်ပါတော့သည်။
(ကျော်သူ)
About the author
ilove
Leave a Comment