Shwe News

မိုးတြင္းမွာ… ေခ်ာင္းကိုျဖတ္ၿပီး… ကေလးေတြကို …ခက္ခက္ခဲခဲ… ေက်ာင္းပို႔ေပးခဲ့တဲ့ မိဘ(႐ုပ္သံ)

အ ခု ဆိုရင္ ျမန္မာနိုင္ငံ မွာ လည္း မိုတြင္း ကေလးေတြေက်ာင္းဖြင့္တဲ့ ရာသီျဖစ္သလို အာရွအိမ္နီးခ်င္းနိုင္ငံတစ္ခုျဖစ္တဲ့ ဗီယက္နမ္နိုင္ငံမွာလည္း မိုးရာသီ၊ ကေလးေတြ ေက်ာင္းစတက္ေနရတဲ့အခ်ိန္ျဖစ္ပါတယ္။

ဗီ ယက္ နမ္နိုင္ငံရဲ့ အစြန္အဖ်ားရြာေလးတစ္ရြာျဖစ္တဲ့ ‘ဟြိဳင္ဟာ’ ရြာေလးမွာ အခုလိုအခ်ိန္ဆိုရင္ ေခ်ာင္းေရလၽွံၿပီး ေရစီးသန္ပါတယ္။ ဒါ့အျပင္ ေခ်ာင္းေရေတြကလည္း ရြံေရေတြမို႔ နစ္သြားခဲ့ရင္ ကေလးေတြအတြက္ သိပ္မလြယ္ပါဘူး။
စာသင္ေက်ာင္းက ေခ်ာင္းရဲ့တစ္ဖက္ကမ္း ေနာက္ထပ္ ၁၅ ကီလိုမီတာေလာက္မွာရွိတာမို႔ ရြာက ကေလးေတြ ေက်ာင္းသြားတဲ့အခါ ေခ်ာင္းကို ျဖတ္ၿပီးမွ သြားရပါတယ္။

မိုးတြင္းမဟုတ္တဲ့ အျခားအခ်ိန္ေတြမွာေတာ့ ေခ်ာင္းေပၚကို ျဖတ္ၿပီး ထိုးထားတဲ့ ယာယီတံတားေလးေတြကေန ဒါမွမဟုတ္ ေခ်ာင္းထဲကေန ျဖတ္သြားလို႔ ေဘးအႏၲရာယ္ကင္းေပးမယ့္ အခုအခ်ိန္ကေတာ့ ေရစီးသန္တဲ့အတြက္ အႏၲရာယ္ရွိပါတယ္။


ဒီအတြက္ ကေလးေတြကို ေခ်ာင္းရဲ့ တစ္ဖက္ကမ္းကို ေဘးကင္းေအာင္ ပို႔ေပးနိုင္တဲ့ အမ်ိဳးသားတစ္ဦးကို ေက်ာင္းသာမိဘေတြစုၿပီး ငွားလိုက္ပါတယ္။ သူက ကေလးေတြကို ေလလုံတဲ့ နိုင္လြန္ပလပ္စတစ္အိတ္ႀကီးထဲထည့္ၿပီး ဟိုဘက္ဒီဘက္ မီတာ ၂၀ ေလာက္ က်ယ္တဲ့ ေခ်ာင္းကို ျဖတ္ကူးၿပီး တစ္ေယာက္ျခင္းစီကို ပို႔ေပးပါတယ္။

မိဘေတြက ကိုယ့္သားသမီးေလးေတြ တစ္ဖက္ကမ္းကို မေရာက္မျခင္း စိုးတထိတ္ထိတ္နဲ႔ ေစာင့္ၾကည့္ေနၾကရပါတယ္။ ကေလးေတြ တစ္ဖက္ကမ္းကို ေရာက္သြားတဲ့အခါ ေက်ာင္းကို ေရာက္ဖို႔ ေနာက္ထပ္ ၁၅ ကီလိုမီတာေလာက္ လမ္းေလၽွာက္ၾကရပါေသးတယ္။

ဒီလိုမ်ိဳး ပလတ္စတစ္အိတ္ႀကီးထဲ ကေလးေတြကို ထည့္ကာ ေခ်ာင္းကို ျဖတ္ကူးေနတဲ့ ပုံေတြ အင္တာနက္မွာ ပ်ံ႕ခဲ့ၿပီးေနာက္ အခုလို အခက္အခဲေတြၾကားထဲကေန ကေလးေတြရဲ့ ပညာေရးအတြက္ ႀကိဳးစားတီထြင္ခဲ့ၾကတဲ့ မိဘေတြကို အားလုံးက ဝိုင္းၿပီး ခ်ီးမြမ္းေနၾကပါတယ္။ တစ္ကယ္ေတာ့ ဒီနည္းလမ္းကို သူတို႔သုံးခဲ့ၾကတာ ၾကာၿပီျဖစ္ပါတယ္။

ျမန္ မာနိုင္ငံမွာလဲ အခုလို အျဖစ္အပ်က္နဲ႔ တိုက္ဆိုင္တဲ့ ေဒသေတြ ရွိေနမယ္ဆိုရင္ ဒီနည္းလမ္းေလးနဲ႔ ေျဖရွင္းနိုင္ပါေၾကာင္း သတင္းေကာင္းပါးလိုက္ပါတယ္။

Credit – popolay

  • ရုပ္သံဖိုင္အား ၾကည့္ရန္ နွိပ္ပါ

  • Unicode Version

အ ခု ဆိုရင် မြန်မာနိုင်ငံ မှာ လည်း မိုတွင်း ကလေးတွေကျောင်းဖွင့်တဲ့ ရာသီဖြစ်သလို အာရှအိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ ဗီယက်နမ်နိုင်ငံမှာလည်း မိုးရာသီ၊ ကလေးတွေ ကျောင်းစတက်နေရတဲ့အချိန်ဖြစ်ပါတယ်။

ဗီ ယက် နမ်နိုင်ငံရဲ့ အစွန်အဖျားရွာလေးတစ်ရွာဖြစ်တဲ့ ‘ဟွိုင်ဟာ’ ရွာလေးမှာ အခုလိုအချိန်ဆိုရင် ချောင်းရေလျှံပြီး ရေစီးသန်ပါတယ်။ ဒါ့အပြင် ချောင်းရေတွေကလည်း ရွံရေတွေမို့ နစ်သွားခဲ့ရင် ကလေးတွေအတွက် သိပ်မလွယ်ပါဘူး။
စာသင်ကျောင်းက ချောင်းရဲ့တစ်ဖက်ကမ်း နောက်ထပ် ၁၅ ကီလိုမီတာလောက်မှာရှိတာမို့ ရွာက ကလေးတွေ ကျောင်းသွားတဲ့အခါ ချောင်းကို ဖြတ်ပြီးမှ သွားရပါတယ်။

မိုးတွင်းမဟုတ်တဲ့ အခြားအချိန်တွေမှာတော့ ချောင်းပေါ်ကို ဖြတ်ပြီး ထိုးထားတဲ့ ယာယီတံတားလေးတွေကနေ ဒါမှမဟုတ် ချောင်းထဲကနေ ဖြတ်သွားလို့ ဘေးအန္တရာယ်ကင်းပေးမယ့် အခုအချိန်ကတော့ ရေစီးသန်တဲ့အတွက် အန္တရာယ်ရှိပါတယ်။


ဒီအတွက် ကလေးတွေကို ချောင်းရဲ့ တစ်ဖက်ကမ်းကို ဘေးကင်းအောင် ပို့ပေးနိုင်တဲ့ အမျိုးသားတစ်ဦးကို ကျောင်းသာမိဘတွေစုပြီး ငှားလိုက်ပါတယ်။ သူက ကလေးတွေကို လေလုံတဲ့ နိုင်လွန်ပလပ်စတစ်အိတ်ကြီးထဲထည့်ပြီး ဟိုဘက်ဒီဘက် မီတာ ၂၀ လောက် ကျယ်တဲ့ ချောင်းကို ဖြတ်ကူးပြီး တစ်ယောက်ခြင်းစီကို ပို့ပေးပါတယ်။

မိဘတွေက ကိုယ့်သားသမီးလေးတွေ တစ်ဖက်ကမ်းကို မရောက်မခြင်း စိုးတထိတ်ထိတ်နဲ့ စောင့်ကြည့်နေကြရပါတယ်။ ကလေးတွေ တစ်ဖက်ကမ်းကို ရောက်သွားတဲ့အခါ ကျောင်းကို ရောက်ဖို့ နောက်ထပ် ၁၅ ကီလိုမီတာလောက် လမ်းလျှောက်ကြရပါသေးတယ်။

ဒီလိုမျိုး ပလတ်စတစ်အိတ်ကြီးထဲ ကလေးတွေကို ထည့်ကာ ချောင်းကို ဖြတ်ကူးနေတဲ့ ပုံတွေ အင်တာနက်မှာ ပျံ့ခဲ့ပြီးနောက် အခုလို အခက်အခဲတွေကြားထဲကနေ ကလေးတွေရဲ့ ပညာရေးအတွက် ကြိုးစားတီထွင်ခဲ့ကြတဲ့ မိဘတွေကို အားလုံးက ဝိုင်းပြီး ချီးမွမ်းနေကြပါတယ်။ တစ်ကယ်တော့ ဒီနည်းလမ်းကို သူတို့သုံးခဲ့ကြတာ ကြာပြီဖြစ်ပါတယ်။

မြန် မာနိုင်ငံမှာလဲ အခုလို အဖြစ်အပျက်နဲ့ တိုက်ဆိုင်တဲ့ ဒေသတွေ ရှိနေမယ်ဆိုရင် ဒီနည်းလမ်းလေးနဲ့ ဖြေရှင်းနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

Credit – popolay

  • ရုပ်သံဖိုင်အား ကြည့်ရန် နှိပ်ပါ

About the author

Crypoetess

Leave a Comment